ဟဗက္ကုတ် 1:2 - မြန်မာ့စံမီသမ္မာကျမ်း2 အို ထာဝရဘုရား၊ မည်မျှကြာအောင် အကျွန်ုပ် အကူအညီအော်ဟစ်တောင်းခံရပါမည်နည်း။ အကျွန်ုပ်အော်ဟစ်သော်လည်း ကိုယ်တော် နားညောင်းတော်မမူ။ “အကြမ်းဖက်ခံရပါ၏”ဟု အော်ဟစ်သော်လည်း ကိုယ်တော် မကယ်တင်ပါတကား။ အခန်းကိုကြည့်ပါ။Common Language Bible2 ကျွန်တော်မျိုးအားအကြမ်းဖက်ခံရမှုမှကယ်တော်မူသည့်တိုင်အောင် ကိုယ်တော်ရှင်မကြားမချင်း``ကူမတော်မူပါ'' ဟုအဘယ်မျှကြာအောင်ဟစ်အော်တောင်းလျှောက်ရပါမည်နည်း။- အခန်းကိုကြည့်ပါ။Garrad Bible2 အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် နား ညောင်း တော် မ မူ ဘဲ၊ မည် မျှ ကြာ ကြာ အကျွန်ုပ် အော် ရ ပါ မည် နည်း။ အ ဓ မ္မ ပါ တ ကား ဟု ဟစ် သော် လည်း၊ ကယ် တော် မ မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible2 အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော်မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ် အော်ဟစ်ရပါမည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မအမှုကိုခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော်ဟစ်ရပါမည်နည်း။ အခန်းကိုကြည့်ပါ။ |
အဘယ်ကြောင့် အံ့ဩမှင်တက်မိသူကဲ့သို့ဖြစ်ရသနည်း။ အဘယ်ကြောင့် မကယ်တင်နိုင်သောစစ်သူရဲကဲ့သို့ဖြစ်ရသနည်း။ အို ထာဝရဘုရား၊ စင်စစ် ကိုယ်တော်သည် အကျွန်ုပ်တို့နှင့်အတူရှိပါ၏။ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်ဖြင့် ခေါ်ဝေါ်ခြင်းခံရသူများဖြစ်ပါ၏။ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မမူပါနှင့်။