ဇာခရိ 1:12 - Common Language Bible12 ထိုနောက်ကောင်းကင်တမန်က``အို အနန္တတန်ခိုး ရှင်ထာဝရဘုရား၊ ယေရုရှလင်မြို့နှင့်ယုဒ မြို့တို့အားကိုယ်တော်ရှင်အမျက်ထွက်တော် မူသည်မှာ ယခုအနှစ်ခုနစ်ဆယ်ရှိပါပြီ။ ထိုမြို့အားကရုဏာမပြဘဲအဘယ်မျှ ကြာနေတော်မူပါဦးမည်နည်း'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် က၊ ဗိုလ် ခြေ တို့ အ ရှင်၊ အို ထာ ဝ ရ ဘု ရား၊ နှစ် ပေါင်း ခု နစ် ဆယ် ပတ် လုံး၊ အ မျက် တော် ဒဏ် ခံ ရ သော၊ ယေ ရု ရှ လင် မြို့ နှင့် ယု ဒ ပြည် ရှိ မြို့ ရွာ များ ပေါ်၌၊ က ရု ဏာ သက် တော် မ မူ ဘဲ နေ သည် မှာ၊ မည် မျှ ကြာ ဦး မည် နည်း ဟု တောင်း လျှောက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible12 တစ်ဖန် ထာဝရဘုရား၏ကောင်းကင်တမန်က၊ အို ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၊ ကိုယ်တော်သည် အနှစ်ခုနစ်ဆယ်ပတ်လုံး အမျက်ထွက်တော်မူသော ယေရုရှလင်မြို့နှင့် ယုဒမြို့များကို အဘယ်မျှကာလပတ်လုံး မသနားဘဲ နေတော်မူမည်နည်းဟု မေးလျှောက်သော်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ကျွန်တော်မျိုးတို့၏ပြည်သည်အဘယ်မျှ ကြာကြာ ခြောက်သွေ့လျက်၊ လယ်ကွင်းများရှိမြက်တို့သည်လည်း၊အဘယ်မျှ ကြာကြာညှိုးနွမ်းလျက်နေရပါမည်နည်း။ `ငါတို့ပြုကျင့်ပုံကိုဘုရားသခင်တွေ့မြင်တော် မမူ' ဟုပြောဆိုကြသည့် ဤပြည်သူတို့၏ယုတ်မာမှုကြောင့်ငှက်များ၊ တိရစ္ဆာန်များသည်သေကြေပျက်စီးလျက်ရှိ ပါ၏။''
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။