ပျက်စီးဆုံးပါးခြင်းသည် ထိုသို့သောသူအပေါ် အမှတ်မထင်ကျရောက်ပါစေသော။ သူလျှို့ဝှက်စွာထောင်ထားသောပိုက်ကွန်၌ သူကိုယ်တိုင်ပြန်မိ၍ ထိုပျက်စီးဆုံးပါးခြင်းထဲသို့ပင် ကျရောက်ပါစေသော။
သို့ရာတွင်သူတို့သည်အမှတ်မထင်ပျက်စီး ဆုံးပါး ရကြပါလိမ့်မည်။ မိမိတို့ထောင်သည့်ကျော့ကွင်းတွင်ပြန်၍မိလျက် မိမိတို့တူးသောတွင်းထဲသို့ကျ၍ ပျက်စီးဆုံးပါးရကြပါလိမ့်မည်။
ပျက် စီး ခြင်း သည် သူ့ အ ပေါ် သို့ အ မှတ် မဲ့ သင့် လျက်၊ ကိုယ် ချ သော ပိုက်၌ မိ သ ဖြင့်၊ ကိုယ့် ပျက် စီး ရာ သို့ ကျ ရောက် ပါ စေ သော။
ထိုသို့သောသူသည် အမှတ်တမဲ့ပျက်စီးခြင်းသို့ ရောက်ပါစေသော။ မိမိဝှက်ထားသော ကျော့ကွင်းသည် မိမိကို ကျော့မိပါစေသော။ မိမိတွင်းထဲသို့ မိမိကျပါစေသော။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
သို့သော် ဘုရားသခင်သည် သူတို့ကိုမြားနှင့်ပစ်တော်မူ၍ သူတို့သည် ရုတ်တရက် ဒဏ်ရာရကြလိမ့်မည်။
လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
ဆိုဆုံးမခြင်းကိုအကြိမ်ကြိမ်ခံရသော်လည်း ခေါင်းမာလျက်နေသောသူသည် ချမ်းသာရာမရဘဲ ချက်ချင်းပျက်စီးရလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
ထို့ကြောင့် ဘေးအန္တရာယ်သည် သင့်အပေါ်သက်ရောက်မည်။ ထိုဘေးအန္တရာယ်ကို ကာကွယ်ပေးမည့်ဂါထာကို သင်သိမည်မဟုတ်။ ဘေးဒုက္ခသည် သင့်အပေါ်ကျရောက်မည်။ သင်တားဆီးနိုင်မည်မဟုတ်။ သင်မသိလိုက်မီမှာပင် ဖျက်ဆီးခြင်းဘေးသည် သင့်အပေါ် ရုတ်တရက်သက်ရောက်မည်။
သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သတိထားကြလော့။ သို့မဟုတ်လျှင် အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် အသက်ရှင်ရေးအတွက် စိုးရိမ်ပူပန်ခြင်းတို့ကြောင့် သင်တို့စိတ်နှလုံးလေးလံထိုင်းမှိုင်းနေကြစဉ် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လာလိမ့်မည်။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။
ထို့ကြောင့် ရှောလုမင်းကြီးက ဒါဝိဒ်အား “ကြည့်လော့။ ငါ့သမီးအကြီးမေရပ်ကို သင်နှင့်ပေးစားမည်။ ငါ၏စစ်သူရဲအဖြစ်နေ၍ ထာဝရဘုရားအဖို့ တိုက်ပွဲဝင်ပါလော့”ဟု ဆို၏။ အကယ်စင်စစ် ရှောလုမင်းကြီးက “ငါ့လက်ချက်နှင့် သူမသေ။ ဖိလိတ္တိလူမျိုးတို့လက်ချက်ဖြင့် သေပါစေ”ဟု ကြံစည်ခြင်းဖြစ်၏။