ကိုယ်တော်ကြွလာ၍ ဖမ်းဆီးချုပ်နှောင်မည်၊ လူစုလူဝေးဖြစ်စေမည်ဆိုလျှင် မည်သူဟန့်တားနိုင်မည်နည်း။
ဆာလံ 95:4 - မြန်မာ့စံမီသမ္မာကျမ်း ကမ္ဘာမြေကြီး၏နက်ရှိုင်းရာအရပ်တို့သည် ကိုယ်တော်၏လက်တော်ထဲ၌ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ Common Language Bible ကိုယ်တော်သည်အနက်ဆုံးသောမြေကြီး နက်ရှိုင်းရာများမှ အမြင့်ဆုံးသောတောင်ထိပ်များတိုင်အောင် ကမ္ဘာလောကတစ်ခုလုံးကိုအစိုးရတော်မူ၏။ Garrad Bible မြေ ကြီး နက် ရှိုင်း ရာ များ ကို လက် တော် ဖြင့် ကိုင် လျက်၊ တောင် ထိပ် များ ကို ပိုင် တော် မူ၏။ Judson Bible မြေကြီးနက်နဲရာ အရပ်တို့သည် လက်တော်၌ ရှိကြ၏။ တောင်ထိပ်တို့ကိုလည်း ပိုင်တော်မူ၏။ |
ကိုယ်တော်ကြွလာ၍ ဖမ်းဆီးချုပ်နှောင်မည်၊ လူစုလူဝေးဖြစ်စေမည်ဆိုလျှင် မည်သူဟန့်တားနိုင်မည်နည်း။
ကိုယ်တော်သည် တောင်တို့ကို ရွှေ့ပစ်လိုက်၏။ အမျက်တော်ဖြင့် တောင်တို့ကိုမှောက်လှန်တော်မူသောအခါ မည်သူမျှ မသိနားမလည်ကြ။
ထာဝရဘုရားသည် ကောင်းကင်နှင့်မြေကြီးပေါ်၌လည်းကောင်း၊ ပင်လယ်နှင့်နက်ရှိုင်းရာအရပ်ရှိသမျှတို့၌လည်းကောင်း အလိုတော်ရှိသောအရာအားလုံးကို ပြုတော်မူ၏။
ကိုယ်တော်သည် သူ၏စိတ်နှလုံးအလိုဆန္ဒကို ဖြည့်ဆည်းပေး၍ သူ့နှုတ်တောင်းဆိုသောအရာကို ငြင်းပယ်တော်မမူပါ။(စေလာ)
ကိုယ်တော်သည် မိမိကိုယ်မိမိ အစွမ်းတန်ခိုးတော်နှင့်ပတ်စည်းလျက် တောင်များကို မိမိ၏တန်ခိုးတော်ဖြင့် တည်စေတော်မူ၏။
အကျွန်ုပ်အား များစွာသောဆင်းရဲဒုက္ခနှင့် ဘေးအန္တရာယ်တို့ကို ကြုံတွေ့စေတော်မူသောကိုယ်တော်သည် အကျွန်ုပ်ကို အသက်ရှင်စေ၍ မြေကြီး၏နက်ရှိုင်းရာအရပ်ထဲမှ အကျွန်ုပ်ကို ပြန်တက်လာစေတော်မူလိမ့်မည်။
ထာဝရဘုရား၏ရှေ့တော်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအစိုးရသော အရှင်၏ရှေ့တော်၌ တောင်များသည် ဖယောင်းကဲ့သို့ အရည်ပျော်ကြ၏။
မီးနှင့်ထိသောဖယောင်းကဲ့သို့လည်းကောင်း၊ တောင်စောင်းတွင် စီးဆင်းသောရေကဲ့သို့လည်းကောင်း ခြေတော်အောက်တွင် တောင်များအရည်ပျော်၍ ချိုင့်ဝှမ်းလွင်ပြင်များလည်း အက်ကွဲကုန်လိမ့်မည်။
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
တောင်များသည် ကိုယ်တော်ကိုမြင်လျှင် တုန်လှုပ်ကြပါ၏။ မိုးသက်မုန်တိုင်းလည်း တိုက်ခတ်ပါ၏။ နက်ရှိုင်းရာအရပ်သည် ဟုန်းသံပေး၍ မိမိလက်များကိုလည်း အထက်သို့မြှောက်ပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။