ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ဆာလံ 78:12 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် အီဂျစ်ပြည်၊ ဇောနအရပ်၌ သူတို့၏ဘိုးဘေးများရှေ့တွင် အံ့ဖွယ်သောအမှုကိုပြုတော်မူ၏။ Common Language Bible အီဂျစ်ပြည်ဇောနလွင်ပြင်တွင်သူတို့၏ ဘိုးဘေးတို့၏မျက်မှောက်၌ ထာဝရဘုရားသည်ထူးဆန်းသည့်နိမိတ် လက္ခဏာများကိုပြတော်မူ၏။ Garrad Bible အိ ဂျစ် ပြည်၊ ဇော န လွင် ပြင် တွင်၊ ဘိုး ဘေး တို့ မျက် မှောက်၌ အံ့ ဖွယ် ရာ များ ကို ပြု နှင့် တော် မူ ရာ၊ Judson Bible အဲဂုတ္တုပြည်၊ ဇောနအရပ်တွင် သူတို့အဘများမျက်မှောက်၌ အံ့ဖွယ်သောအမှုတို့ကို ပြုတော်မူ၏။ |
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ဤသို့ဖြစ်ရခြင်းမှာ အစ္စရေးလူမျိုးတို့သည် သူတို့အား အီဂျစ်ပြည်၊ အီဂျစ်ဘုရင်ဖာရောမင်းကြီးလက်အောက်မှ ထုတ်ဆောင်လာခဲ့သောမိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားသောဘုရားများကို ကိုးကွယ်ကြ၏။
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။
အို အီဂျစ်ပြည်၊ ကိုယ်တော်သည် နိမိတ်လက္ခဏာများနှင့်တန်ခိုးလက္ခဏာတို့ကို သင်၏အလယ်၊ ဖာရောမင်းကြီးနှင့်သူ၏အမှုထမ်းအပေါင်းတို့အပေါ် ကျရောက်စေတော်မူ၏။
ထာဝရဘုရားကလည်း မောရှေအား “ကြည့်ရှုလော့။ သင့်ကို ဖာရောမင်းကြီး၏ဘုရားကဲ့သို့ ငါဖြစ်စေပြီ။ သင်၏အစ်ကိုအာရုန်သည် သင်၏ပရောဖက်ဖြစ်မည်။
အကယ်စင်စစ် ဇောနမြို့၏အကြီးအကဲတို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ဖာရောမင်းကြီး၏ပညာရှိသော အတိုင်ပင်ခံအမတ်တို့သည် မိုက်မဲသောအကြံဉာဏ်ကိုပေးကြ၏။ ဖာရောမင်းကြီးအား “အကျွန်ုပ်သည် ပညာရှိတို့၏အမျိုး၊ ရှေးဘုရင်တို့၏အမျိုး ဖြစ်ပါသည်”ဟု မည်သို့လျှောက်ဆိုနိုင်မည်နည်း။
ဇောနမြို့၏အကြီးအကဲတို့သည် မိုက်မဲကြပြီ။ မင်ဖစ်မြို့၏အကြီးအကဲတို့သည် လှည့်စားကြပြီ။ အီဂျစ်ပြည်၏ခေါင်းဆောင်တို့သည် ပြည်သူပြည်သားတို့ကို လမ်းလွဲစေကြပြီ။
ပါသရုမြို့ကို ငါခြောက်ကပ်စေမည်။ ဇောနမြို့ကို မီးရှို့ပစ်မည်။ နောမြို့ကို ဒဏ်ခတ်မည်။
သူတို့သည် နေဂေ့အရပ်သို့တက်သွား၍ ဟေဗြုန်မြို့သို့ရောက်ကြ၏။ ထိုမြို့၌ အာနကအနွယ်ဝင် အဟိမန်၊ ရှေရှဲနှင့် တာလမဲတို့နေထိုင်ကြ၏။ (ဟေဗြုန်မြို့သည် အီဂျစ်ပြည်ရှိဇောနမြို့ မတည်မီ ခုနစ်နှစ်က တည်သောမြို့ဖြစ်၏။)
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်၌ သင်တို့မျက်မှောက်တွင် ပြုတော်မူသောအမှုအပေါင်းတို့ကဲ့သို့ မည်သည့်ဘုရားတစ်ပါးပါးက စုံစမ်းမှုပြုလျက်၊ နိမိတ်လက္ခဏာပြလျက်၊ အံ့ဖွယ်အမှုပြုလျက်၊ စစ်တိုက်လျက်၊ အားကြီးသောလက်နှင့် လက်ရုံးကိုဆန့်လျက်၊ ကြောက်မက်ဖွယ်အမှုကြီးများပြုလျက် မိမိအဖို့ လူမျိုးတစ်မျိုးကို အခြားလူမျိုးတစ်မျိုးမျိုးထဲမှ သွား၍ထုတ်ဆောင်ရန် ကြိုးပမ်းဖူးသလော။
ထိုအချိန်၌ ထာဝရဘုရားသည် ငါတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာများ၊ ကြီးမား၍ ကြောက်စရာကောင်းသော အံ့ဩဖွယ်အမှုများကို အီဂျစ်ပြည်အပေါ်၊ ဖာရောမင်းကြီးနှင့်သူ၏နန်းတော်သူနန်းတော်သားအပေါင်းတို့အပေါ် ကျရောက်စေတော်မူခဲ့၏။
သူတို့ကလည်း “အကျွန်ုပ်တို့သည် သခင်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အကြောင်းကိုကြား၍ အလွန်ဝေးသောပြည်မှလာသော သခင်၏ကျွန်များဖြစ်ပါ၏။ အကျွန်ုပ်တို့သည် ထာဝရဘုရား၏ဂုဏ်သတင်းတော်ကိုလည်းကောင်း၊ အီဂျစ်ပြည်၌ပြုတော်မူခဲ့သမျှတို့ကိုလည်းကောင်း၊