ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
ဆာလံ 52:8 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါသည် ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသောသံလွင်ပင်ကဲ့သို့ဖြစ်၏။ ငါသည် ဘုရားသခင်၏မေတ္တာကရုဏာတော်ကို ကာလအစဉ်အဆက်ယုံကြည်ကိုးစား၏။ Common Language Bible ငါမူကားထာဝရဘုရား၏အိမ်တော်အနီးတွင် ပေါက်သည့်သံလွင်ပင်နှင့်တူ၏။ ငါသည်ကိုယ်တော်၏ခိုင်မြဲသောမေတ္တာကို ကာလအစဉ်အမြဲကိုးစား၏။ Garrad Bible ငါ မူ ကား၊ ဘု ရား သ ခင့် ဗိ မာန် တော်၌၊ စိမ်း လန်း သော သံ လွင် ပင် ကဲ့ သို့ ဖြစ်၍၊ ဘု ရား သ ခင့် က ရု ဏာ တော်၌၊ ကာ လ အ စဉ် ကိုး စား ပါ၏။ Judson Bible ငါမူကား၊ ဘုရားသခင်၏အိမ်တော်၌ စိမ်းလန်းသော သံလွင်ပင်ကဲ့သို့ဖြစ်၍၊ ဘုရားသခင်၏ကရုဏာတော်၌ ကာလအစဉ်အမြဲ ကိုးစားမည်။ |
ထိုသူကား ရေစီးသောချောင်းနားမှာ စိုက်ထား၍ မိမိအချိန်တန်သောအခါအသီးသီးပြီး အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏။ ပြုလေသမျှတို့၌အောင်မြင်တတ်၏။
သင့်အိမ်တွင် သင်၏မယားသည် အသီးများစွာသီးသောစပျစ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။ သင်၏သားသမီးတို့သည်လည်း သံလွင်ပျိုးပင်များကဲ့သို့ သင့်စားပွဲပတ်လည်၌ရှိနေလိမ့်မည်။
သို့ရာတွင် အကျွန်ုပ်သည် ကိုယ်တော်၏မေတ္တာကရုဏာတော်ကို ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းပါမည်။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
ထိုအခါ လူတို့က “ဖြောင့်မတ်သောသူသည် ဆုလာဘ်ကို အမှန်ပင်ခံရ၏။ ကမ္ဘာမြေကြီးကို တရားစီရင်တော်မူသော ဘုရားသခင်သည် အမှန်ပင်ရှိတော်မူ၏”ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရားက သင့်အား စိမ်းလန်းလှပ၍ အသီးကောင်းသောသံလွင်ပင်ဟု နာမည်မှည့်ခေါ်ခဲ့၏။ သို့သော် ကြီးမားသောမြည်ဟိန်းသံဖြင့် မီးရှို့ပစ်၍ အကိုင်းအခက်တို့သည်လည်း လောင်ကျွမ်းသွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သင်သည် သဘာဝအတိုင်း ရိုင်းသည့်သံလွင်ပင်မှ ခုတ်ဖြတ်ခံရ၍ ကောင်းသည့်သံလွင်ပင်၌ သဘာဝနှင့်ဆန့်ကျင်လျက် ကိုင်းဆက်ကူးခြင်းခံရသည်မှန်လျှင် သဘာဝအတိုင်း ကောင်းသည့်သံလွင်ပင်၏အကိုင်းများကိုမူကား မူရင်းသံလွင်ပင်၌ မည်မျှပို၍လွယ်ကူစွာ ကိုင်းဆက်ကူးနိုင်လိမ့်မည်နည်း။