ဆာလံ 75:1 - မြန်မာ့စံမီသမ္မာကျမ်း1 အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်၏နာမတော်သည် နီးသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ လူတို့သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ပြောကြားကြပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ အို ဘုရားသခင်၊ ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်ရှင်သည်အဘယ်မျှကြီးမြတ်တော်မူ သည်ကိုထုတ်ဖော်ကြေညာ၍ ပြုတော်မူသောအံ့သြဖွယ်ရာများအကြောင်း ကို ပြောကြားကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible1 အို ဘု ရား သ ခင်၊ နာ မ တော် နီး ကပ် သ ဖြင့်၊ ကိုယ် တော် ကို အ ကျွန်ုပ် တို့ ချီး မွမ်း၍၊ ထော မ နာ ပြု ကြ ပါ၏။ အံ့ ဖွယ် ရာ အ မှု တော် များ ကို၊ လူ တို့ ပြန် ကြား ကြ ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible1 အိုဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ နာမတော်နီးကြောင်းကို အံ့ဖွယ်သော အမှုတော်တို့သည် သက်သေခံကြသည်ဖြစ်၍၊ ကိုယ်တော်ကို ချီးမွမ်းကြပါ၏။ အခန်းကိုကြည့်ပါ။ |