အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
ဆာလံ 38:2 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်၏မြားတို့သည် အကျွန်ုပ်၌စူးဝင်၍ ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်ကိုဖိထားလျက်ရှိပါ၏။ Common Language Bible ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားမြား ဖြင့်ပစ်၍ ဒဏ်ရာရရှိစေတော်မူပါပြီ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားပြိုလဲ စေတော်မူပါပြီ။ Garrad Bible မြှား တော် များ သည် အ ကျွန်ုပ် ကို မှန် လျက်၊ လက် တော် လည်း တင် ဖိ လျက် ရှိ ပါ၏။ Judson Bible မြားတော်တို့သည် အကျွန်ုပ်၌စူးဝင်၍၊ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။ |
အကယ်စင်စစ် အနန္တတန်ခိုးရှင်ထံမှ မြားတို့သည် ငါ့ကိုယ်၌စိုက်ဝင်လျက်ရှိ၏။ ငါ့စိတ်ဝိညာဉ်သည် ထိုမြားတို့၏အဆိပ်ရည်ကို သောက်သုံးနေရ၏။ ဘုရားသခင်ထံမှ ကြောက်မက်ဖွယ်ရာတို့သည် ငါ့ရှေ့၌ တန်းစီလျက်ရှိ၏။
အကြောင်းမူကား ကိုယ်တော်သည် ကိုယ်တော်၏လေးကြိုးကိုတင်လျက် သူတို့၏မျက်နှာကိုချိန်ထား၍ သူတို့ကိုနောက်လှည့်ပြေးစေတော်မူလိမ့်မည်။
အကြောင်းမူကား ကိုယ်တော်၏လက်တော်သည် အကျွန်ုပ်အပေါ်၌ နေ့ညမပြတ်လေးလံလျက်ရှိပါ၏။ အကျွန်ုပ်၏စိုပြည်လန်းဆန်းမှုသည် နွေကာလ၏အပူရှိန်၌ကဲ့သို့ ကုန်ခန်းပါပြီ။(စေလာ)
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အားအင်ချည့်နဲ့နေသည်ဖြစ်၍ အကျွန်ုပ်ကိုသနားတော်မူပါ။ အို ထာဝရဘုရား၊ အကျွန်ုပ်အရိုးတို့သည် ထိတ်လန့်လျက်ရှိကြသည်ဖြစ်၍ အကျွန်ုပ်ကိုကျန်းမာစေတော်မူပါ။
သို့သော် ဘုရားသခင်သည် သူတို့ကိုမြားနှင့်ပစ်တော်မူ၍ သူတို့သည် ရုတ်တရက် ဒဏ်ရာရကြလိမ့်မည်။
ကိုယ်တော်သည် လေးကိုတင်ပြီး ငါ့ကိုပစ်မှတ်ထား၍ မြားဖြင့်ချိန်ရွယ်တော်မူပြီ။
အကယ်စင်စစ် တပ်စခန်းထဲရှိ ထိုသူတို့ သေကုန်သည်အထိ ထာဝရဘုရား၏လက်တော်သည် သူတို့ကို ဖျက်ဆီးတော်မူ၏။
သူတို့ကြီးလာသည်အထိ သင်တို့အိမ်ထောင်မပြုဘဲ စောင့်နေကြမည်လော။ ငါ့သမီးတို့၊ ထိုသို့မဖြစ်သင့်။ ထာဝရဘုရားသည် ငါ့ကို ဆုံးမတော်မူသဖြင့် သင်တို့ထက် ငါပို၍ခါးသီးစွာခံစားရ၏”ဟု ဆို၏။
ထို့ကြောင့် သူတို့သည် လူလွှတ်၍ ဖိလိတ္တိမင်းအပေါင်းတို့ကို ခေါ်ယူစုဝေးစေပြီးလျှင် “အစ္စရေးလူမျိုးတို့၏ဘုရားသခင့်သေတ္တာတော်ကို အဝေးသို့ပို့လိုက်ပါလော့။ သူ့နေရာ သူပြန်ရောက်ပါစေ။ သို့မဟုတ်လျှင် ငါတို့နှင့် ငါတို့လူမျိုးကိုသတ်ဖြတ်လိမ့်မည်”ဟု ဆိုကြ၏။ အကြောင်းမူကား ဘုရားသခင်လက်တော်သည် ထိုမြို့ကို ပြင်းထန်စွာဒဏ်ခတ်သဖြင့် တစ်မြို့လုံးသည် သေရမည်ကို ကြောက်လန့်နေကြ၏။
ထာဝရဘုရား၏လက်တော်သည် အာဇုတ်မြို့သားတို့ကို ပြင်းထန်စွာဒဏ်ခတ်တော်မူ၏။ အာဇုတ်မြို့နှင့် ဝန်းကျင်တစ်ဝိုက်ကို ပလိပ်ရောဂါဖြင့် ဖျက်ဆီးသတ်ဖြတ်တော်မူ၏။
သို့သော် လှည်းကို စောင့်ကြည့်ပါ။ သေတ္တာတော်ရှိခဲ့ရာနယ်သို့သွားသောလမ်းဖြစ်သည့် ဗက်ရှေမက်မြို့သို့ တက်သွားမည်ဆိုလျှင် ကိုယ်တော်သည် ငါတို့အပေါ် ဤဘေးဆိုးကြီး ကျရောက်စေသည်မှာ မှန်၏။ ထိုလမ်းသို့မတက်လျှင်မူကား ကိုယ်တော်၏လက်တော်သည် ငါတို့ကို ဒဏ်ခတ်တော်မူသည်မဟုတ်ဘဲ တိုက်ဆိုင်မှုသာဖြစ်ကြောင်း သိရကြမည်”ဟု ဆိုကြ၏။