ပူဆွေးသောကများကြောင့် ငါ့မျက်စိများလည်း မှုန်လေပြီ။ ငါ့ကိုယ်အင်္ဂါရှိသမျှလည်း အရိပ်သဖွယ် ဖြစ်ကုန်ပါပြီ။
ဆာလံ 6:8 - မြန်မာ့စံမီသမ္မာကျမ်း အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။ Common Language Bible အကျင့်ဆိုးယုတ်သူတို့၊ငါ့ထံမှထွက်သွား ကြလော့။ ထာဝရဘုရားသည်ငါ၏ငိုကြွေးသံကို ကြားတော်မူ၏။ Garrad Bible ဒု စ ရိုက် ပြု ကျင့် သူ အ ပေါင်း တို့၊ ငါ့ ထံ မှ ထွက် သွား ကြ။ ငါ့ ငို ကြွေး သံ ကို ထာ ဝ ရ ဘု ရား ကြား နာ တော် မူ ပြီ။ Judson Bible မတရားသဖြင့် ပြုသောသူအပေါင်းတို့၊ ငါ့ထံမှ ဖယ်သွားကြ။ ငါငိုကြွေးသံကို ထာဝရဘုရား ကြားတော်မူ၏။ |
ပူဆွေးသောကများကြောင့် ငါ့မျက်စိများလည်း မှုန်လေပြီ။ ငါ့ကိုယ်အင်္ဂါရှိသမျှလည်း အရိပ်သဖွယ် ဖြစ်ကုန်ပါပြီ။
အကယ်စင်စစ် ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို သေခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏မျက်စိကို ငိုကြွေးခြင်းမှလည်းကောင်း၊ အကျွန်ုပ်၏ခြေကို ခလုတ်တိုက်ခြင်းမှလည်းကောင်း လွတ်မြောက်စေတော်မူပြီ။
ဆိုးညစ်သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ခွာကြလော့။ ငါသည် ငါ့ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာကျင့်သုံးမည်။
အို ဘုရားသခင်၊ ဆိုးယုတ်သောသူတို့ကို ကိုယ်တော် ကွပ်မျက်တော်မူလျှင် ကောင်းပေလိမ့်မည်။ သွေးဆာသောသူတို့၊ ငါ့ထံမှထွက်သွားကြလော့။
ထာဝရဘုရားသည် မိမိကိုခေါ်သောသူအားလုံး၊ သမ္မာတရားနှင့်အညီ မိမိကိုခေါ်သောသူအားလုံး၏ အနီးတွင်ရှိတော်မူ၏။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
အကြောင်းမူကား အကျွန်ုပ်၏အသက်တာသည် ဝမ်းနည်းခြင်းဖြင့်လည်းကောင်း၊ အကျွန်ုပ်၏နှစ်ကာလတို့သည် ညည်းတွားခြင်းဖြင့်လည်းကောင်း ကုန်လွန်ခဲ့ပါပြီ။ အကျွန်ုပ်၏ဒုစရိုက်ကြောင့် အကျွန်ုပ်၏ခွန်အားသည် ချည့်နဲ့သွား၍ အကျွန်ုပ်၏အရိုးတို့သည် အားလျော့ကြပါပြီ။
အကျွန်ုပ်၏လှည့်လည်သွားလာနေရခြင်းကို ကိုယ်တော်မှတ်တမ်းတင်တော်မူပြီ။ အကျွန်ုပ်၏မျက်ရည်တို့ကို ကိုယ်တော်၏သားရေဘူးထဲ၌ထည့်ထားတော်မူပါ။ ၎င်းတို့သည် ကိုယ်တော်၏မှတ်တမ်းထဲတွင် ရှိကြသည်မဟုတ်လော။
ဂျေရုဆလင်မြို့တွင်နေထိုင်သော အို ဇိအုန်မြို့သားတို့၊ သင်တို့ ငိုကြွေးရတော့မည်မဟုတ်။ ကိုယ်တော်သည် သင်တို့အော်ဟစ်သောအခါ သင်တို့ကို အမှန်ပင်သနားတော်မူမည်။ သင်တို့အော်ဟစ်သံကို ကြားသောအခါ ထူးတော်မူမည်။
“အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး အော်ဟစ်ငိုကြွေးလေ၏။
“သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။
အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။
သို့သော် သခင်က ‘သင်တို့သည် အဘယ်ကလာကြသည်ကို ငါမသိ။ မတရားမှုကိုပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့’ဟု သင်တို့အားဆိုလိမ့်မည်။
ခရစ်တော်သည် လူသားအဖြစ်၌ရှိစဉ် သေခြင်းမှကယ်တင်နိုင်သောအရှင်ထံ ကျယ်လောင်သောအော်ဟစ်သံနှင့်မျက်ရည်တို့ဖြင့် တောင်းလျှောက်၍ အသနားခံသဖြင့် ထိုကြည်ညိုမှုကြောင့် ဘုရားသခင်သည် နားညောင်းတော်မူ၏။