ဆာလံ 58:4 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။ သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင် မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။ Common Language Bible သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ အသံကိုသော်လည်းကောင်း၊ကျင်လည်သော မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။ Garrad Bible သူ တို့၏ အ ဆိပ် သည် မြွေ ဆိပ် နှင့် တူ၏။ နား ပင်း သော မြွေ ပွေး ထပ် တူ နား ပိတ် လျက်၊ Judson Bible သူတို့အဆိပ်သည် မြွေအဆိပ်နှင့် တူ၏။ နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ |
ထာဝရဘုရားသည် မွှေးကြိုင်သောရနံ့ကိုခံယူတော်မူ၏။ ထိုအခါ ထာဝရဘုရားက “လူတို့၏စိတ်နှလုံးအကြံအစည်များသည် ငယ်ရွယ်စဉ်ကတည်းက ဆိုးညစ်သော်လည်း ငါသည် လူတို့ကြောင့် မြေကြီးကို နောက်တစ်ဖန် မည်သည့်အခါမျှကျိန်တော့မည်မဟုတ်။ ငါသည် သက်ရှိသတ္တဝါအပေါင်းတို့ကို ယခုပြုသကဲ့သို့ နောက်တစ်ဖန် မည်သည့်အခါမျှဒဏ်ခတ်တော့မည်မဟုတ်။
သူသည် မြွေဟောက်အဆိပ်ကို စုပ်ယူလိမ့်မည်။ မြွေပွေး၏လျှာသည် သူ့ကို သတ်လိမ့်မည်။
သူတို့သည် မိမိတို့လျှာကို မြွေ၏လျှာကဲ့သို့ ချွန်ထက်စေတတ်ကြပါ၏။ သူတို့၏နှုတ်ခမ်းအောက်တွင် မြွေဆိုး၏အဆိပ်ရှိပါ၏။(စေလာ)
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
နို့စို့ကလေးငယ်သည် မြွေဟောက်တွင်းပေါ်၌ ကစားလိမ့်မည်။ နို့ပြတ်သောကလေးငယ်သည်လည်း မြွေပွေးတွင်းထဲသို့ လက်ကိုထည့်လိမ့်မည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ရှိရာသို့ မြွေများကိုစေလွှတ်မည်။ အလမ္ပာယ်ဆရာမန်းမှုတ်၍မနိုင်သည့်မြွေပွေးတို့သည် သင်တို့ကိုပေါက်သတ်ကြလိမ့်မည်”ဟု မိန့်တော်မူ၏။
အချင်းမြွေတို့၊ မြွေဆိုးအမျိုးတို့၊ သင်တို့သည် ငရဲ၌အပြစ်စီရင်ခံရခြင်းမှ မည်ကဲ့သို့လွတ်မြောက်နိုင်ကြမည်နည်း။
သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
သူတို့၏လည်ချောင်းသည် ဖွင့်ထားသောသင်္ချိုင်းတွင်းဖြစ်ကြ၏။ သူတို့သည် မိမိတို့လျှာဖြင့် လိမ်လည်ပြောဆိုတတ်ကြ၏။ သူတို့၏နှုတ်ခမ်းအောက်၌ မြွေဆိုး၏အဆိပ်အတောက်ရှိ၏။
သူတို့၏စပျစ်ဝိုင်သည် မြွေနဂါး၏အဆိပ်၊ မြွေဟောက်၏ပြင်းထန်သောအဆိပ်ဖြစ်၏။
သို့သော် လျှာကိုယဉ်ပါးစေနိုင်သူ တစ်စုံတစ်ဦးမျှမရှိ။ လျှာသည် ထိန်းချုပ်၍မရနိုင်သောအဆိုးအမိုက်ဖြစ်ပြီး သေစေတတ်သောအဆိပ်အတောက်နှင့် ပြည့်လျက်ရှိ၏။