ဆာလံ 8:7 - မြန်မာ့စံမီသမ္မာကျမ်း7 ထိုအရာတို့တွင် သိုးနွားအားလုံးနှင့် တောတိရစ္ဆာန်များအပြင် အခန်းကိုကြည့်ပါ။Common Language Bible7-8 ကိုယ်တော်ဖန်ဆင်းတော်မူသောသိုး၊နွား၊ တောတိရစ္ဆာန်၊ငှက်၊ငါးနှင့် ပင်လယ်ရေသတ္တဝါတို့ကိုအုပ်စိုးခွင့်ပေးတော် မူ၏။ အခန်းကိုကြည့်ပါ။Judson Bible7-8 ပင်လယ်ငါးနှင့် ပင်လယ်လမ်း၌သွားတတ်သောတိရစ္ဆာန်မှစ၍၊ ခပ်သိမ်းသောအရာတို့ကို သူ၏ခြေအောက်၌ ချထားတော်မူပြီ။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ဘုရားသခင်က “ငါတို့၏ပုံသဏ္ဌာန်အတိုင်း ငါတို့နှင့်တစ်ပုံစံတည်းတူသောလူကို ဖန်ဆင်းကြစို့။ သူတို့သည် ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ ယဉ်ပါးသောတိရစ္ဆာန်တို့ကိုလည်းကောင်း၊ ကမ္ဘာမြေတစ်ခွင်လုံးကိုလည်းကောင်း၊ မြေပေါ်မှာတွားသွားသော တွားသွားတိရစ္ဆာန်အပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြစေ”ဟု မိန့်တော်မူ၏။
ထို့နောက် ဘုရားသခင်သည် သူတို့ကိုကောင်းချီးပေးတော်မူ၏။ ဘုရားသခင်က “များစွာမွေးဖွား၍ တိုးပွားကြလော့။ မြေကြီးကိုပြည့်စေ၍ ၎င်းကိုနိုင်နင်းကြလော့။ ပင်လယ်ငါးတို့ကိုလည်းကောင်း၊ မိုးကောင်းကင်ငှက်တို့ကိုလည်းကောင်း၊ မြေကြီးပေါ်မှာ လှုပ်ရှားသွားလာတတ်သော သက်ရှိသတ္တဝါအပေါင်းတို့ကိုလည်းကောင်း အုပ်စိုးကြလော့”ဟု သူတို့အား မိန့်တော်မူ၏။