ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
ဆာလံ 5:12 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ သူ့ကိုကျေးဇူးတော်ဖြင့် ဒိုင်းကာကဲ့သို့ ဝန်းရံကာကွယ်ထားတော်မူ၏။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်မိမိစကားကိုနားထောင် သူတို့အားကောင်းချီးပေးတော်မူပါ၏။ ကိုယ်တော်၏မေတ္တာတော်သည်ဒိုင်းလွှားသဖွယ် သူတို့အားကွယ်ကာစောင့်ရှောက်တော်မူပါ၏။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် ဖြောင့် မတ် သူ့ ကို ကောင်း ကြီး ပေး ၍၊ ဒိုင်း လွှား သ ဖွယ်၊ ကျေး ဇူး တော် နှင့် ကွယ် ကာ ခြံ ရံ တော် မူ လိမ့် မည်။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းချီးပေး၍ ကျေးဇူးတော်အားဖြင့် ကွယ်ကာစောင့်မတော်မူလိမ့်သတည်း။ |
ဟာလေလုယ။ ထာဝရဘုရားကို ကြောက်ရွံ့၍ ကိုယ်တော်၏ပညတ်တော်တို့ကို အလွန်နှစ်သက်သောသူသည် မင်္ဂလာရှိ၏။
ဖြောင့်မတ်သောသူတို့၏တဲများ၌ ရွှင်လန်းစွာကြွေးကြော်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏လက်ယာလက်တော်သည် တန်ခိုးကြီးသောအမှုကိုပြုတော်မူ၏။
ကိုယ်တော်၏နာမတော်ကို မြတ်နိုးသောသူတို့အတွက် ပြုလေ့ရှိသည့်အတိုင်း အကျွန်ုပ်ဘက်သို့လှည့်၍ အကျွန်ုပ်ကိုသနားတော်မူပါ။
ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား အစွမ်းသတ္တိကိုပေးတော်မူ၏။ ထာဝရဘုရားသည် မိမိ၏လူမျိုးတော်အား ငြိမ်းချမ်းခြင်းကောင်းချီးမင်္ဂလာကိုပေးတော်မူ၏။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှလာ၏။ ကိုယ်တော်၏ကောင်းချီးမင်္ဂလာသည် ကိုယ်တော်၏လူမျိုးတော်အပေါ် သက်ရောက်ပါစေသော။(စေလာ)
ဆိုးယုတ်သောသူတို့သည် များစွာသောဒုက္ခဝေဒနာကိုခံစားကြရ၏။ ထာဝရဘုရားကိုယုံကြည်ကိုးစားသောသူမူကား မေတ္တာကရုဏာတော်ဖြင့် ဝိုင်းရံထားခြင်းကိုခံရ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ ကွယ်ကာရာအရပ်ဖြစ်တော်မူ၏။ အကျွန်ုပ်ကို ဘေးရန်မှကာကွယ်လျက် ကယ်တင်ခြင်းသီချင်းများဖြင့် အကျွန်ုပ်ကိုဝိုင်းရံထားတော်မူ၏။(စေလာ)
ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
အကြောင်းမူကား ဘုရားသခင်ထာဝရဘုရားသည် နေလည်းဖြစ်တော်မူ၏။ ဒိုင်းလွှားလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့်ဘုန်းအသရေတော်ကို ပေးတော်မူ၏။ အပြစ်တင်စရာမရှိအောင် အသက်ရှင်လျှောက်လှမ်းသောသူတို့အား ကောင်းမြတ်သောအရာကို မပေးဘဲနေတော်မူမည်မဟုတ်။