အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
ဆာလံ 7:7 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးတို့၏အစုအဝေးသည် ကိုယ်တော်ကိုဝိုင်းရံကြပါစေ။ ထိုသူတို့အထက် မြင့်သောအရပ်သို့ ပြန်ကြွတော်မူပါ။ Common Language Bible လူအပေါင်းတို့ကိုကိုယ်တော်ရှင်၏ပတ်လည်တွင်စုရုံးစေတော်မူပြီးနောက် အထက်အရပ်မှသူတို့အားအုပ်စိုးတော်မူပါ။ Garrad Bible လူ မျိုး အ စု အ ရုံး တို့ ကို ခြံ ရံ စေ လျက်၊ သူ တို့ အ ထက် ဘ ဝဂ် သို့ ပြန် ကြွ တော် မူ ပါ။ Judson Bible လူမျိုးတို့သည်စည်းဝေး၍ ကိုယ်တော်ကို ဝန်းရံကြလျက်၊ သူတို့အဖို့ မြင့်ရာအရပ်သို့ ပြန်ကြွတော်မူပါ။ |
အကယ်စင်စစ် ထာဝရဘုရားသည် မြင့်မြတ်တော်မူသော်လည်း နှိမ့်ချသောသူတို့ကို ကြည့်ရှုတော်မူ၏။ ဘဝင်မြင့်သောသူတို့ကိုကား အဝေးကပင် သိတော်မူ၏။
အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်၏အရှင်၊ တရားမျှတမှုကိုအကျွန်ုပ်ရရှိရန်နှင့် အကျွန်ုပ်၏အမှုကိစ္စအတွက် နိုးကြွ၍ထတော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ကိုယ်တော်၏တရားစီရင်တော်မူချက်များကြောင့် ဇိအုန်တောင်သည် ဝမ်းမြောက်ပါစေ။ ယုဒသမီးပျိုတို့သည် ရွှင်လန်းကြပါစေ။
ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် အစ္စရေးလူမျိုး၏ဘုရားသခင်ဖြစ်ပါ၏။ လူမျိုးအပေါင်းတို့ကိုဒဏ်ခတ်ရန် ထတော်မူပါ။ သစ္စာမဲ့သောယုတ်ညံ့သူတစ်စုံတစ်ဦးကိုမျှ သနားတော်မမူပါနှင့်။(စေလာ)
မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
ကောင်းကင်မှစ၍ သန့်ရှင်းသူများ၊ တမန်တော်များနှင့် ပရောဖက်များတို့၊ ထိုမြို့၏အဖြစ်ကြောင့် ပျော်ရွှင်ကြလော့။ အကြောင်းမူကား ဘုရားသခင်သည် သင်တို့ဘက်၌နေ၍ ထိုမြို့အပေါ် ပြစ်ဒဏ်စီရင်ခြင်းကိုသက်ရောက်စေတော်မူပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
အကြောင်းမူကား ကိုယ်တော်၏တရားစီရင်တော်မူချက်တို့သည် မှန်ကန်၍ဖြောင့်မတ်၏။ တရားနှင့်မညီမေထုန်ပြုခြင်းအားဖြင့် ကမ္ဘာမြေကြီးအားပျက်စီးစေသည့် ပြည့်တန်ဆာမကြီးကို ကိုယ်တော်သည် စီရင်တော်မူလျက် သူ၏လက်၌စွန်းထင်းသော ကိုယ်တော့်အစေအပါးတို့၏သွေးအတွက် လက်တုံ့ပြန်တော်မူပြီ”ဟု ဆိုကြ၏။