ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
ဆာလံ 7:14 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ထိုသူသည် အပြစ်ဒုစရိုက်ကိုသန္ဓေလွယ်၍ အခက်အခဲပြဿနာကို ကိုယ်ဝန်ဆောင်ကာ မုသားကိုမွေးဖွားလေပြီ။ Common Language Bible သူယုတ်မာတို့သည်မကောင်းမှုပြုရန်အဘယ်သို့စဉ်းစားကြံစည်သည်ကိုကြည့်လော့။ Garrad Bible ကြည့် လော့။ ထို သူ သည် ဒု စ ရိုက် ဖွား ခြင်း ဝေ ဒ နာ ကို ခံ စား လျက်၊ မ ကောင်း သော အ ကြံ ကို သ န္ဓေ ယူ၍၊ မု သာ ကို ဖွား မြင် ပြီ။ Judson Bible ထိုသူသည် ဒုစရိုက်ဖွားသော ဝေဒနာကိုခံရ၏။ မကောင်းသောအကြံအစည်ကို ပဋိသန္ဓေယူ၍၊ စိတ်ပျက်ခြင်းကို ဖွားမြင်တတ်၏။ |
ဆိုးယုတ်သောသူသည် ဝေဒနာများကိုသာ တစ်သက်လုံးခံစားရတတ်၏။ ကြမ်းကြုတ်သောသူတို့အဖို့လည်း ဝေဒနာနှစ်ကာလများ သိုထားလျက်ရှိ၏။
သူတို့သည် အခက်အခဲပြဿနာကို သန္ဓေတည်၍ အပြစ်ဒုစရိုက်ကို မွေးဖွား၏။ သူတို့၏ဝမ်းသည် လိမ်လည်လှည့်ဖြားခြင်းအတွက် အသင့်ရှိတတ်၏”ဟု ဆိုလေ၏။
သင်တို့သည် ဖွဲကိုကိုယ်ဝန်ဆောင်၍ ကောက်ရိုးကို မွေးမည်။ သင်တို့၏ထွက်သက်လေသည် မီးကဲ့သို့ဖြစ်၍ သင်တို့ကိုဝါးမျိုမည်။
သူတို့အပေါ် ဘေးအန္တရာယ်များကို စုပြုံကျရောက်စေမည်။ ငါ့မြားတို့ကို သူတို့ထံ အကုန်ပစ်လွှတ်မည်။
ထိုအခါ တပ်မက်ခြင်းသည် သန္ဓေတည်၍ အပြစ်ကိုဖွားမြင်ပြီး အပြစ်သည် ကြီးပြင်းရင့်မာသောအခါ သေခြင်းကိုဖြစ်ပွားစေ၏။