Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​သ​တာ 5:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 သို့သော် ဘုရင့်​နန်းတော်​တံခါး​တွင် ဂျူး​လူမျိုး​မော်ဒကဲ​ထိုင်​နေ​သည်​ကို ငါ​မြင်​နေ​ရ​သရွေ့ ဤ​အရာ​အားလုံး​သည် ငါ့​အတွက် ဘာမျှ​အကျိုး​မ​ရှိ​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

13 သို့​ရာ​တွင်​နန်း​တော်​တံ​ခါး​ဝ​တွင်​ယု​ဒ​အ​မျိုး သား​မော်​ဒ​ကဲ​ထိုင်​လျက်​နေ​သည်​ကို ငါ​တွေ့​မြင် နေ​ရ​သ​မျှ​ကာ​လ​ပတ်​လုံး ယ​ခု​ဖော်​ပြ​သ​မျှ တို့​သည်​ငါ့​အ​တွက်​အ​ဘယ်​ကျေး​ဇူး​ရှိ​သ​နည်း'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13 သို့ ရာ တွင်၊ နန်း တော် တံ ခါး ဝ၌၊ ယု ဒ လူ မျိုး မော် ဒ ကဲ နေ ထိုင် ခွင့် ရ သ မျှ ကာ လ ပတ် လုံး၊ ဖော် ပြ ခဲ့ သည့် အ ရာ မ လောက် သေး ပါ ဟု ဆို ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 သို့​ရာ​တွင်၊ ယု​ဒ​လူ​မော်​ဒ​ကဲ​သည် နန်း​တော်​တံ​ခါး​ဝ​မှာ ထိုင်​လျက်​ရှိ​သည်​ကို ငါ​မြင်​ရ​သည် ကာ​လ​ပတ်​လုံး၊ ယ​ခု​ဖော်​ပြ​သ​မျှ​တို့​သည် ငါ၌​ကျေး​ဇူး​မ​ရှိ​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​သ​တာ 5:13
9 ပူးပေါင်းရင်းမြစ်များ  

ဇေရုဗဗေလ​၊ ယေရွှာ​၊ နေဟမိ​၊ စရာယ​၊ ရေလာယ​၊ မော်ဒကဲ​၊ ဗိလရှန်​၊ မိဇပါ​၊ ဗိဂဝဲ​၊ ရေဟုံ​၊ ဗာနာ​တို့​နှင့်အတူ​လိုက်ပါ​လာ​သော အစ္စရေး​အမျိုးသား​တို့​၏​အရေအတွက်​ကား


ထို​နေ့​၌ ဟာမန်​သည် စိတ်နှလုံး​ဝမ်းမြောက်​ရွှင်မြူး​လျက် ပြန်လာ​၏​။ သို့သော် ဘုရင့်​နန်းတော်​တံခါး​သို့​ရောက်​လျှင် မော်ဒကဲ​သည် မတ်တတ်​မ​ရပ်​၊ သူ့​အား မ​ကြောက်ရွံ့ မ​ရိုသေ​သည်​ကို မြင်​သောအခါ ဟာမန်​သည် မော်ဒကဲ​အား ပြင်းစွာ​အမျက်ထွက်​လေ​၏​။


ဆိုးယုတ်​သော​သူ​သည် ဝေဒနာ​များ​ကို​သာ တစ်သက်လုံး​ခံစား​ရ​တတ်​၏​။ ကြမ်းကြုတ်​သော​သူ​တို့​အဖို့​လည်း ဝေဒနာ​နှစ်​ကာလ​များ သိုထား​လျက်​ရှိ​၏​။


သင်​အမျက်ထွက်​၍ သင့်ကိုယ်သင် ဆွဲဆုတ်​ပစ်​လျှင်ပင် ထို့အတွက် မြေကြီး ဆိတ်သုဉ်း​သွား​ရ​မည်လော​။ ကျောက်ဆောင်​လည်း နေရာ​မှ​ရွေ့ပေး​ရ​မည်လော​။


ဆိုးယုတ်​သော​သူ​သည် ဖြောင့်မတ်​သော​သူ​အပေါ် မကောင်း​ကြံစည်​ကာ သူ့​ကို​ကြည့်​လျက် အံကြိတ်​တတ်​၏​။


နေ​အောက်​တွင်​ပြု​သမျှ​သော​အမှု​အားလုံး​ကို ငါ​မြင်​၏​။ ကြည့်ရှု​လော့​။ အားလုံး​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


အချည်းနှီး​၊ အချည်းနှီး​ဟု ဒေသနာဆရာ​ဆို​၏​။ အချည်းနှီး​၊ အချည်းနှီး​၊ ခပ်သိမ်း​သော​အရာ​တို့​သည် အချည်းနှီး​ဖြစ်​ကြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ