ဤသို့ဖြင့် ရှင်ဘုရင်သည် နောက်လိုက်အခြွေအရံအားလုံးနှင့်တကွ ထွက်သွားရာ ရပ်ဝေးသို့ရောက်လျှင် အိမ်တစ်အိမ်၌ ရပ်နားကြ၏။
ဆာလံ 66:12 - မြန်မာ့စံမီသမ္မာကျမ်း လူတို့ကို အကျွန်ုပ်တို့၏ခေါင်းပေါ်၌ ကျော်နင်းစေတော်မူပြီ။ အကျွန်ုပ်တို့သည် မီးထဲ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း ဖြတ်သွားကြရပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကြွယ်ဝသောအရပ်သို့ခေါ်ဆောင်တော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။ သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။ Garrad Bible ဦး ခေါင်း ပေါ် မှာ၊ လူ တို့ ကို စီး နင်း စေ လျက်၊ မီး၌ လည်း ကောင်း၊ ရေ၌ လည်း ကောင်း၊ ဆင်း စေ ခြင်း ပြု တော် မူ သော် လည်း၊ ကြွယ် ဝ ရာ အ ရပ် သို့ ထုတ် ဆောင် တော် မူ ပါ ပြီ။ Judson Bible အကျွန်ုပ်တို့ခေါင်းပေါ်မှာ သူတစ်ပါးကိုစီးစေတော်မူပြီ။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။ |
ဤသို့ဖြင့် ရှင်ဘုရင်သည် နောက်လိုက်အခြွေအရံအားလုံးနှင့်တကွ ထွက်သွားရာ ရပ်ဝေးသို့ရောက်လျှင် အိမ်တစ်အိမ်၌ ရပ်နားကြ၏။
သင့်ကိုလည်း ဆင်းရဲတွင်းထဲမှ အတိုင်းမသိကျယ်ဝန်းရာသို့ ဆောင်ယူတော်မူ၏။ သင့်အဖို့ စားပွဲပေါ်တွင် အဆီအနှစ်နှင့်ပြည့်သောအစာကို တည်ခင်းပေးထားတော်မူ၏။
ဆင်းရဲဒုက္ခခြောက်မျိုးထဲမှ သင့်ကို ကယ်နုတ်တော်မူမည်။ ခုနစ်မျိုးသောဘေးအန္တရာယ်သည်လည်း သင့်ကို ထိခိုက်နိုင်မည်မဟုတ်။
ထိုသို့ကြည့်ရှုတော်မူခြင်းမှာ သူတို့၏စိတ်ဝိညာဉ်ကို သေခြင်းမှကယ်နုတ်ရန်နှင့် ငတ်မွတ်ခေါင်းပါးသည့်ကာလ၌ သူတို့ကိုဆက်၍အသက်ရှင်စေရန်ဖြစ်၏။
‘ငါတို့ ဖြတ်သွားမည်။ ဝပ်နေလော့’ဟု ဆိုကြသဖြင့် ဖြတ်သွားသောသူတို့အတွက် သင်သည် သင့်ကျောကုန်းကို မြေပြင်သဖွယ်၊ လမ်းသဖွယ်ခင်းပေးခဲ့ရ၏။ ထိုသို့ သင့်ကို အနိုင်ကျင့်ခဲ့သောသူတို့လက်ထဲသို့ ထိုဖလားကို ငါထည့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် နေဗုခဒ်နေဇာမင်းကြီးသည် မီးတောက်နေသောမီးပြင်းဖိုအဝသို့ သွား၍ “အမြင့်ဆုံးသောဘုရားသခင်၏ကျွန် ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့၊ ထွက်လာကြလော့။ မီးထဲမှ ထွက်လာကြလော့”ဟု မိန့်ဆို၏။ ရှာဒရက်၊ မေရှက်၊ အဗေဒနေဂေါတို့ကလည်း မီးထဲမှ ထွက်လာကြ၏။
သို့သော် အာဗြဟံက ‘ငါ့သား၊ သင်သည်အသက်ရှင်စဉ်အခါ မိမိအတွက် ကောင်းသောအရာများကိုရရှိခဲ့၍ လာဇရုသည် မကောင်းသောအရာများကိုရရှိခဲ့ကြောင်း သတိရလော့။ ယခုမူကား သူသည်ဤနေရာတွင် နှစ်သိမ့်ခြင်းကိုခံစားရ၍ သင်သည် ဝေဒနာပြင်းစွာခံစားနေရ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သည်းခံသောသူတို့သည် မင်္ဂလာရှိ၏ဟု ငါတို့ယူဆကြ၏။ ယောဘ၏သည်းခံခြင်းကို သင်တို့ကြားရကြပြီ။ နောက်ဆုံးတွင် ထာဝရဘုရားပြုတော်မူသောအမှုအားဖြင့် ကိုယ်တော်သည် အလွန်ကြင်နာတတ်၍ ကရုဏာနှင့်ပြည့်စုံတော်မူသောအရှင်ဖြစ်ကြောင်းကိုလည်း သင်တို့တွေ့မြင်ရကြ၏။