အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 75:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

“​ငါ​ရွေးချယ်​သတ်မှတ်​ထား​သော​အချိန်​၌ ငါ​သည် သမာသမတ်​ရှိ​စွာ​တရားစီရင်​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ဘု​ရား​သ​ခင်​က``တ​ရား​စီ​ရင်​မည့်​အ​ချိန်​ကို ငါ​သတ်​မှတ်​ထား​လေ​ပြီ။ ငါ​သည်​ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည်၊ ထိုက် သင့် သော အ ချိန် ကို ချိန်း ချက် ပြီး လျှင်၊ မျှ တ စွာ စီ ရင် ဆုံး ဖြတ် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ချိန်း​ချက်​သော အ​ချိန်​ကာ​လ​နှင့် ငါ​တွေ့​ကြုံ​သော​အ​ခါ ဖြောင့်​မတ်​စွာ တ​ရား​စီ​ရင်​မည်။

အခန်းကိုကြည့်ပါ။



ဆာ​လံ 75:2
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ ယုဒ​အမျိုးသား​တို့​သည် ရောက်လာ​၍ ဒါဝိဒ်​အား ယုဒ​အမျိုးအနွယ်​တို့​၏​ဘုရင်​အဖြစ် ထို​နေရာ​တွင် ဘိသိက်ပေး​ကြ​၏​။ သူ​တို့​က ဒါဝိဒ်​အား “ယာဗက်​ဂိလဒ်​မြို့သား​တို့​က ရှောလု​မင်းကြီး​ကို​သင်္ဂြိုဟ်​လိုက်​ကြ​ပါ​ပြီ​”​ဟု ပြောပြ​ကြ​သောအခါ


အစ္စရေး​သက်ကြီးဝါကြီး​အပေါင်း​တို့​သည်​လည်း ရှင်ဘုရင်​ရှိ​ရာ ဟေဗြုန်​မြို့​သို့ ရောက်လာ​ကြ​၏​။ ဟေဗြုန်​မြို့​တွင် ဒါဝိဒ်​မင်းကြီး​သည် ထာဝရဘုရား​ရှေ့​တော်​၌ သူ​တို့​နှင့် ကတိသစ္စာ​ပြု​ပြီးလျှင် သူ​တို့​သည်​လည်း ဒါဝိဒ်​ကို အစ္စရေး​လူမျိုး​၏​ဘုရင်​အဖြစ် ဘိသိက်ပေး​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။


စုံလင်​သော​တရားလမ်း​ကို ဂရုပြု​ပါ​မည်​။ ကိုယ်တော်​သည် အကျွန်ုပ်​ထံသို့ မည်သည့်​အချိန်​မှ ကြွလာ​တော်မူ​မည်နည်း​။ အကျွန်ုပ်​သည် မိမိ​အိမ်​ထဲ​၌ တည်ကြည်​သော စိတ်နှလုံး​ဖြင့် အသက်ရှင်​လျှောက်လှမ်း​ပါ​မည်​။


ကိုယ်တော်​သည် ထ​၍ ဇိအုန်​ကို သနားစုံမက်​တော်မူ​လိမ့်မည်​။ အကြောင်းမူကား ဇိအုန်​ကို​သနား​ရ​မည့်​အချိန်​ဖြစ်​၏​။ သတ်မှတ်​ထား​သော​အချိန်​သည်​လည်း ရောက်လာ​ပြီ​ဖြစ်​၏​။


“​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​တို့​ကို တရားစီရင်​တော်မူ​မည်​။ အကြောင်းမူကား ခပ်သိမ်း​သော​အကြောင်းကိစ္စ​နှင့် ခပ်သိမ်း​သော​အမှု​အတွက် သူ့​အချိန်​ရှိ​၏​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​သည် အကျွန်ုပ်​၏​ဘုရားသခင်​ဖြစ်​တော်မူ​၏​။ အကျွန်ုပ်​သည် ကိုယ်တော့်​ကို ချီးမြှောက်​ပါ​မည်​။ ကိုယ်တော်​၏​နာမ​တော်​ကို ချီးမွမ်း​ပါ​မည်​။ အကြောင်းမူကား ကိုယ်တော်​သည် အံ့ဖွယ်​သော​အမှု​ကို​ပြု​တော်မူ​ပြီ​။ ရှေး​အကြံအစည်​တော်​တို့​ကို မြဲမြံ​သော​သစ္စာ​နှင့်​ပြု​တော်မူ​ပြီ​။


ထို့ကြောင့် ယေရှု​က ညီ​တော်​တို့​အား“ငါ့​အချိန်​မ​ရောက်​သေး။ သင်​တို့​အချိန်​ကား အမြဲ​အဆင်သင့်​ဖြစ်​၏။


ကိုယ်တော်​က​လည်း“ခမည်းတော်​သည် မိမိ​အခွင့်​အာဏာ​ဖြင့် စီရင်​ထား​တော်မူ​သော​ကာလ​များ​၊ သို့မဟုတ် အချိန်အခါ​များ​ကို သင်​တို့​သိ​ရန်​မ​လိုအပ်​ပေ။


အကြောင်းမူကား ဘုရားသခင်​သည် မိမိ​ခန့်အပ်​ထား​သော​အရှင်​အားဖြင့် ကမ္ဘာ​လောက​အား ဖြောင့်မတ်​စွာ​တရား​စီရင်​မည့်​နေ့ရက်​ကို သတ်မှတ်​ထား​တော်မူ​ပြီး ထို​အရှင်​ကို သေ​သော​သူ​တို့​ထဲမှ ထမြောက်​စေ​တော်မူ​ခြင်း​အားဖြင့် လူ​အပေါင်း​တို့​အား ခိုင်လုံ​သော​အထောက်အထား​ကို​ပေး​တော်မူ​၏”​ဟု ဆို​လေ​၏။