သူ့အား ကိုယ်တော်၏လက်တော်ဖြင့် ပြုလုပ်သောအရာများကိုအုပ်စိုးစေ၍ အရာခပ်သိမ်းတို့ကိုသူ၏ခြေအောက်၌ ချထားတော်မူပြီ။
သူ့အားကိုယ်တော်ဖန်ဆင်းတော်မူသောအရာ ရှိသမျှတို့ကိုအုပ်စိုးခွင့်ပေးတော်မူ၏။
လက် တော် ဖြစ် ဟူ သ မျှ ပေါ် တွင်၊ အုပ် စိုး ခွင့် ပြု လျက်၊ သိုး နွား ရှိ သ မျှ ပြင်၊ သား ယဉ် သား ရဲ မှ စ၍၊ လေ သ တ္တ ဝါ၊ ရေ သ တ္တ ဝါ၊ ရေ လမ်း သွား လာ သ မျှ သော တိ ရ စ္ဆာန် တို့ နှင့် အ ရာ ခပ် သိမ်း ကို၊ သူ့ ခြေ အောက် ချ ထား တော် မူ ပါ ပြီ။
ဖန်ဆင်းတော်မူသော အရာများကိုအုပ်စိုးစေ၍၊ သိုးနွားအစရှိသော မြေတိရစ္ဆာန် မိုးကောင်းကင်ငှက်၊
တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။
တောရိုင်းတိရစ္ဆာန်ရှိသမျှ၊ မိုးကောင်းကင်ငှက်ရှိသမျှ၊ မြေပေါ်မှာတွားသွားသောသတ္တဝါရှိသမျှနှင့် ပင်လယ်ငါးရှိသမျှတို့သည် သင်တို့ကို ကြောက်ရွံ့ထိတ်လန့်ကြလိမ့်မည်။ ထိုတိရစ္ဆာန်တို့ကို သင်တို့လက်သို့ ငါအပ်ပြီ။
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
အရာခပ်သိမ်းတို့ကိုလည်း ခရစ်တော်၏ခြေတော်အောက်၌ ချထား၍ ကိုယ်တော်ကို အရာခပ်သိမ်းတို့အပေါ် ဦးခေါင်းဖြစ်စေပြီး အသင်းတော်အားပေးတော်မူ၏။
ဤနောက်ဆုံးသောနေ့ရက်များတွင် ငါတို့ကို သားတော်အားဖြင့် စကားပြောတော်မူ၏။ ဘုရားသခင်သည် ထိုသားတော်အား အရာခပ်သိမ်းကို အမွေဆက်ခံသူအဖြစ်ခန့်ထား၍ လောကဓာတ်တို့ကိုလည်း သားတော်အားဖြင့် ဖန်ဆင်းတော်မူ၏။
အရာခပ်သိမ်းတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ”ဟု ကျမ်းတစ်နေရာ၌သက်သေခံထား၏။ “အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားတော်မူပြီ”ဟု ဆိုရာတွင် သူ့အောက်၌မချထားဘဲ ချန်ထားတော်မူသည့်အရာတစ်စုံတစ်ခုမျှမရှိ။ ယခုမူကား အရာခပ်သိမ်းတို့ကို သူ့အောက်၌ချထားလျက်ရှိသည်ကို ငါတို့မမြင်ရသေး။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ကြွတော်မူ၍ ကောင်းကင်တမန်များ၊ အာဏာစက်များနှင့် တန်ခိုးတို့ကို မိမိလက်အောက်၌ချထားလျက် ဘုရားသခင်၏လက်ယာတော်ဘက်၌ရှိနေတော်မူ၏။