ဆာလံ 58:4 - Common Language Bible4-5 သူတို့သည်အဆိပ်ရှိသည့်မြွေများနှင့်တူ ကြ၏။ နားပင်းသည့်မြွေဟောက်သည်အလမ္ပာယ် ဆရာ၏ အသံကိုသော်လည်းကောင်း၊ကျင်လည်သော မျက်လှည့်ဆရာ၏မန္တန်ကိုသော်လည်းကောင်း မကြားရ။ သူတို့သည်နားပင်းသည့်မြွေဟောက်နည်းတူ မိမိတို့၏နားများကိုပိတ်ထားကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 သူ တို့၏ အ ဆိပ် သည် မြွေ ဆိပ် နှင့် တူ၏။ နား ပင်း သော မြွေ ပွေး ထပ် တူ နား ပိတ် လျက်၊ အခန်းကိုကြည့်ပါ။Judson Bible4 သူတို့အဆိပ်သည် မြွေအဆိပ်နှင့် တူ၏။ နားပင်းသောမြွေဆိုးသည် မိမိနားကိုပိတ်၍၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4-5 သူတို့၏အဆိပ်သည် မြွေ၏အဆိပ်နှင့်တူ၏။ သူတို့သည် ဂါထာမန္တန်ကို ကျွမ်းကျင်စွာမန်းမှုတ်တတ်သော အလမ္ပာယ်ဆရာ၏အသံကိုမကြားအောင် မိမိနားကိုပိတ်ထားသည့် နားမကြားသော မြွေဟောက်နှင့်တူကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-