အချင်းမြေကြီး၊ အရှင်၏ရှေ့တော်တည်းဟူသော ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။
ဆာလံ 68:8 - မြန်မာ့စံမီသမ္မာကျမ်း သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။ Common Language Bible မြေကြီးသည်တုန်လှုပ်၍မိုးကောင်းကင်မှ မိုးရွာပါ၏။ အဘယ်ကြောင့်ဆိုသော် သိနာတောင်၏ဘုရားတည်းဟူသော ဣသရေလအမျိုးသားတို့၏ဘုရားသည် ကြွလာတော်မူသောကြောင့်ဖြစ်ပါ၏။ Garrad Bible ဘု ရား သ ခင့် ရှေ့ တော် တွင် မြေ ပ ထ ဝီ တုန် လှုပ်၍၊ မိုး လည်း ရွာ ရ ပါ၏။ ဣ သ ရေ လ လူ မျိုး တို့ ဘု ရား သ ခင့် ရှေ့ တော်၌၊ သိ နာ တောင် ပင် တုန် လှုပ် ရ ပါ ၏။ Judson Bible ဘုရားသခင်၏မျက်နှာတော်ကြောင့်၊ မြေကြီးလှုပ်၍ မိုးကောင်းကင်သည် ယိုစီးလေ၏။ ဣသရေလအမျိုး၏ ဘုရားသခင်မျက်နှာတော်ကြောင့် သိနာတောင်သည်လည်း တုန်လှုပ်၏။ |
အချင်းမြေကြီး၊ အရှင်၏ရှေ့တော်တည်းဟူသော ယာကုပ်၏ဘုရားသခင့်ရှေ့တော်၌ တုန်လှုပ်လျက်နေလော့။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားသည် ထာဝရကာလမှ ထာဝရကာလတိုင်အောင် မင်္ဂလာရှိပါစေသော။ အာမင်နှင့် အာမင်။
အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
ကိုယ်တော်၏ထစ်ချုန်းသံသည် လေပွေ၌ပါ၍ လျှပ်စီးတို့သည် ကမ္ဘာလောကကိုလင်းလက်စေပါ၏။ ကမ္ဘာမြေကြီးသည် တုန်ခါလှုပ်ရမ်းပါ၏။
ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
တတိယနေ့ နံနက်ရောက်သောအခါ တောင်ပေါ်၌ ထူထပ်သောမိုးတိမ်နှင့်တကွ မိုးချုန်းသံများ၊ လျှပ်စီးလက်ခြင်းများဖြစ်၍ အလွန်ကျယ်လောင်သောတံပိုးမှုတ်သံမြည်လေ၏။ ထိုအခါ စခန်းထဲရှိ လူအပေါင်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြ၏။
ထာဝရဘုရားသည် သိနာတောင်ပေါ်သို့ မီးဖြင့်ကြွဆင်းတော်မူသောကြောင့် တစ်တောင်လုံးမီးခိုးထွက်လေ၏။ မီးခိုးသည် မီးပြင်းဖို၏မီးခိုးကဲ့သို့တက်၏။ တောင်တစ်တောင်လုံးသည်လည်း ပြင်းထန်စွာတုန်လှုပ်လေ၏။
ငါသည် သင့်ကို အမည်ဖြင့်ခေါ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူကြောင်းကို သင်သိရှိစေရန် အမှောင်ထဲမှဥစ္စာဘဏ္ဍာ၊ လျှို့ဝှက်သောအရပ်မှဝှက်ထားသောဘဏ္ဍာတို့ကို သင့်အားငါပေးမည်။
ကိုယ်တော်သည် မိုးကောင်းကင်ကိုဆုတ်ဖြဲ၍ ဆင်းသက်တော်မူလျှင် တောင်တို့သည် ကိုယ်တော်၏ရှေ့တော်တွင် လှုပ်ကြပါလိမ့်မည်။
အကျွန်ုပ်တို့မမျှော်လင့်သည့် ကြောက်မက်ဖွယ်ရာတို့ကို ကိုယ်တော်ပြုတော်မူသောအခါ၊ ကိုယ်တော်ကြွဆင်းတော်မူသောအခါ တောင်တို့သည် ကိုယ်တော်၏ရှေ့တော်၌ လှုပ်ကြပါ၏။
ကိုယ်တော်၏လူမျိုးတော်ကိုကယ်တင်ရန်နှင့် ကိုယ်တော်ဘိသိက်ပေးထားသောသူကိုကယ်တင်ရန် ကြွလာတော်မူပြီ။ အိမ်ကို အုတ်မြစ်မှအမိုးတိုင်အောင်လှန်ပစ်သကဲ့သို့ ဆိုးယုတ်သောအမျိုးအနွယ်၏အကြီးအမှူးကို ချေမှုန်းတော်မူ၏။ (စေလာ)
ထိုစဉ်က ကိုယ်တော်၏အသံတော်သည် မြေကြီးကိုတုန်လှုပ်စေ၏။ ယခုမူကား ကိုယ်တော်က “ငါသည် နောက်တစ်ဖန် မြေကြီးကိုသာမကဘဲ ကောင်းကင်ကိုပါ တုန်လှုပ်စေမည်”ဟု ကတိထားတော်မူ၏။
ထို့နောက် ကောင်းကင်၌ရှိသော ဘုရားသခင်၏ဗိမာန်တော်သည်ပွင့်၍ ထိုဗိမာန်တော်ထဲတွင် ကိုယ်တော်၏ပဋိညာဉ်သေတ္တာတော်ကို တွေ့မြင်ရ၏။ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်း၊ မိုးချုန်းခြင်း၊ ငလျင်လှုပ်ခြင်းနှင့် ကြီးမားသောမိုးသီးကျခြင်းတို့လည်း ဖြစ်ပေါ်လေ၏။
ဒေဗောရက ဗာရက်အား “ဤနေ့ကား သိသရကို သင့်လက်သို့ ထာဝရဘုရား အပ်တော်မူသောနေ့ ဖြစ်၏။ ထာဝရဘုရားသည် သင့်ရှေ့မှချီတော်မူသည်မဟုတ်လော”ဟု ဆိုသော် ဗာရက်သည် လူတစ်သောင်းနှင့်အတူ တာဗော်တောင်မှဆင်းသွားကြ၏။