အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဇာခရိ 1:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။ Garrad Bible ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ နှစ် ပေါင်း ခု နစ် ဆယ် ပတ် လုံး၊ အ မျက် တော် ဒဏ် ခံ ရ သော၊ ယေ ရု ရှ လင် မြို့ နှင့် ယု ဒ ပြည် ရှိ မြို့ ရွာ များ ပေါ်၌၊ က ရု ဏာ သက် တော် မ မူ ဘဲ နေ သည် မှာ၊ မည် မျှ ကြာ ဦး မည် နည်း ဟု တောင်း လျှောက် သ ဖြင့်၊ Judson Bible တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက်သော်၊ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ဤသည်ကား ကိုယ်တော်၏ဒေါသ၊ ကိုယ်တော်၏အမျက်တော်ကြောင့် ဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကိုချီးမြှောက်ပြီးမှ ပစ်ချတော်မူ၏။
ကိုယ်တော်သည် ထ၍ ဇိအုန်ကို သနားစုံမက်တော်မူလိမ့်မည်။ အကြောင်းမူကား ဇိအုန်ကိုသနားရမည့်အချိန်ဖြစ်၏။ သတ်မှတ်ထားသောအချိန်သည်လည်း ရောက်လာပြီဖြစ်၏။
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်၏မိုက်မဲမှုကို သိတော်မူ၏။ အကျွန်ုပ်၏အပြစ်များကို ကိုယ်တော့်ရှေ့မှဖုံးကွယ်ထား၍မရပါ။
အို ဘုရားသခင်၊ ရန်ဖက်ပြုသောသူသည် မည်မျှကြာအောင် ကဲ့ရဲ့ပြစ်တင်လျက်နေလိမ့်မည်နည်း။ ရန်သူသည် ကိုယ်တော်၏နာမတော်ကို အစဉ်မထီလေးစားပြုမည်လော။
အို ထာဝရဘုရား၊ မည်သည့်အချိန်အထိနည်း။ ကိုယ်တော်သည် အစဉ် အမျက်ထွက်တော်မူမည်လော။ ကိုယ်တော်၏သဝန်တိုခြင်းသည် မီးကဲ့သို့ တောက်လောင်လျက်နေမည်လော။
သတ်ရသောအချိန်နှင့် ကျန်းမာစေရသောအချိန်ရှိ၏။ ဖြိုဖျက်ရသောအချိန်နှင့် တည်ဆောက်ရသောအချိန်ရှိ၏။
ငါ၏လူမျိုးတော်ကို ငါအမျက်ထွက်၏။ ငါ၏အမွေခံကို ငါရှုတ်ချ၍ သူတို့ကို သင့်လက်သို့ငါအပ်လိုက်၏။ သို့သော် သင်သည် သူတို့ကို သနားစုံမက်ခြင်းမရှိ။ အသက်ကြီးသူတို့ကိုပင် အလွန်လေးလံသောထမ်းပိုးကို ထမ်းစေ၏။
သူတို့ခံရသမျှသောဆင်းရဲဒုက္ခကို ကိုယ်တော်လည်း ခံတော်မူခဲ့၏။ မျက်မှောက်တော်ရှိ ကောင်းကင်တမန်သည် သူတို့ကို ကယ်တင်ခဲ့၏။ ကိုယ်တော်သည် မေတ္တာကရုဏာတော်ဖြင့် သူတို့ကို ရွေးနုတ်တော်မူခဲ့၏။ ရှေးကာလပတ်လုံး သူတို့ကိုချီဆောင်တော်မူခဲ့၏။
တိုင်းပြည်သည် မည်သည့်အချိန်ထိ ငိုကြွေးမြည်တမ်းရမည်နည်း။ ကွင်းပြင်ရှိမြက်တို့သည် မည်သည့်အချိန်ထိ ခြောက်သွေ့ရမည်နည်း။ “ငါတို့၏အဆုံးကို ကိုယ်တော်မမြင်”ဟု ပြောဆိုကြသော ပြည်သားတို့၏မကောင်းမှုကြောင့် တိရစ္ဆာန်များ၊ ငှက်များ သေကျေပျက်စီးကုန်ပါပြီ။
အပျော်အပါးလိုက်စားသောသူတို့၏အစည်းအဝေး၌ အကျွန်ုပ်မထိုင်ပါ။ ပျော်ပါး၍လည်း မနေပါ။ အကျွန်ုပ်အပေါ်၌ ကိုယ်တော်၏လက်တော်သက်ရောက်သောကြောင့် အကျွန်ုပ်တစ်ယောက်တည်းနေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ဒေါသနှင့်ပြည့်စေတော်မူပါ၏။
တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် ပျက်စီးသွားသောယာကုပ်၏တဲများကို နဂိုအတိုင်းပြန်ဖြစ်စေမည်။ သူတို့အိမ်သူအိမ်သားများကို ကရုဏာထားမည်။ မြို့ကို အပျက်အစီးပုံပေါ်မှာ ပြန်တည်ဆောက်စေမည်။ နန်းတော်သည်လည်း မူလအတိုင်း တည်ရှိမည်။
တစ်ယောက်က “ဤအံ့ဖွယ်အမှုသည် မည်သည့်အချိန်မှ ပြီးဆုံးမည်နည်း”ဟု မြစ်ရေပြင်အထက်တွင်ရှိနေသော ပိတ်ချောထည်ဝတ်ဆင်ထားသူအား မေးလေ၏။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
အို ထာဝရဘုရား၊ မည်မျှကြာအောင် အကျွန်ုပ် အကူအညီအော်ဟစ်တောင်းခံရပါမည်နည်း။ အကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော် နားညောင်းတော်မမူ။ “အကြမ်းဖက်ခံရပါ၏”ဟု အော်ဟစ်သော်လည်း ကိုယ်တော် မကယ်တင်ပါတကား။
ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
“ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။
ထို့ကြောင့် ကိုယ်တော်သည် မိမိအားဖြင့် ဘုရားသခင်ထံတော်သို့ချဉ်းကပ်သောသူတို့ကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် အစဉ်အမြဲအသက်ရှင်လျက်ရှိတော်မူ၏။
ထိုသူတို့က “သန့်ရှင်း၍ ဖြောင့်မှန်တော်မူသောသခင်၊ အကျွန်ုပ်တို့၏သွေးအတွက် ကမ္ဘာမြေကြီးပေါ်မှာနေထိုင်သောသူတို့ကို တရားမစီရင်၊ လက်တုံ့လည်းမပြန်ဘဲ မည်မျှကြာအောင်နေတော်မူမည်နည်း”ဟု ကျယ်လောင်သောအသံဖြင့်ကြွေးကြော်ကြ၏။