သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ဆာလံ 37:12 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။ Common Language Bible သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။ Garrad Bible လူ ဆိုး သည်၊ တ ရား သူ့ ကို မ ကောင်း ကြံ စည်၍၊ အံ ခဲ လျက် နေ ရာ၊ Judson Bible မတရားသောသူသည် ဖြောင့်မတ်သောသူတစ်ဖက်၌ ကြံစည်၍ အံသွားခဲကြိတ်တတ်၏။ |
သခင်အိမ်သို့ပြန်ရောက်သည့်တိုင်အောင် ယောသပ်၏အဝတ်ကို မိမိအနားတွင် သိမ်းထားလေ၏။
ဟာမန်သည် မိမိအား မော်ဒကဲ မညွတ်တွား မခယကြောင်းကို သိရှိသောအခါ အမျက်ဒေါသပြင်းစွာထွက်လေ၏။
မော်ဒကဲ၏လူမျိုးအကြောင်းကို ဟာမန်အား ပြောပြထားကြပြီးဖြစ်၏။ ဟာမန်သည် မော်ဒကဲတစ်ဦးတည်းကိုသာသုတ်သင်ပစ်လျှင် မတန်ဟု မြင်သဖြင့် အာရွှေရုမင်းကြီး၏နိုင်ငံတစ်ဝန်းလုံးရှိ မော်ဒကဲ၏လူမျိုးဖြစ်သည့် ဂျူးလူမျိုးအားလုံးကိုပါ ဖျက်ဆီးပစ်ရန် ကြံစည်လေ၏။
သို့သော် ဘုရင့်နန်းတော်တံခါးတွင် ဂျူးလူမျိုးမော်ဒကဲထိုင်နေသည်ကို ငါမြင်နေရသရွေ့ ဤအရာအားလုံးသည် ငါ့အတွက် ဘာမျှအကျိုးမရှိ”ဟု ဆိုလေ၏။
အကြောင်းမူကား “ပတ်လည်၌ကြောက်လန့်စရာရှိ၏”ဟူသည့် များစွာသောသူတို့၏ရှုတ်ချသောစကားကို အကျွန်ုပ်ကြားရပါ၏။ သူတို့သည် အကျွန်ုပ်တစ်ဖက်၌ အတူတကွစုဝေးကြသောအခါ အကျွန်ုပ်၏အသက်ကိုသတ်ရန် ကြံဆကြပါ၏။
ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။
ပွဲ၌လှောင်ပြောင်ကဲ့ရဲ့တတ်သော ဘုရားတရားမဲ့သူများကဲ့သို့ သူတို့သည် ငါ့ကိုကြည့်လျက် အံကြိတ်ကြ၏။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူကို စောင့်ကြည့်၍ သူ့ကိုသတ်ရန်ရှာကြံတတ်၏။
ဗိုလ်ခြေတို့သည် ကျူးလွန်သောအပြစ်ကြောင့် ပုံမှန်ပူဇော်သက္ကာနှင့်တကွ သူ့လက်သို့အပ်နှံခြင်းခံရလေ၏။ ထိုချိုသည် သမ္မာတရားကိုမြေကြီးပေါ်သို့ပစ်ချလေ၏။ သူပြုသောအမှုသည် အောင်မြင်၏။
သူသည် ကိုယ့်အစွမ်းမဟုတ်ဘဲ ခွန်အားကြီးလာပြီး ကြောက်မက်ဖွယ်လိုက်လံဖျက်ဆီးလိမ့်မည်။ ပြုလေသမျှတို့လည်း အောင်မြင်လိမ့်မည်။ အားကြီးသောသူများ၊ သန့်ရှင်းသောလူမျိုးတော်များကိုပင် ဖျက်ဆီးပစ်လိမ့်မည်။
အိပ်ရာထက်တွင် ဒုစရိုက်ပြုဖို့ကြံစည်နေသူ၊ မကောင်းမှုပြုဖို့တွေးနေသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူတို့သည် လုပ်နိုင်စွမ်းရှိသည့်အတိုင်း မိုးလင်းသောအခါ ထိုအကြံအတိုင်း လုပ်တတ်ကြ၏။
ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
ရှောလုမင်းကြီးက “ငါ့သမီးကို သူနှင့်ပေးစားမည်။ သူသည် ဒါဝိဒ်အဖို့ ထောင်ချောက်ကဲ့သို့ဖြစ်၍ ဒါဝိဒ်သည် ဖိလိတ္တိလူမျိုးတို့လက်သို့ ရောက်ရလိမ့်မည်”ဟု အကောက်ကြံ၏။ ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ယခုမှာ သင်သည် ငါ့သမက် ဖြစ်ရတော့မည်”ဟု ဒုတိယအကြိမ် ပြောပြန်၏။