အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 78:68 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​အမျိုးအနွယ်​နှင့် မိမိ​ချစ်​တော်မူ​သော​ဇိအုန်​တောင်​ကို ရွေးချယ်​တော်မူ​ပြီး

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​တို့​ကို​ရွေး​ချယ်​မည့်​အ​စား၊ယု​ဒ အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ကိုယ်​တော်​လွန်​စွာ​ချစ်​မြတ်​နိုး​သည့် ဇိ​အုန်​တောင်​တော်​ကို​လည်း​ကောင်း ရွေး​ချယ်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယု ဒ အ နွယ် ကို လည်း ကောင်း၊ နှစ် သက် တော် မူ ရာ ဇိ အုန် တောင် ကို လည်း ကောင်း၊ ရွေး တော် မူ လျက်၊

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​အ​မျိုး​ကို​လည်း​ကောင်း၊ ချစ်​တော်​မူ​သော ဇိ​အုန်​တောင်​ကို​လည်း​ကောင်း ရွေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။



ဆာ​လံ 78:68
7 ပူးပေါင်းရင်းမြစ်များ  

အစ္စရေး​လူမျိုး​တို့​ကို​အစဉ်အမြဲ​အုပ်ချုပ်​ရန်​အတွက် အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​သည် ငါ့​ဖခင်​၏​မိသားစုဝင်​တစ်စုလုံး​တွင် ငါ့​ကို ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုး​ကို ခေါင်းဆောင်​အဖြစ် ရွေးချယ်​တော်မူ​၏​။ ယုဒ​အမျိုးအနွယ်​ထဲမှ ငါ့​ဖခင်​၏​မိသားစု​ကို ရွေးချယ်​တော်မူ​၏​။ ငါ့​ဖခင်​၏​သား​များ​ထဲမှ ငါ့​ကို ရွေးချယ်​တော်မူ​၍ အစ္စရေး​လူမျိုး​တစ်မျိုးလုံး​ကို အုပ်ချုပ်​သော​ဘုရင် ဖြစ်​စေ​တော်မူ​၏​။


သို့သော် ငါ့​နာမ​တော်​တည်​ရန် ဂျေရုဆလင်​မြို့​ကို ငါ​ရွေးချယ်​ခဲ့​ပြီ​။ ထိုနည်းတူ ငါ့​လူမျိုး​တော်​အစ္စရေး​တို့​ကို အုပ်စိုး​ရန် ဒါဝိဒ်​ကို​လည်း ငါ​ရွေးချယ်​ခဲ့​ပြီ​’​ဟု မိန့်​တော်မူ​ခဲ့​၏​။


ထာဝရဘုရား​သည် ယာကုပ်​အမျိုး​နေထိုင်​ရာ အရပ်​အားလုံး​တို့​ထက် ဇိအုန်​၏​မြို့​တံခါး​တို့​ကို ပို၍​နှစ်သက်​တော်မူ​၏​။


တစ်ဖန် ထာဝရဘုရား​က ရှမွေလ​အား “​ရှောလု​အဖို့ မည်သည့်​အချိန်​ထိ သင် ငိုကြွေးမြည်တမ်း​နေ​မည်နည်း​။ သူ့​ကို အစ္စရေး​လူမျိုး​တို့​၏​ဘုရင်​အဖြစ်​မှ ငါ ပယ်​လိုက်​ပြီ​။ သင့်​ဦးချို​ဆီဘူး​ကို ဆီ​ဖြည့်​၍​သွား​လော့​။ ဗက်လင်​မြို့သား ယေရှဲ​ထံသို့ သင့်​ကို ငါ​စေလွှတ်​မည်​။ ငါ့​အဖို့ ရှင်ဘုရင်​တစ်ပါး​ကို သူ​၏​သား​များ​ထဲမှာ ငါ​တွေ့​ထား​ပြီ”​ဟု မိန့်​တော်မူ​၏​။