သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ဆာလံ 66:13 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် ကိုယ်တော်၏အိမ်တော်သို့ မီးရှို့ရာယဇ်များပါလျက်လာပါမည်။ အကျွန်ုပ်၏ကတိသစ္စာများကို ကိုယ်တော့်ထံပြည့်စုံစေပါမည်။ Common Language Bible ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်၏အိမ်တော် သို့ မီးရှို့ရာပူဇော်သကာကိုယူဆောင်လာပါမည်။ ကိုယ်တော်ရှင်အားကျွန်တော်မျိုးပြုခဲ့သည့် ကတိသစ္စာဝတ်ကိုဖြေပါမည်။ Garrad Bible မီး ရှို့ ရာ ပူ ဇော် သ က္ကာ နှင့်၊ ဗိ မာန် တော် သို့ ဝင် လျက်၊ Judson Bible မီးရှို့ရသောယဇ်ပါလျက် အိမ်တော်သို့ အကျွန်ုပ်သွားပါမည်။ |
သင်ဆုတောင်းသောအခါ ကိုယ်တော်သည် နားညောင်းတော်မူမည်။ သင်ပြုထားသောကတိသစ္စာများကိုလည်း သင်ပြည့်စုံစေနိုင်လိမ့်မည်။
ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏တံခါးများထဲသို့လည်းကောင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းဖြင့် ကိုယ်တော်၏အိမ်တော်ဝင်းထဲသို့လည်းကောင်း ဝင်ကြလော့။ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။
ထာဝရဘုရားထံပြုထားသော ငါ၏ကတိသစ္စာများကို ကိုယ်တော်၏လူမျိုးတော်အားလုံးရှေ့၌ ငါပြည့်စုံစေမည်။
ဖြောင့်မတ်ခြင်းတံခါးတို့ကို ငါ့အတွက်ဖွင့်ပေးကြလော့။ ငါသည် ထိုတံခါးတို့မှဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်းမည်။
ထာဝရဘုရားသည် ဘုရားသခင်ဖြစ်တော်မူ၏။ ငါတို့အား အလင်းကိုလည်း ပေးတော်မူ၏။ ပွဲတော်ပူဇော်သက္ကာကို ယဇ်ပလ္လင်၏ဦးချို၌ ကြိုးနှင့်ချည်ထားကြလော့။
လူအစုအဝေးကြီးအလယ်၌ အကျွန်ုပ်၏ချီးမွမ်းခြင်းအကြောင်းသည် ကိုယ်တော့်ထံမှလာပါ၏။ ကိုယ်တော်ကိုကြောက်ရွံ့သောသူတို့ရှေ့၌ အကျွန်ုပ်၏ကတိသစ္စာများကိုပြည့်စုံစေပါမည်။
အို ဘုရားသခင်၊ ကိုယ်တော့်ထံပြုထားသောကတိသစ္စာများသည် အကျွန်ုပ်၌ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်တော်အား ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ၎င်းကိုပြည့်စုံစေပါမည်။
ဆုတောင်းချက်ကိုနားညောင်းတော်မူသောအရှင်၊ လူအပေါင်းတို့သည် ကိုယ်တော့်ထံသို့ လာကြပါလိမ့်မည်။
ဘုရားသခင်အား ကတိသစ္စာပြုသောအခါ ၎င်းကိုပြည့်စုံစေရန် မနှောင့်နှေးစေနှင့်။ အကြောင်းမူကား ကိုယ်တော်သည် မိုက်မဲသောသူကို နှစ်သက်တော်မမူ။ သင်ကတိသစ္စာပြုထားသည့်အတိုင်း ပြည့်စုံစေလော့။
အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။
ကြည့်ရှုလော့။ ကောင်းမြတ်သောသတင်းကို ယူဆောင်လာသူ၊ ငြိမ်သက်ခြင်းသတင်းကြားပြောသူ၏ခြေတို့ကို တောင်များပေါ်တွင် တွေ့ရ၏။ အို ယုဒ၊ ပွဲတော်များကို ကျင်းပလော့။ ကတိသစ္စာဝတ်ကို ဖြေလော့။ ဆိုးညစ်သောသူကို သုတ်သင်ပစ်ပြီဖြစ်၍ သင့်ထံ ဝင်ရောက်ကျူးကျော်နိုင်တော့မည်မဟုတ်။
သင်၏ဘုရားသခင်ထာဝရဘုရားအား သင့်ဆန္ဒရှိ၍ သင့်နှုတ်ဖြင့်ကတိသစ္စာပြုခဲ့သည့်အတိုင်း ထိုနှုတ်ထွက်ကတိသစ္စာကို ကြိုးစားလုပ်ဆောင်ရမည်။
သင်သည် မိမိအိမ်နီးချင်း၏စပျစ်ခြံထဲသို့ဝင်သောအခါ စပျစ်သီးကို သင်စားလိုသမျှ အဝစားခွင့်ရှိ၏။ သို့သော် သင့်အိတ်ထဲ ထည့်ယူမသွားရ။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။