Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ထွက်​မြောက် 7:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ထာဝရဘုရား​က​လည်း မောရှေ​အား “​ကြည့်ရှု​လော့​။ သင့်​ကို ဖာရော​မင်းကြီး​၏​ဘုရား​ကဲ့သို့ ငါ​ဖြစ်​စေ​ပြီ​။ သင်​၏​အစ်ကို​အာရုန်​သည် သင်​၏​ပရောဖက်​ဖြစ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ​ဂျစ်​ဘု​ရင် ၏​ရှေ့​တွင်​သင်​သည်​ဘု​ရား​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​အစ်​ကို​အာ​ရုန်​သည်​သင့်​ကိုယ်​စား​ပြော ဆို​ရ​သော​ပ​ရော​ဖက်​ကဲ့​သို့​လည်း​ကောင်း​ငါ ဖြစ်​စေ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 ထာ ဝ ရ ဘု ရား က လည်း ကြည့် လော့၊ သင့် ကို ဖာ ရော မင်း၏ ဘု ရား အ ရာ ၌ ငါ ခန့် ထား ၍၊ သင့် အစ် ကို အာ ရုန် လည်း သင်၏ ပ ရော ဖက် ဖြစ် ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သို့​ဖြစ်၍ သင့်​ကို ဖာ​ရော​ဘု​ရင်၏ ဘု​ရား​အ​ရာ၌ ငါ​ခန့်​ထား၏။ သင်၏​အစ်​ကို​အာ​ရုန်​သည်၊ သင်၏​ပ​ရော​ဖက်​ဖြစ်​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ထွက်​မြောက် 7:1
11 ပူးပေါင်းရင်းမြစ်များ  

ကောင်းကင်တမန်​က​လည်း “​သင်​တောင်းဆို​သော ဤ​အချက်​ကို​လည်း ငါ​လိုက်လျော​၍ သင်​ပြော​သော​မြို့​ကို မ​ဖြိုလှဲ​ဘဲ​နေ​မည်​။


ဧလိယ​သည် သူငယ်​ကို​ပွေ့​ပြီး မိမိ​နေရာ​အထက်ခန်း​မှ အောက်​သို့​ချီလာ​၍ သူငယ်​ကို မိခင်​လက်​သို့​အပ်လိုက်​ပြီး ဧလိယ​က “ကြည့်​ပါ​။ သင့်​သား အသက်​ပြန်ရှင်​ပြီ”​ဟု ဆို​၏​။


ထို​အချိန်​၌ ဧလိရှဲ​သည် မိမိ​အိမ်​၌​ထိုင်​နေ​၏​။ သက်ကြီးဝါကြီး​တို့​လည်း သူ​နှင့်အတူ​ထိုင်​လျက်​ရှိ​၏​။ ရှင်ဘုရင်​က ဧလိရှဲ​ထံ ရှေ့တော်ပြေး​တစ်​ယောက်​ကို​စေလွှတ်​၏​။ သို့သော် ထို​တမန်​မ​ရောက်​မီ ဧလိရှဲ​က သက်ကြီးဝါကြီး​တို့​အား “​ဤ​လူသတ်သမား​၏​သား​သည် ငါ့​ခေါင်း​ကို​ဖြတ်​ဖို့ လူ​ကို​စေလွှတ်​သည်​ကို သင်​တို့ သိ​သလော​။ ထို​တမန်​ရောက်လာ​လျှင် တံခါး​ကို​ပိတ်​ထား​ပါ​။ တံခါး​ကို တွန်းထား​ကြ​ပါ​။ သူ့​နောက်၌ သူ့​သခင်​၏​ခြေသံ​ကပ်ပါလာ​သည် မ​ဟုတ်​လော​”​ဟု ဆို​၏​။


ကိုယ်တော်​သည် အီဂျစ်​ပြည်​၊ ဇောန​အရပ်​၌ သူ​တို့​၏​ဘိုးဘေး​များ​ရှေ့​တွင် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​၏​။


ငါ​ဆို​သည်​ကား သင်​တို့​သည် ဘုရား​များ​ဖြစ်​ကြ​၏​။ သင်​တို့​အားလုံး​သည် အမြင့်ဆုံး​သော​အရှင်​၏ သားသမီး​များ​ဖြစ်​ကြ​၏​။


ငါ​ထာဝရဘုရား​သည် သင်​တို့​အား ဥပုသ်နေ့​ကို သတ်မှတ်​ပေး​တော်မူ​ပြီ​။ ထို့ကြောင့် ဆဋ္ဌမ​နေ့​၌ သင်​တို့​အား မုန့်​ကို နှစ်​ရက်​စာ​ပေး​တော်မူ​၏​။ လူ​တိုင်း​မိမိ​နေရာ​၌​နေ​ကြ​လော့​။ သတ္တမ​နေ့​၌ မည်သူမျှ မိမိ​နေရာ​မှ​မ​ထွက်သွား​ကြ​နှင့်​”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ဤ​အရာ​သည် အသစ်​ဖြစ်​၏​ဟု ဆို​နိုင်​သော​အရာ​တစ်စုံတစ်ခု​ရှိ​သလော​။ ထို​အရာ​သည် ရှေး​က ဖြစ်​ခဲ့​ပြီး​သော​အရာ​၊ ငါ​တို့​မ​ရှိ​မီ​က​ဖြစ်​ခဲ့​ပြီး​သော​အရာ​ဖြစ်​၏​။


လူမျိုးခြား​များ​နှင့် တိုင်းနိုင်ငံ​များ​ကို နုတ်ပယ်​ဖြိုချ​ရန်​၊ ဖျက်ဆီး​မှောက်လှန်​ရန်​၊ တည်ထောင်​ပြုစု​ရန် ယနေ့ သင့်​အား ငါ​ခန့်ထား​ပြီ​”​ဟု မိန့်​တော်မူ​၏​။


ဘုရားသခင်​က ‘သူ​တို့​ကျွန်ခံ​ရ​သော​လူမျိုး​ကို ငါ​စီရင်​မည်။ ထို့နောက် သူ​တို့​သည် ထွက်ခွာ​လာ​၍ ဤ​နေရာ​၌ ငါ့​ကို​ဝတ်ပြု​ကြ​လိမ့်မည်’​ဟု မိန့်​တော်မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ