သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ဆာလံ 78:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့အားဖြင့် သူတို့သည် သူတို့၏ဘိုးဘေးများကဲ့သို့ ဖြစ်ကြတော့မည်မဟုတ်။ ထိုဘိုးဘေးတို့သည် ခေါင်းမာ၍ ပုန်ကန်တတ်သည့်မျိုးဆက်၊ သူတို့၏စိတ်နှလုံးတည်ကြည်ခြင်းမရှိသကဲ့သို့ သူတို့၏ဝိညာဉ်သည်လည်း ဘုရားသခင်အပေါ် သစ္စာမရှိသောမျိုးဆက်ဖြစ်ကြ၏။ Common Language Bible သူတို့သည်ဘုရားစကားကိုနားမထောင်ဘဲ ပုန်ကန်တတ်သောဘိုးဘေးတို့ကဲ့သို့မဖြစ် တော့ပေ။ ထိုဘိုးဘေးတို့ကားအဘယ်အခါကမျှ ဘုရားသခင်ကိုစွဲမြဲစွာကိုးစားမှုမရှိ ခဲ့ကြ။ ကိုယ်တော်၏အပေါ်၌လည်းအစဉ်အမြဲ သစ္စာမစောင့်ကြ။ |
သို့သော် သူတို့သည် နားမထောင်ကြ။ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုပင် မယုံကြည်သောဘိုးဘေးတို့ ခေါင်းမာသကဲ့သို့ သူတို့လည်း ခေါင်းမာကြ၏။
ရောဗောင်မင်းကြီးသည် ထာဝရဘုရားကို ရှာလိုသောစိတ်မရှိဘဲ မကောင်းမှုများကိုသာ ပြုခဲ့၏။
သို့သော် မင်းကြီး၌ ကောင်းသောအရာ ရှိ၏။ မင်းကြီးသည် တိုင်းပြည်တွင်ရှိသော အာရှရနတ်ဘုရားမတံခွန်တိုင်တို့ကို ဖယ်ရှားပြီး ဘုရားသခင်ကိုရှာလိုသောစိတ်ရှိလေပြီ”ဟု သူ့အား ဆို၏။
သို့သော် အထွတ်အမြတ်ထားရာနေရာများကို မဖယ်ရှားခဲ့။ လူတို့သည်လည်း မိမိတို့ဘိုးဘေးတို့၏ဘုရားသခင်ထံ စိတ်နှလုံးကို မအပ်နှံဘဲနေကြသေး၏။
ဤလူအပေါင်းတို့သည် သန့်ရှင်းရာဌာန၏သန့်ရှင်းခြင်းနည်းအတိုင်းမဟုတ်သော်လည်း သူတို့၏ဘိုးဘေးတို့ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူသောဘုရားသခင်ကိုရှာရန် စိတ်ပိုင်းဖြတ်ထားသည်ဖြစ်၍ သူတို့၏အပြစ်ကို ဖြေလွှတ်တော်မူပါ”ဟု သူတို့အတွက် ဆုတောင်းပေးသောကြောင့်ဖြစ်၏။
ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားအပေါ် သစ္စာမဲ့သော သင်တို့၏ဘိုးဘေး၊ သင်တို့၏ညီအစ်ကိုများကဲ့သို့ သင်တို့မဖြစ်ကြနှင့်။ သင်တို့မြင်သည့်အတိုင်း ကိုယ်တော်သည် သူတို့ကို ထိတ်လန့်စရာ ဖြစ်စေခဲ့၏။
အကျွန်ုပ်တို့၏ဘိုးဘေးများသည် အီဂျစ်ပြည်၌ရှိစဉ် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ဂရုမပြုခဲ့ကြပါ။ သူတို့သည် ကိုယ်တော်၏ကြီးမားသော မေတ္တာကရုဏာတော်ကို မအောက်မေ့ဘဲ ပင်လယ်အနီး၊ ပင်လယ်နီအနီးတွင် ပုန်ကန်ခဲ့ကြပါ၏။
ဘုရားသခင်သည် အထီးကျန်သောသူတို့အား အတူနေထိုင်ရန်မိသားစုကိုပေး၍ အချုပ်အနှောင်ခံရသောသူတို့ကို ကောင်းစားရာသို့ပို့ဆောင်တော်မူ၏။ ငြင်းဆန်သောသူတို့မူကား ပူပြင်းခြောက်သွေ့သောအရပ်၌နေထိုင်ကြရ၏။
သူတို့၏စိတ်နှလုံးသည် ကိုယ်တော့်အပေါ်မတည်ကြည်။ ကိုယ်တော်၏ပဋိညာဉ်တော်အပေါ်၌လည်း သစ္စာမရှိကြပေ။
သူတို့သည် တောကန္တာရ၌ ဘယ်နှကြိမ်ဘယ်နှခါမျှ ကိုယ်တော်ကိုပုန်ကန်ကြပြီး ကန္တာရမြေ၌ ကိုယ်တော်ကိုစိတ်ထိခိုက်စေခဲ့ကြသနည်း။
သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
တစ်ဖန် ထာဝရဘုရားက မောရှေအား “ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
နို့နှင့်ပျားရည်စီးသောပြည်သို့ သွားလော့။ သို့သော် သင်နှင့်အတူ ငါမသွား။ အကြောင်းမူကား သင်သည် ခေါင်းမာသောလူမျိုးဖြစ်၏။ လမ်းခရီး၌ သင့်ကို ငါဖျက်ဆီးမိမည်စိုး၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ထာဝရဘုရားက မောရှေအား “အစ္စရေးအမျိုးသားတို့ကို ဤသို့ဆင့်ဆိုလော့။ ‘သင်တို့သည် ခေါင်းမာသောလူမျိုးဖြစ်၏။ ငါသည် သင်တို့နှင့်အတူ တစ်ခဏမျှသွားလျှင်ပင် သင်တို့ကို ငါဖျက်ဆီးမိမည်။ ယခု သင်တို့၏ကိုယ်ပေါ်မှ အဆင်တန်ဆာကိုချွတ်လော့။ သို့မှ သင်တို့၌ငါမည်သို့ပြုရမည်ကို ငါသိမည်’ ”ဟု မိန့်တော်မူသောကြောင့်ဖြစ်၏။
“အို ဘုရားရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ မျက်နှာရလျှင် အကျွန်ုပ်တို့နှင့်အတူ ဘုရားရှင်ကြွတော်မူပါ။ အကယ်စင်စစ် ဤသူတို့သည် ခေါင်းမာသောလူမျိုးဖြစ်ပါ၏။ သို့သော် အကျွန်ုပ်တို့၏ဒုစရိုက်အပြစ်တို့ကို ဖြေလွှတ်လျက် အကျွန်ုပ်တို့ကို အမွေတော်အဖြစ်သိမ်းယူတော်မူပါ”ဟု လျှောက်လေ၏။
အကြောင်းမူကား သူတို့သည် ပုန်ကန်တတ်သောလူမျိုး၊ လိမ်ညာတတ်သောသားသမီးများ၊ ထာဝရဘုရား၏ပညတ်တရားကို မနာခံလိုသော သားသမီးများ ဖြစ်ကြ၏။
တောကန္တာရ၌ သူတို့၏သားသမီးတို့အား ‘သင်တို့ဘိုးဘေးတို့၏ကျင့်ထုံးတို့ကို မလိုက်နာကြနှင့်။ သူတို့၏ဓလေ့ထုံးတမ်းတို့ကို မစောင့်ထိန်းကြနှင့်။ သူတို့ကိုးကွယ်သောရုပ်တုများဖြင့်လည်း ကိုယ့်ကိုယ်ကိုယ်မညစ်ညူးစေကြနှင့်။
သို့သော် သူတို့သည် ငါ့စကားကိုနားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ သူတို့ကိုးစားသောရွံရှာဖွယ်ရာများကို သူတို့မဖယ်ရှား၊ အီဂျစ်ရုပ်တုတို့ကိုလည်း မစွန့်ပစ်ကြ။ ထို့ကြောင့် ‘ငါ့ဒေါသကို သူတို့အပေါ်သွန်ချမည်။ အီဂျစ်ပြည်တွင် သူတို့ကို ငါ့အမျက်မီး လောင်ကျွမ်းသွားစေမည်’ဟု ငါမိန့်ဆိုခဲ့၏။
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ခေါင်းမာ၍ နားနှင့်စိတ်နှလုံးတို့၌ အရေဖျားလှီးခြင်းမရှိသောသူတို့၊ သင်တို့သည်လည်း သင်တို့၏ဘိုးဘေးများနည်းတူ သန့်ရှင်းသောဝိညာဉ်တော်ကို အစဉ်ဆန့်ကျင်ဘက်ပြုကြ၏။
သင်တို့၏ပုန်ကန်တတ်သောသဘော၊ ခေါင်းမာတတ်သောသဘောကို ငါသိ၏။ ယနေ့ ငါသည် သင်တို့နှင့်အတူအသက်ရှင်နေစဉ်တွင်ပင် သင်တို့သည် ထာဝရဘုရားကိုပုန်ကန်ကြပြီ။ ငါသေပြီးလျှင် ထိုထက်မက ပုန်ကန်ကြလိမ့်မည်။
သို့သော် သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ဆည်းကပ်သောသူအားလုံး ယနေ့အထိ အသက်ရှင်ရကြ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား ‘ဤလူမျိုးသည် ခေါင်းမာသောလူမျိုးဖြစ်သည်ကို ငါမြင်ပြီ။
သင်တို့ကို ငါသိသည့်နေ့မှစ၍ သင်တို့သည် ထာဝရဘုရားကိုပုန်ကန်လျက်ရှိကြပြီ။
သူတို့သည် ရုဗင်သားမြေး၊ ဂဒ်သားမြေးနှင့် မနာရှေသားမြေးတစ်ဝက်တို့ရှိရာ ဂိလဒ်ပြည်သို့ရောက်လာ၍ သူတို့အား
သူတို့ကို အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည့်နေ့မှစ၍ ယနေ့ချိန်ထိ ငါ့ကိုစွန့်ပယ်ပြီး အခြားဘုရားများကို ဝတ်ပြုကြ၏။ ထိုသို့ ငါ့ကို ပြုသမျှအတိုင်း သင့်ကိုလည်း ပြုလေပြီ။