အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 86:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အကြောင်းမူကား ကိုယ်တော်​သည် ကြီးမြတ်​၍ အံ့ဖွယ်​သော​အမှု​တို့​ကို​ပြု​တော်မူ​၏​။ ကိုယ်တော်​တစ်ပါးတည်း​သာလျှင် ဘုရားသခင်​ဖြစ်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​သည်​တန်​ခိုး​ကြီး​တော်​မူ​၍ အံ့​သြ​ဖွယ်​အ​မှု​တို့​ကို​ပြု​တော်​မူ​ပါ​၏။ ကိုယ်​တော်​သာ​လျှင်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။

အခန်းကိုကြည့်ပါ။

Judson Bible

ကိုယ်​တော်​သည် ကြီး​မြတ်၍ အံ့​ဩ​ဖွယ်​တို့​ကို ပြု​တော်​မူ၏။ ကိုယ်​တော်​တစ်​ပါး​တည်း​သာ​လျှင် ဘု​ရား​သ​ခင် ဖြစ်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 86:10
20 ပူးပေါင်းရင်းမြစ်များ  

သင်​သည် ဘုရားသခင်​၏​လျှို့ဝှက်နက်နဲ​သော​အရာ​ကို ရှာတွေ့​နိုင်​မည်လော​။ အနန္တတန်ခိုးရှင်​၏​ပကတိ​အဖြစ်​တော်​ကို တွေ့ရှိ​နိုင်​မည်လော​။


အံ့ဖွယ်​သော​အမှု​တို့​ကို တစ်ပါးတည်း​သာ​ပြု​တော်မူ​သော အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​တည်းဟူသော ဘုရားသခင် ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။


အို ဘုရားရှင်​၊ ဘုရား​များ​ထဲတွင် ကိုယ်တော်​နှင့်တူသော​ဘုရား​မ​ရှိ​ပါ​။ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​နှင့်တူသော အမှု​လည်း မ​ရှိ​ပါ​။


အို ထာဝရဘုရား​၊ ဘုရား​တို့​တွင် အဘယ်မည်သော​ဘုရား​သည် ကိုယ်တော်​နှင့်​တူ​ပါ​သနည်း​။ သန့်ရှင်း​ခြင်း​ကြောင့် ဘုန်းကြီး​တော်မူ​သော​၊ ဘုန်းအသရေ​ကြောင့် ကြောက်ရွံ့ဖွယ်​ဖြစ်​တော်မူ​သော​၊ အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​သော ကိုယ်တော်​နှင့် အဘယ်သူ​တူ​ပါ​သနည်း​။


“​ခေရုဗိမ်​တို့​အထက်​၌ စံပယ်​တော်မူ​သော အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၊ မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး​တို့​တွင် ကိုယ်တော်​တစ်ပါးတည်း​သာ ဘုရားသခင် ဖြစ်​တော်မူ​၏​။ ကိုယ်တော်​သည် ကောင်းကင်​နှင့်​မြေကြီး​ကို ဖန်ဆင်း​တော်မူ​၏​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​တစ်ပါးတည်းသာ ထာဝရဘုရား​ဖြစ်​တော်မူ​ကြောင်း​ကို မြေကြီး​ပေါ်ရှိ​တိုင်းနိုင်ငံ​အားလုံး သိမြင်​စေရန် အကျွန်ုပ်​တို့​ကို ထို​ဘုရင်​၏​လက်​မှ ယခု​ကယ်နုတ်​တော်မူ​ပါ​”​ဟု ဆုတောင်း​လေ​၏​။


ငါ​သာလျှင် ထာဝရဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ သင်​သည် ငါ့​ကို မ​သိ​သော်လည်း ငါ​သည် သင့်​ကို​ခွန်အား​နှင့်​ပတ်စည်း​မည်​။


ယေရှု​က“ပထမ​ပညတ်ချက်​မှာ ‘အို အစ္စရေး​အမျိုး၊ နားထောင်​လော့။ ငါ​တို့​၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် တစ်ဆူတည်း​သော​ထာဝရ​ဘုရား​ဖြစ်​တော်မူ​၏။


တစ်ချိန်​တည်း​မှာ​ပင် အနာရောဂါ​များ​ကို​ငြိမ်း​စေ​ရန် ကိုယ်တော်​၏​လက်​တော်​ကို​ဆန့်တန်း​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​အမှုဆောင်​ယေရှု​၏​နာမ​တော်​ဖြင့် နိမိတ်​လက္ခဏာ​များ​နှင့် အံ့ဩဖွယ်ရာ​များ​ကို​ပြုခွင့်​ပေး​တော်မူ​ပါ”​ဟု ဆုတောင်း​ကြ​၏။


ထို့ကြောင့် ရုပ်တု​အား​ပူဇော်​ထား​သော​အရာ​များ​ကို စား​သောက်​ခြင်း​နှင့်​ပတ်သက်၍ ရုပ်တု​သည် ဤ​လောက​၌ ဘာမျှ​မ​ဟုတ်​ကြောင်း​နှင့် တစ်ဆူတည်း​သော​ဘုရားသခင်​မှတစ်ပါး မည်သည့်​ဘုရား​မျှ​မ​ရှိ​ကြောင်း ငါ​တို့​သိ​ကြ​၏။


အရာ​ခပ်သိမ်း​တို့​အပေါ်၌​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​၌​ပျံ့နှံ့​လျက်​လည်းကောင်း၊ အရာ​ခပ်သိမ်း​တို့​အထဲ​၌​လည်းကောင်း ရှိ​တော်မူ​၍ အရာ​ခပ်သိမ်း​တို့​၏​အဖ​ဖြစ်​တော်မူ​သော ဘုရားသခင်​သည် တစ်ဆူတည်း​ရှိ​တော်မူ​၏။


ငါ​သာလျှင် ဘုရား​ဖြစ်​၏​။ ငါ​မှတစ်ပါး အခြား​ဘုရား​မ​ရှိ​။ ငါ​သည် အသက်​ကို​သေ​စေ​နိုင်​၏​၊ ရှင်​စေ​နိုင်​၏​။ ငါ​သည် ဒဏ်ရာရ​စေ​နိုင်​၏​၊ ပျောက်ကင်း​စေ​နိုင်​၏​။ မည်သူ​မျှ ငါ့​လက်​မှ မ​လွတ်မြောက်​နိုင်​။


ဘုရားသခင်​သည်​လည်း နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အားဖြင့်​လည်းကောင်း၊ တန်ခိုး​လက္ခဏာ​အမျိုးမျိုး​အားဖြင့်​လည်းကောင်း၊ မိမိ​အလို​တော်​နှင့်အညီ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို မျှဝေ​ပေး​တော်မူ​ခြင်း​အားဖြင့်​လည်းကောင်း သူ​တို့​နှင့်အတူ သက်သေခံ​တော်မူ​၏။