ဆာလံ 35:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထိုအခါ ငါ၏စိတ်ဝိညာဉ်သည် ထာဝရဘုရား၌ရွှင်လန်း၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်မြူးလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ထိုအခါငါသည်ထာဝရဘုရားကိုအမှီ ပြု၍ ဝမ်းမြောက်လိမ့်မည်။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူသဖြင့် ငါသည်ရွှင်လန်းလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible9 သို့ မှ ငါ့ အ သက် ဝိ ညာဉ် သည်၊ ထာ ဝ ရ ဘု ရား ၌ ဝမ်း မြောက်၍၊ ကယ် တင် တော် မူ ခြင်း၌ ရွှင် လန်း ရာ၊ အခန်းကိုကြည့်ပါ။Judson Bible9 သို့ဖြစ်လျှင်၊ ငါ၏ဝိညာဉ်သည် ထာဝရဘုရားကို အမှီပြု၍ ဝမ်းမြောက်ခြင်းရှိလိမ့်မည်။ ကယ်တင်တော်မူခြင်း အကြောင်းကိုလည်း အမှီပြု၍ စိတ်ရွှင်လန်းမြူးထူးခြင်းရှိလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။