အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။
ဆာလံ 64:9 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူအပေါင်းတို့သည် ကြောက်ရွံ့၍ ဘုရားသခင်၏လုပ်ဆောင်တော်မူချက်ကို ပြောကြားကာ ကိုယ်တော်ပြုတော်မူသောအမှုကို ဂရုပြုကြလိမ့်မည်။ Common Language Bible ထိုသူအပေါင်းတို့သည်ကြောက်လန့်လျက် ဘုရားသခင်စီရင်တော်မူသောအမှုကို ဆင်ခြင်ကာ ကိုယ်တော်ပြုတော်မူသောအမှုတော်များ အကြောင်းကို ပြောကြားကြလိမ့်မည်။ Garrad Bible ဘု ရား သ ခင့် အ စီ အ ရင် တော် ကို စဉ်း စား ၍၊ အ မှု တော် ကို ကြော် ငြာ ကြ လိမ့် မည်။ Judson Bible လူအပေါင်းတို့သည်လည်း ကြောက်ရွံ့၍၊ ဘုရားသခင် စီရင်တော်မူကြောင်းကို နားလည်သဖြင့် အမှုတော်ကို ကြားပြောကြလိမ့်မည်။ |
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကို အစဉ်အမြဲ စွဲလမ်းတောင့်တသောအားဖြင့် ကြေကွဲလျက်ရှိပါ၏။
မီးခဲများသည် သူတို့အပေါ်သို့ကျရောက်ပါစေသော။ သူတို့သည် မီးထဲသို့လည်းကောင်း၊ တွင်းနက်ထဲသို့လည်းကောင်း ပစ်ချခြင်းခံရပါစေသော။ တစ်ဖန် မထကြပါစေနှင့်။
အကျွန်ုပ်တို့၏ဘုရားသခင်ကို ချီးမွမ်းရာသီချင်းအသစ်ကိုလည်း အကျွန်ုပ်၏နှုတ်၌ သွင်းပေးတော်မူ၏။ များစွာသောလူတို့သည် မြင်၍ကြောက်ရွံ့လျက် ထာဝရဘုရားကို ယုံကြည်ကိုးစားကြလိမ့်မည်။
သူတို့သည် ကြောက်ရွံ့စရာမရှိဘဲ အလွန်ကြောက်ရွံ့ကြ၏။ အကြောင်းမူကား ဘုရားသခင်သည် သင့်တစ်ဖက်၌ တပ်ချထားသောသူတို့၏အရိုးများကို ပြန့်ကျဲစေတော်မူ၏။ ဘုရားသခင်သည် သူတို့ကိုစွန့်ပယ်တော်မူသောကြောင့် သင်သည် သူတို့ကိုအရှက်ကွဲစေလိမ့်မည်။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
သူတို့ကို အမျက်ဒေါသဖြင့် အပြီးသတ်သုတ်သင်တော်မူပါ။ သူတို့မရှိတော့သည်အထိ အပြီးသတ်သုတ်သင်တော်မူပါ။ ထိုအခါ ဘုရားသခင်သည် ယာကုပ်မှစ၍ ကမ္ဘာမြေအစွန်းတိုင်အောင် အုပ်စိုးတော်မူကြောင်း သိကြပါလိမ့်မည်။(စေလာ)
သူတို့၏စားသောက်ပွဲများ၌ စောင်းကောက်၊ စောင်းပြား၊ ပတ်သာ၊ ပလွေ၊ စပျစ်ဝိုင်တို့ပါရှိ၏။ သူတို့သည် ထာဝရဘုရားပြုသောအမှုကို အလေးမထားကြ။ ကိုယ်တော်၏လက်တော်ဖြင့်လုပ်သောအရာကိုလည်း မမြင်ကြ။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ငါတို့ဖြောင့်မတ်ကြောင်း ထာဝရဘုရားပြသတော်မူပြီ။ လာကြ။ ငါတို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုကို ဇိအုန်မြို့တွင် ပြောကြားကြစို့။
သူတို့၏အပြုအမူအကျင့်အကြံတို့ကို သင်တို့မြင်ရသောအခါ သင်တို့စိတ်သက်သာရာရလိမ့်မည်။ ဂျေရုဆလင်မြို့ကို ငါစီရင်ခဲ့သည်မှာ အကြောင်းမဲ့မဟုတ်ကြောင်းကို သင်တို့သိကြလိမ့်မည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။
ထိုအချိန်နာရီ၌ပင် ပြင်းထန်သောငလျင်လှုပ်၍ မြို့၏ဆယ်ပုံတစ်ပုံသည် ပြိုလဲသွား၏။ ထိုငလျင်ကြောင့် လူပေါင်းခုနစ်ထောင်သေကြ၏။ ကြွင်းကျန်သောသူတို့သည် ကြောက်လန့်ကြလျက် ကောင်းကင်ဘုံရှင်ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြ၏။