အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
ဆာလံ 94:14 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပစ်ပယ်တော်မူမည်မဟုတ်။ မိမိ၏အမွေတော်ကိုလည်း စွန့်ပစ်တော်မူမည်မဟုတ်။ Common Language Bible ထာဝရဘုရားသည်မိမိ၏လူစုတော်အား ပစ်ထားတော်မူလိမ့်မည်မဟုတ်။ ကိုယ်တော်ပိုင်တော်မူသောလူတို့ကို စွန့်ပယ်တော်မူလိမ့်မည်မဟုတ်။ Garrad Bible တ ရား ခွင် သို့ ဖြောင့် မတ် ခြင်း မ ပြန် မ ရောက်၊ သ ဘော ဖြောင့် သူ အ ပေါင်း တို့ မ လိုက် မ လျှောက် မီ အ တွင်း၊ ထာ ဝ ရ ဘု ရား သည် လူ မျိုး တော် ကို ပစ် ပယ် ခြင်း၊ ပိုင် တော် မူ ရာ ကို စွန့် ထား ခြင်း ပြု တော် မူ မည် မ ဟုတ်။ Judson Bible ထာဝရဘုရားသည် မိမိလူတို့ကိုမပယ်၊ အမွေတော်ကို စွန့်ပစ်တော်မမူ။ |
အသက်ရှင်ခြင်းကိုနှစ်သက်၍ ကောင်းသောအရာကိုတွေ့မြင်ရရန် နေ့ရက်ကာလတို့ကိုလိုလားသောသူကား မည်သူနည်း။
အကြောင်းမူကား ထာဝရဘုရားသည် တရားမျှတမှုကိုနှစ်သက်တော်မူ၏။ မိမိ၏သန့်ရှင်းသူတို့ကိုလည်း စွန့်ပစ်တော်မမူ။ သူတို့သည် အစဉ်အမြဲစောင့်ရှောက်တော်မူခြင်းကို ခံရကြလိမ့်မည်။ ဆိုးယုတ်သောသူ၏သားမြေးတို့မူကား ဖယ်ရှားခြင်းခံကြရလိမ့်မည်။
ရှေးကာလက ကိုယ်တော်ဝယ်ယူထားသော ကိုယ်တော်၏လူမျိုးတော်၊ အမွေတော်အဖြစ် ကိုယ်တော်ရွေးနုတ်တော်မူသောအမျိုးအနွယ်နှင့် ကိုယ်တော်ကိန်းဝပ်တော်မူခဲ့ရာ ဇိအုန်တောင်ကို အောက်မေ့တော်မူပါ။
အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏လူမျိုးတော်ကို နှိမ်နင်း၍ ကိုယ်တော်၏အမွေတော်ကို နှိပ်စက်ကြပါ၏။
ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ထိုသို့ကြိုတင်သတ်မှတ်ထားတော်မူသောသူတို့ကို ဘုရားသခင်သည် ခေါ်ယူတော်မူပြီး ခေါ်ယူတော်မူသောသူတို့ကို ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူ၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုတော်မူသောသူတို့ကို ချီးမြှောက်တော်မူ၏။
ဘုရားသခင်သည် သင်တို့၏စိတ်နှလုံးမျက်စိကို ပွင့်လင်းစေ၍ ခေါ်ယူတော်မူခြင်းနှင့်ဆိုင်သော မျှော်လင့်ခြင်းသည် မည်သည့်အရာဖြစ်သည်ကိုလည်းကောင်း၊ သန့်ရှင်းသူတို့ခံရမည့်အမွေတော်သည် ဘုန်းအသရေနှင့် မည်မျှကြွယ်ဝသည်ကိုလည်းကောင်း၊
အားယူ၍ရဲရင့်ခြင်းရှိကြလော့။ မကြောက်ကြနှင့်။ သူတို့ကြောင့် မထိတ်လန့်ကြနှင့်။ အကြောင်းမူကား သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူကြွတော်မူမည်။ သင်တို့ကို ပစ်ထားတော်မူမည်မဟုတ်။ သင်တို့ကို စွန့်ပစ်တော်မူမည်မဟုတ်”ဟု ဆိုလေ၏။
ထာဝရဘုရား ကိုယ်တော်တိုင် သင့်ရှေ့မှ ကြွတော်မူမည်။ သင်နှင့်အတူရှိမည်။ သင့်ကို ပစ်ထားတော်မူမည်မဟုတ်။ သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ မကြောက်နှင့်။ စိတ်မပျက်နှင့်”ဟု ပြောကြား၏။
ထာဝရဘုရား၏ဝေစုကား မိမိလူမျိုးတော်ဖြစ်၏။ ကိုယ်တော်၏အမွေဝေစုကား ယာကုပ်ဖြစ်၏။
အသက်ရှင်နေထိုင်မှုတွင် ငွေကိုတပ်မက်ခြင်းမရှိဘဲ မိမိ၌ရှိသောအရာနှင့် ရောင့်ရဲကြလော့။ အကြောင်းမူကား “ငါသည် မည်သည့်အခါမျှ သင့်ကိုစွန့်ခွာမည်မဟုတ်။ မည်သည့်အခါမျှ သင့်ကိုပစ်ပယ်မည်မဟုတ်”ဟု ကိုယ်တော်မိန့်တော်မူ၏။
ထာဝရဘုရားသည် ကြီးမြတ်သောနာမတော်ကို ထောက်၍ မိမိ၏လူမျိုးတော်ကို စွန့်ပစ်မည်မဟုတ်။ အကြောင်းမူကား ထာဝရဘုရားသည် သင်တို့ကို မိမိလူမျိုးတော်ဖြစ်စေဖို့ အလိုရှိတော်မူ၏။