မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
ဆာလံ 81:9 - မြန်မာ့စံမီသမ္မာကျမ်း သင့်အထဲ၌ အခြားသောဘုရားမရှိရ။ တိုင်းတစ်ပါးသား၏ဘုရားကိုလည်း သင်မရှိခိုးမကိုးကွယ်ရ။ Common Language Bible သင်တို့သည်အခြားသောဘုရားကိုအဘယ် အခါ၌မျှ မကိုးကွယ်ရ။ Garrad Bible အ ခြား ဘု ရား ကို မ ကိုး ကွယ် နှင့်။ လူ မျိုး ခြား ဘု ရား ကို ရှိ မ ခိုး နှင့်။ Judson Bible သင်၌ တစ်ပါးအမျိုး၏ဘုရားမရှိရ။ တစ်ကျွန်းတစ်နိုင်ငံဘုရားကို မကိုးကွယ်ရ။ |
မိက္ခာယကလည်း “သို့ဖြစ်၍ ထာဝရဘုရား၏စကားတော်ကို နားထောင်ပါလော့။ ထာဝရဘုရားသည် မိမိပလ္လင်ပေါ်တွင်စံမြန်းလျက် ကောင်းကင်ဗိုလ်ခြေအပေါင်းတို့သည် ကိုယ်တော်၏လက်ဝဲဘက်၊ လက်ယာဘက်တို့၌ ရပ်၍ခစားနေကြသည်ကို အကျွန်ုပ်မြင်ပါ၏။
အကျွန်ုပ်တို့သည် မိမိတို့ဘုရားသခင်၏နာမတော်ကို မေ့လျော့ခဲ့လျှင်လည်းကောင်း၊ အခြားသောဘုရားထံသို့ အကျွန်ုပ်တို့၏လက်ကို ဆန့်ခဲ့လျှင်လည်းကောင်း
“အို ငါ့လူမျိုးတော်၊ နားထောင်လော့။ ငါမိန့်ဆိုမည်။ အို အစ္စရေးလူမျိုး၊ ငါသည် သင့်တစ်ဖက်၌သက်သေခံမည်။ ငါသည် ဘုရားသခင်ဖြစ်၏။ သင်၏ဘုရားသခင်ဖြစ်၏။
ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
ငါ့စကားကို စူးစိုက်နားထောင်၍ နာခံကြလော့။ ငါမိန့်မြွက်သောစကားကို အာရုံစိုက်နားထောင်၍ နာခံကြလော့။
ငါကိုယ်တော်တိုင်ပြောကြားခဲ့ပြီ၊ ကယ်တင်ခဲ့ပြီ၊ ကြားသိစေခဲ့ပြီ။ သင်တို့တွင်ရှိသော အခြားဘုရားက ပြုခဲ့သည်မဟုတ်။ သင်တို့သည် ငါ၏သက်သေများဖြစ်ကြ၏။ ငါသည် ဘုရားသခင်ဖြစ်၏။
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သူ့ကိုပို့ဆောင်ပေးသူမှာ တိုင်းတစ်ပါးသား၏ဘုရားမဟုတ်၊ ထာဝရဘုရားတစ်ပါးတည်းသာလျှင် ဖြစ်၏။