အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ များစွာသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။
ဆာလံ 56:2 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်ကို တစ်နေ့လုံးနင်းချေကြပါ၏။ အမှန်စင်စစ် များစွာသောသူတို့သည် ထောင်လွှားသောစိတ်ဖြင့် အကျွန်ုပ်ကိုတိုက်ခိုက်ကြပါ၏။ Common Language Bible ကျွန်တော်မျိုး၏ရန်ဘက်တို့သည်တစ်နေ့လုံးပင် ကျွန်တော်မျိုးအားတိုက်ခိုက်ကြပါ၏။ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့များလှပါ၏။ Garrad Bible ရန် သူ တို့ သည် နေ့ ရှိ သ မျှ စိတ် ဇော နှင့် လိုက် ရှာ၍၊ မာ န စိတ် နှင့် တိုက် ခိုက် သူ တို့ များ လှ ပါ၏။ Judson Bible ရန်သူတို့သည် နေ့တိုင်း ကိုက်စားအံ့သောဒေါသရှိ၍ မြင့်သောစိတ်နှင့် အကျွန်ုပ်ကိုတိုက်သောသူ အများရှိကြပါ၏။ |
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည် များပြားလှပါ၏။ များစွာသောသူတို့သည် အကျွန်ုပ်ကိုဆန့်ကျင်လျက်ထကြွကြပါ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။
ငါ၏ရန်သူတို့က “မည်သည့်အချိန်မှ သူသေ၍ သူ၏အမည်ပျောက်ကွယ်သွားမည်နည်း”ဟု ငါ့ကိုမကောင်းပြောဆိုကြ၏။
ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
ကိုယ်တော်သည် ကောင်းကင်မှစေလွှတ်၍ ငါ့ကိုကယ်တင်တော်မူလိမ့်မည်။ ငါ့ကိုနင်းချေသောသူတို့ကို ပြစ်တင်ဆုံးမတော်မူလိမ့်မည်။(စေလာ) ဘုရားသခင်သည် မိမိ၏မေတ္တာကရုဏာတော်နှင့် သမ္မာတရားကို စေလွှတ်တော်မူလိမ့်မည်။
အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
အမြင့်ဆုံးသောအရှင်၏ကွယ်ကာရာအရပ်၌ နေသောသူသည် အနန္တတန်ခိုးရှင်၏အရိပ်ကို ခိုရလိမ့်မည်။
အို အမြင့်ဆုံးသောအရှင်၊ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည်လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းခြင်းသည်လည်းကောင်း၊
မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
အို အရှင်မင်းကြီး၊ အမြင့်ဆုံးသောဘုရားသခင်သည် အရှင်မင်းကြီး၏ခမည်းတော်နေဗုခဒ်နေဇာမင်းကြီးအား နိုင်ငံတော်နှင့်တကွ ဘုန်းတန်ခိုး၊ ဂုဏ်သရေ၊ ခန့်ညားထည်ဝါမှုတို့ကို ပေးတော်မူ၏။
ငါသည် ထာဝရဘုရားထံ မည်သည့်အရာ ယူလာပြီး အမြင့်ဆုံးသောဘုရားသခင်ကို ရှိခိုးရမည်နည်း။ အထံတော်သို့ တစ်နှစ်သားအရွယ်နွားသငယ်ကို မီးရှို့ရာယဇ်အဖြစ် ယူလာရမည်လော။
ထိုဝိညာဉ်တို့သည် နိမိတ်လက္ခဏာများကိုပြုသော နတ်ဆိုးတို့၏ဝိညာဉ်များဖြစ်ကြ၏။ ၎င်းတို့သည် ကမ္ဘာတစ်ဝန်းလုံးရှိ ဘုရင်များကို အနန္တတန်ခိုးရှင်ဘုရားသခင်၏နေ့ရက်ကြီးနှင့်ဆိုင်သောစစ်ပွဲအတွက်စုဝေးစေရန် ထိုဘုရင်များထံသို့ ထွက်ခွာသွားကြ၏။