Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဇာ​ခ​ရိ 1:11 - Common Language Bible

11 မြင်း​များ​က​လည်း``အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​တစ် ဝှမ်း​လုံး​သို့​သွား​ရောက်​ခဲ့​ပြီး​ပါ​ပြီ။ ကမ္ဘာ​တစ်​ခု လုံး​ပင်​အား​ကိုး​ရာ​မဲ့​ဖြစ်​ကာ​နွံ​နာ​ကျိုး​နွံ နေ​ပါ​သည်'' ဟု​အ​စီ​ရင်​ခံ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 နောက် ပါ တို့ က လည်း၊ အ ကျွန်ုပ် တို့ သည်၊ မြေ တစ် လျှောက် သွား လာ ရာ၊ တစ် ပြင် လုံး ငြိမ် ငြိမ် သက် သက် နေ သည် ကို တွေ့ ကြ ပါ သည် ဟု၊ ကျောက် ပန်း မြိုင် တွင် ရပ် နေ သော၊ ထာ ဝ ရ ဘု ရား၏ စေ တ မန် တော် အား ပြန် လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ထို​သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် မြေ​ကြီး အ​ရပ်​ရပ်​တို့​ကို လှည့်​လည်၍ သွား​ပါ​ပြီ။ မြေ​ကြီး​တစ်​လျှောက်​လုံး​သည် အ​မှု​မ​ရှိ။ ငြိမ်​ဝပ်​လျက်​ရှိ​ပါ၏​ဟု မု​ရ​တု​တော၌​ရပ်​သော ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​အား ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို​သူ​တို့​က မုရတုပင်​တို့​အလယ်​၌​ရပ်​နေ​သော ထာဝရဘုရား​၏​ကောင်းကင်တမန်​အား “​အကျွန်ုပ်​တို့​သည် ကမ္ဘာမြေ​ပေါ်သို့​သွား​၍ လှည့်လည်​ခဲ့​ပြီ​။ မြေ​တစ်ပြင်လုံး တိတ်ဆိတ်​ငြိမ်သက်​နေ​ပါ​၏​”​ဟု လျှောက်တင်​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဇာ​ခ​ရိ 1:11
16 ပူးပေါင်းရင်းမြစ်များ  

ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။


ထာ​ဝ​ရ​ဘု​ရား​သည်​အင်​အား​ကြီး​မား​သည့် စစ်​ရ​ထား​ထောင်​ပေါင်း​များ​စွာ​နှင့် သိ​နာ​တောင်​မှ​သန့်​ရှင်း​မြင့်​မြတ်​သည့် အ​ရပ်​သို့ ကြွ​လာ​တော်​မူ​၏။


ဤ​အ​ခါ​ကျ​မှ​ကမ္ဘာ​တစ်​ခု​လုံး​သည် ငြိမ် သက်​အေး​ချမ်း​လျက်​လူ​အ​ပေါင်း​တို့​သည် လည်း​ရွှင်​ပြ​စွာ​သီ​ချင်း​ဆို​ရကြ​၏။-


ထို​သူ​က``သင့်​ထံ​သို့​ငါ​လာ​သည့်​အ​ကြောင်း ကို​သင်​သိ​သ​လော။ ငါ​လာ​ရ​သည့်​အ​ကြောင်း မှာ​သမ္မာ​တ​ရား​စာ​စောင်​တော်​တွင်​ရေး​သား ဖော်​ပြ​ချက်​ကို သင့်​အား​ပြော​ကြား​ရန်​ဖြစ် ပါ​သည်။ ငါ​သည်​ယ​ခု​ပြန်​၍​ပါ​ရှ​နိုင်​ငံ ကို​စောင့်​ထိန်း​သည့်​ကောင်း​ကင်​တ​မန်​နှင့်​စစ် တိုက်​ရ​မည်။ ထို​နောက်​ဂရိတ်​နိုင်​ငံ​ကို​စောင့်​ထိန်း သည့်​ကောင်း​ကင်​တ​မန်​နှင့်​တိုက်​ခိုက်​ရ​မည်။ ဣသ​ရေ​လ​နိုင်​ငံ​ကို​စောင့်​ထိန်း​သည့်​ကောင်း ကင်​တ​မန်​မိက္ခေ​လ​မှ​တစ်​ပါး ငါ့​အား​ကူ ညီ​မည့်​သူ​တစ်​ဦး​တစ်​ယောက်​မျှ​မ​ရှိ။


ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို ကြည့်​ရှု​စစ်​ဆေး​ရန် သူ​တို့​ကို​စေ​လွှတ်​တော် မူ​လိုက်​၏'' ဟု​ပြန်​လည်​ဖြေ​ကြား​၏။


ငါ​သည်​မိ​မိ​လူ​မျိုးတော်​အ​ပေါ်​သို့​သက် ရောက်​သည့်​အ​မျက်​တော်​ကို​ထိန်း​ချုပ်​လျက် နေ​စဉ်၊ ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​ရ​ကြ​သော လူ​မျိုး​အ​ပေါင်း​တို့​သည် ငါ့​လူ​မျိုး​တော် ခံ​စား​ရ​သည့်​ဆင်း​ရဲ​ဒုက္ခ​ကို​ပို​မို​ကြီး လေး​အောင်​ပြု​ကြ​၏။ ထို​ကြောင့်​ငါ​သည်​ထို လူ​မျိုး​တို့​အား​ပြင်း​စွာ​အ​မျက်​ထွက်​သ​ဖြင့်၊-


ငါ​သည်​မြင်း​နီ​ကို​စီး​လျက်​နေ​သူ​ထာ​ဝ​ရ ဘု​ရား​၏​ကောင်း​ကင်​တ​မန်​တစ်​ပါး​ကို​မြင် ရ​၏။ သူ​သည်​ချိုင့်​ဝှမ်း​ထဲ​တွင်​ရှိ​သော​ကျောက် ပန်း​ပင်​များ​အ​လယ်​တွင်​ရပ်​တန့်​လျက်​နေ​၏။ သူ​၏​နောက်​၌​မူ​မြင်း​နီ၊ မြင်း​ပြောက်​ကြား၊ မြင်း​ဖြူ​စ​သည့်​အ​ခြား​မြင်း​များ​ရှိ​၏။-


ပြောက်​ကျား​မြင်း​များ​သည်​ကမ္ဘာ​မြေ​ပြင် ကို​ကြည့်​ရှု​စစ်​ဆေး​ရန် အ​လျင်​စ​လို​ထွက် လာ​ကြ​လေ​သည်။ ကောင်း​ကင်​တ​မန်​က``သူ တို့​အား​ကမ္ဘာ​မြေ​ပြင်​ကို​သွား​ရောက်​ကြည့် ရှု​စစ်​ဆေး​ကြ​လော့'' ဟု​ဆို​သည့်​အ​တိုင်း သူ​တို့​သည်​ထွက်​သွား​ကြ​၏။-


လူ​သား​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန်​များ​ကို​စေ လွှတ်​တော်​မူ​၍ လူ​တို့​အား​မှောက်​မှား​လမ်း​လွဲ​စေ သူ​များ​နှင့်​အ​ပြစ်​ကူး​သူ​အ​ပေါင်း​ကို​နိုင်​ငံ တော်​ထဲ​က​ရွေး​ထုတ်​စေ​ပြီး​လျှင်၊-


ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန်​၌​လည်း​ထို​နည်း​တူ​ဖြစ်​ပေ အံ့။ ကောင်း​ကင်​တ​မန်​များ​သည်​လာ​၍​သူ​ယုတ်​မာ များ​ကို​သူ​တော်​ကောင်း​များ​ထဲ​မှ​ခွဲ​ထုတ်​ပြီး​လျှင်၊-


``လူ​သား​သည်​ကောင်း​ကင်​တ​မန်​အ​ပေါင်း​ခြံ​ရံ လျက်​ဘု​ရင်​အ​ဖြစ်​ကြွ​လာ​တော်​မူ​သော​အ​ခါ ပလ္လင်​ပေါ်​၌​ထိုင်​တော်​မူ​လိမ့်​မည်။-


``အန္တ​ရာယ်​ကင်း​လျက်​သာ​ယာ​သည်'' ဟု​လူ​တို့ ပြော​ဆို​ကြ​သော​အ​ခါ​၌​ကိုယ်​ဝန်​ဆောင်​အ​မျိုး သ​မီး​အ​ပေါ်​သို့​သား​ဖွား​ခြင်း​ဝေ​ဒ​နာ​ရုတ် တ​ရက်​ကျ​ရောက်​လာ​သ​ကဲ့​သို့ လူ​တို့​အ​ပေါ် သို့​ဘေး​အန္တ​ရာယ်​ကျ​ရောက်​လာ​လိမ့်​မည်။-


ယ​ခု​ဆင်း​ရဲ​ဒုက္ခ​ရောက်​လျက်​ရှိ​သော​သင်​တို့ နှင့်​အ​တူ​ငါ​တို့​ကို​လည်း​စိတ်​သက်​သာ​ရာ ရ​စေ​တော်​မူ​လိမ့်​မည်။ သ​ခင်​ယေ​ရှု​သည် တန်​ခိုး​ကြီး​သော​ကောင်း​ကင်​တ​မန်​များ ခြံ​ရံ​လျက်​မီး​လျှံ​နှင့်​တ​ကွ ကောင်း​ကင်​ဘုံ မှ​ကြွ​လာ​တော်​မူ​သော​အ​ခါ​၌​ဘု​ရား သ​ခင်​သည် မိ​မိ​ကို​ပစ်​ပယ်​သူ​တို့​နှင့်​ငါ တို့​သ​ခင်​ယေ​ရှု​အ​ကြောင်း​သ​တင်း​ကောင်း ကို​မ​လိုက်​နာ​သူ​တို့​အား​အ​ပြစ်​စီ​ရင် တော်​မူ​လိမ့်​မည်။-


ဤ​ကျမ်း​စောင်​တွင်​ယေ​ရှု​ခ​ရစ်​ပေး​တော်​မူ သော ဗျာ​ဒိတ်​တော်​အ​ကြောင်း​ကို​မှတ်​တမ်း တင်​ထား​၏။ ဘု​ရား​သ​ခင်​သည်​ခ​ရစ်​တော် အား​ဤ​ဗျာ​ဒိတ်​တော်​ကို​ပေး​ရ​ခြင်း​မှာ များ မ​ကြာ​မီ​ဖြစ်​ပျက်​ရ​မည့်​အ​မှု​အ​ရာ​များ ကို မိ​မိ​၏​အ​စေ​ခံ​တို့​အား​သိ​စေ​ရန်​ဖြစ် ပေ​သည်။ ခ​ရစ်​တော်​သည်​မိ​မိ​၏​အ​စေ​ခံ ယော​ဟန်​ထံ​သို့​ကောင်း​ကင်​တ​မန်​ကို​စေ လွှတ်​၍ ဤ​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား​စေ တော်​မူ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ