ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
ဇာခရိ 1:11 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က မုရတုပင်တို့အလယ်၌ရပ်နေသော ထာဝရဘုရား၏ကောင်းကင်တမန်အား “အကျွန်ုပ်တို့သည် ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ခဲ့ပြီ။ မြေတစ်ပြင်လုံး တိတ်ဆိတ်ငြိမ်သက်နေပါ၏”ဟု လျှောက်တင်ကြ၏။ Common Language Bible မြင်းများကလည်း``အကျွန်ုပ်တို့သည်ကမ္ဘာတစ် ဝှမ်းလုံးသို့သွားရောက်ခဲ့ပြီးပါပြီ။ ကမ္ဘာတစ်ခု လုံးပင်အားကိုးရာမဲ့ဖြစ်ကာနွံနာကျိုးနွံ နေပါသည်'' ဟုအစီရင်ခံကြ၏။ Garrad Bible နောက် ပါ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည်၊ မြေ တစ် လျှောက် သွား လာ ရာ၊ တစ် ပြင် လုံး ငြိမ် ငြိမ် သက် သက် နေ သည် ကို တွေ့ ကြ ပါ သည် ဟု၊ ကျောက် ပန်း မြိုင် တွင် ရပ် နေ သော၊ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် အား ပြန် လျှောက် ကြ သော်၊ Judson Bible ထိုသူတို့ကလည်း၊ အကျွန်ုပ်တို့သည် မြေကြီး အရပ်ရပ်တို့ကို လှည့်လည်၍ သွားပါပြီ။ မြေကြီးတစ်လျှောက်လုံးသည် အမှုမရှိ။ ငြိမ်ဝပ်လျက်ရှိပါ၏ဟု မုရတုတော၌ရပ်သော ထာဝရဘုရား၏ကောင်းကင်တမန်အား ပြန်လျှောက်ကြ၏။ |
ထာဝရဘုရားက စာတန်အား “သင် ဘယ်အရပ်ကလာသနည်း”ဟု မေးတော်မူလျှင် စာတန်က ထာဝရဘုရားအား “မြေကြီးတစ်ခွင် လှည့်လည်သွားလာရာမှ လာပါသည်”ဟု ပြန်လျှောက်၏။
ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
ကမ္ဘာမြေတစ်ခွင်လုံး ငြိမ်းချမ်းသာယာသွား၍ လူတို့သည် ရွှင်လန်းစွာကြွေးကြော်ကြလေ၏။
ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။
မုရတုပင်တို့အလယ်၌ရပ်နေသောသူက “ဤအရာများကား ကမ္ဘာမြေပေါ်သို့သွား၍ လှည့်လည်ကြည့်ရှုရန် ထာဝရဘုရားစေလွှတ်လိုက်သောသူများဖြစ်သည်”ဟု ဆို၏။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
ညအချိန်၌ ငါကြည့်လိုက်ရာ လူတစ်ဦးသည် အနီရောင်မြင်းကိုစီးလာပြီး မုရတုပင်တို့အလယ်တောနက်ထဲတွင် ရပ်နေ၍ သူ့နောက်တွင် မြင်းနီ၊ မြင်းညို၊ မြင်းဖြူတို့လည်း ရပ်နေသည်ကို ငါမြင်ရ၏။
အုန်းခွံရောင်မြင်းများသည် ထွက်လာ၍ မြေတစ်ပြင်လုံးကို လှည့်လည်သွားလာရန် အလွန်စိတ်ထက်သန်နေ၏။ ကောင်းကင်တမန်က “သွားလော့။ မြေတစ်ပြင်လုံးကို လှည့်လည်သွားလာလော့”ဟု ဆိုသည်နှင့် မြေတစ်ပြင်လုံးကို လှည့်လည်သွားလာကြလေ၏။
လူ့သားသည် မိမိ၏ကောင်းကင်တမန်များကိုစေလွှတ်သဖြင့် သူတို့သည် မှားယွင်းစေသောအရာများနှင့် တရားမဲ့သောအမှုကိုပြုသောသူများအားလုံးတို့ကို နိုင်ငံတော်မှ နုတ်ယူပြီးလျှင်
ကပ်ကမ္ဘာကုန်ဆုံးချိန်၌ ထိုနည်းတူဖြစ်လိမ့်မည်။ ကောင်းကင်တမန်များသည်လာ၍ ဆိုးညစ်သောသူတို့ကို ဖြောင့်မတ်သောသူတို့ထဲမှ သီးခြားခွဲထားကာ
လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ဆင်းရဲဒုက္ခခံရသောသင်တို့အား ငါတို့နှင့်အတူသက်သာခွင့်ကိုလည်းကောင်း ပြန်၍ခံစားစေမည့်အမှုသည် ဘုရားသခင်ရှေ့တော်၌ အမှန်ပင်တရားမျှတသောအမှုဖြစ်၏။
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။