Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဆာ​လံ 53:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သူ​တို့​သည် ကြောက်ရွံ့စရာ​မ​ရှိ​ဘဲ အလွန်​ကြောက်ရွံ့​ကြ​၏​။ အကြောင်းမူကား ဘုရားသခင်​သည် သင့်​တစ်ဖက်​၌ တပ်ချ​ထား​သော​သူ​တို့​၏​အရိုး​များ​ကို ပြန့်ကျဲ​စေ​တော်မူ​၏​။ ဘုရားသခင်​သည် သူ​တို့​ကို​စွန့်ပယ်​တော်မူ​သောကြောင့် သင်​သည် သူ​တို့​ကို​အရှက်ကွဲ​စေ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ကိုယ်​တော့် လူ​စု​တော်​၏ ရန်​သူ​များ​၏​အ​ရိုး​များ​ကို ဖ​ရို​ဖ​ရဲ​ကွဲ​လွင့်​စေ​တော်​မူ​မည်​ဖြစ်​၍​သူ​တို့​သည် တစ်​ခါ​မျှ​မ​ခံ​စား​ခဲ့​ဘူး​သည့်​ကြောက်​ခြင်း​မျိုး ဖြင့် အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည်​သူ​တို့​ကို​ပစ်​ပယ်​တော်​မူ ပြီ​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​လုံး​ဝ​အ​နိုင် ရ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သင့် တစ် ဘက်၌ တပ် စွဲ သူ တို့ အ ရိုး များ ကို၊ ဘု ရား သ ခင် ကွဲ လွင့် စေ တော် မူ သော ကြောင့်၊ ကြောက် ရွံ့ ဖွယ် မ ရှိ ရာ တွင်၊ အ လွန် ကြောက် ရွံ့ လျက် ရှိ နေ ကြ၏။ ဘု ရား သ ခင် ငြင်း ပယ် တော် မူ သော ကြောင့်၊ ထို သူ တို့ ကို သင် အ ရှက် ခွဲ ရ လေ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 သို့​ဖြစ်၍ ကြောက်​လန့်​စ​ရာ​မ​ရှိ​သော်​လည်း၊ အ​လွန်​ကြောက်​လန့်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင့်​ကို​ဝန်း​ရံ၍ တပ်​ချ​သော​သူ၏​အ​ရိုး​တို့​ကို ဘု​ရား​သ​ခင်​သည် ဖ​ရို​ဖ​ရဲ​ကွဲ​ပြား​စေ​တော်​မူ​မည်။ သူ​တို့​ကို ဘု​ရား​သ​ခင် ရှုတ်​ချ​တော်​မူ​သော​ကြောင့်၊ သင်​သည် သူ​တို့​ကို​အ​ရှက်​ခွဲ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဆာ​လံ 53:5
22 ပူးပေါင်းရင်းမြစ်များ  

ကြောက်မက်ဖွယ်​အသံ​များ​ကို​သာ သူ့​နား​တွင် ကြား​နေ​ရ​၏​။ ငြိမ်းချမ်း​နေ​ချိန်​တွင်ပင် သူ့​ထံ ဖျက်ဆီး​ခြင်း​ဘေး ရောက်လာ​တတ်​၏​။


ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​၏ မျိုးဆက်​နှင့်အတူ​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် အလွန်​ကြောက်ရွံ့​ကြ​ပြီ​တကား​။


မြေ​ကို​တူး​၍​ခွဲခြေ​လိုက်​သကဲ့သို့ အကျွန်ုပ်​တို့​၏​အရိုး​များ​သည် မရဏာနိုင်ငံ​အဝင်ဝ​တွင် ပြန့်ကျဲ​လျက်​ရှိ​ကြ​ပါ​၏​။


ကောင်းကင်ဘုံ​၌ ထိုင်​တော်မူ​သော​အရှင်​သည် ရယ်မော​တော်မူ​၏​။ ဘုရားရှင်​သည် သူ​တို့​ကို​ပြက်ရယ်ပြု​တော်မူ​၏​။


အကျွန်ုပ်​ဒုက္ခ​ရောက်​သည်​ကို ဝမ်းမြောက်​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​နှင့်ယှဉ်၍ မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တို့​သည် အရှက်ကွဲ​ခြင်း​နှင့် အသရေပျက်​ခြင်း​ကို ဝတ်ဆင်​ကြ​ရ​ပါစေသော​။


အကျွန်ုပ်​အသက်​ကို​ရန်ရှာ​သော​သူ​တို့​သည် အရှက်ကွဲ​၍ အသရေပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ဒုက္ခ​ရောက်​ရန်​ကြံစည်​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။


အကျွန်ုပ်​အသက်​ကို​ဖျက်ဆီး​ရန် ရှာကြံ​သော​သူ​တို့​သည် အတူတကွ​အရှက်ကွဲ​၍ မျက်နှာပျက်​ကြ​ရ​ပါစေသော​။ အကျွန်ုပ်​ကို​ဒုက္ခရောက်​စေ​လို​သော​သူ​တို့​သည် နောက်​သို့​ပြန်ဆုတ်​၍ အသရေပျက်​ကြ​ရ​ပါစေသော​။


အိပ်မက်​မှ နိုးလာ​သကဲ့သို့ အို ဘုရားရှင်​၊ ကိုယ်တော်​နိုး​တော်မူ​သောအခါ သူ​တို့​၏​ရုပ်သွင်​ကို မေ့ပျောက်​တော်မူ​လိမ့်မည်​။


ဆိုးယုတ်​သော​သူ​သည် လိုက်​သော​သူ​မ​ရှိ​ဘဲ​လျက် ထွက်ပြေး​တတ်​၏​။ ဖြောင့်မတ်​သော​သူ​မူကား ခြင်္သေ့ပျို​ကဲ့သို့​ရဲရင့်တည်ကြည်​၏​။


ထာဝရဘုရား​က “​ငါ​သည် သင့်​ကို လူမျိုးခြား​တို့​တွင် သေးသိမ်​သော​သူ​၊ လူ​တို့​တွင် အထင်သေး​ခံရ​သော​သူ ဖြစ်​စေ​မည်​။


ထို​သူ​တို့​ကို ထာဝရဘုရား​ပယ်​တော်မူ​ပြီ​ဖြစ်၍ သူ​တို့​သည် ပယ်​ထား​သော​ငွေ​ဟူ၍ အခေါ်​ခံရ​မည်​။


တဲ​တော်​ကို ပြောင်တလင်းခါ​နေ​သော​ဥယျာဉ်​ကဲ့သို့ ဖြစ်​စေ​တော်မူ​ပြီ​။ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ကို ဖျက်ဆီး​တော်မူ​ပြီ​။ ထာဝရဘုရား​သည် ဇိအုန်​မြို့​အား ပွဲတော်​နေ့​၊ ဥပုသ်နေ့​ကို မေ့​စေ​တော်မူ​ပြီ​။ အမျက်​ပြင်းစွာ​ဖြင့် ရှင်ဘုရင်​နှင့်​ယဇ်ပုရောဟိတ်​ကို ပစ်ပယ်​တော်မူ​ပြီ​။


သင်​တို့​၏​ရုပ်တု​များ​ရှေ့​တွင် အစ္စရေး​အမျိုးသား​တို့​၏​အလောင်း​ကို ပစ်​ထား​မည်​။ ယဇ်ပလ္လင်​ဝန်းကျင်​တွင် အရိုး​များ​ကို ကြဲဖြန့်​ထား​မည်​။


သင်​တို့​ကို ငါ​မျက်နှာ​လွှဲ​မည်​။ သင်​တို့​သည် သင်​တို့​၏​ရန်သူ​ရှေ့​၌ ရှုံးနိမ့်​ရ​လိမ့်မည်​။ သင်​တို့​ကို​မုန်းတီး​သော​သူ​တို့​သည် သင်​တို့​ကို အုပ်စိုး​လိမ့်မည်​။ လိုက်​သော​သူ​မ​ရှိ​သော်လည်း သင်​တို့​သည် ထွက်ပြေး​ရ​လိမ့်မည်​။


သင်​တို့​ထဲမှ အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​သည် ရန်သူ​တို့​၏​ပြည်​၌​နေ​ကြ​ရ​စဉ် သူ​တို့​၏​စိတ်နှလုံး​ထဲသို့ ထိတ်လန့်​ခြင်း​ကို ငါ​သွင်း​မည်​။ လေ​တိုက်​၍​လှုပ်​သော​သစ်ရွက်​အသံ​သည် သူ​တို့​ကို​ထွက်ပြေး​စေ​လိမ့်မည်​။ သူ​တို့​သည် လိုက်​သော​သူ​မ​ရှိ​သော်လည်း ဓားဘေး​မှ​ထွက်ပြေး​သော​သူ​ကဲ့သို့ ပြေး​ကြ​၍ လဲကျ​ကြ​လိမ့်မည်​။


တပ်စခန်း​အတွင်း အပြင်​ရှိ ကင်းတပ်သား​အားလုံး ကြောက်ရွံ့​ကြ​ကုန်​၏​။ အသေခံ​တပ်သား​များ​လည်း ထိတ်လန့်​ကြ​လေ​၏​။ ထိုစဉ်တွင် ငလျင်​ပါ​လှုပ်​သဖြင့် ပို၍​ကြောက်ရွံ့​ကြ​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ