ဆာလံ 66:12 - Common Language Bible12 ကိုယ်တော်ရှင်သည်ရန်သူတို့အားကျွန်တော်မျိုး တို့ကို ကျော်နင်းခွင့်ပေးတော်မူပါ၏။ ကျွန်တော်မျိုးတို့သည်မီးဘေးရေဘေးတို့နှင့် ကြုံတွေ့ရပါ၏။ သို့ရာတွင်ယခုအခါ၌ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးတို့အားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါပြီ။ အခန်းကိုကြည့်ပါ။Garrad Bible12 ဦး ခေါင်း ပေါ် မှာ၊ လူ တို့ ကို စီး နင်း စေ လျက်၊ မီး၌ လည်း ကောင်း၊ ရေ၌ လည်း ကောင်း၊ ဆင်း စေ ခြင်း ပြု တော် မူ သော် လည်း၊ ကြွယ် ဝ ရာ အ ရပ် သို့ ထုတ် ဆောင် တော် မူ ပါ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible12 အကျွန်ုပ်တို့ခေါင်းပေါ်မှာ သူတစ်ပါးကိုစီးစေတော်မူပြီ။ မီး၌လည်းကောင်း၊ ရေ၌လည်းကောင်း သွားရသော်လည်း၊ ကျေးဇူးတော်ကြောင့် ကြွယ်ဝခြင်းသို့ ရောက်ကြပါ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 လူတို့ကို အကျွန်ုပ်တို့၏ခေါင်းပေါ်၌ ကျော်နင်းစေတော်မူပြီ။ အကျွန်ုပ်တို့သည် မီးထဲ၌လည်းကောင်း၊ ရေထဲ၌လည်းကောင်း ဖြတ်သွားကြရပါ၏။ သို့သော် ကိုယ်တော်သည် အကျွန်ုပ်တို့ကို ကြွယ်ဝသောအရပ်သို့ခေါ်ဆောင်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍နေဗုခဒ်နေဇာမင်းသည် ပြင်းစွာ အလျှံထလျက်နေသောမီးဖိုကြီးအဝ သို့ချဉ်းကပ်ပြီးလျှင်``အမြင့်မြတ်ဆုံးသော ဘုရားသခင်၏အစေခံရှာဒရက်၊ မေရှက် နှင့်အဗေဒနေဂေါတို့၊ မီးဖိုထဲမှထွက်လာ ကြလော့'' ဟုမိန့်တော်မူ၏။ ထိုအခါသူတို့ သည်ချက်ချင်းပင်ထွက်လာကြ၏။-
သူတို့သည်ခံနိုင်ရည်ရှိသူများဖြစ်သဖြင့် သူတို့အားမင်္ဂလာရှိသူများဟူ၍ငါတို့ ခေါ်ကြ၏။ ယောဘမည်သို့ခံနိုင်ရည်ရှိသည် ကိုသင်တို့ကြားသိခဲ့ကြလေပြီ။ နောက်ဆုံး၌ သူ့အားထာဝရဘုရားအဘယ်သို့ကြည့်ရှု တော်မူကြောင်းကိုလည်းသင်တို့သိကြ၏။ အဘယ်ကြောင့်ဆိုသော်ထာဝရဘုရား သည် သနားကြင်နာတော်မူ၍ကရုဏာ တော်နှင့်ပြည့်စုံတော်မူသောအရှင်ဖြစ် တော်မူသောကြောင့်တည်း။