ထို့ကြောင့် တံပိုးမှုတ်သံကိုကြားလျှင် ရှိသည့်နေရာမှ ငါ့ထံသို့စုရုံးလာကြလော့။ ငါတို့၏ဘုရားသခင်သည် ငါတို့အတွက် စစ်တိုက်တော်မူမည်”ဟု မှာကြား၏။
ဆာလံ 35:1 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ အကျွန်ုပ်ကိုဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကိုတိုက်ခိုက်သောသူတို့ကို တိုက်ခိုက်တော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကျွန်တော်မျိုးအားဆန့်ကျင်ဘက်ပြုသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူ၍ ကျွန်တော်မျိုးအားတိုက်ခိုက်သူတို့ကို တိုက်ခိုက်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ အ ကျွန်ုပ် အား ပြိုင် ဆိုင် သူ တို့ နှင့် ပြိုင် ဆိုင်၍၊ တိုက် ခိုက် သူ တို့ နှင့် တိုက် ခိုက် တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ အကျွန်ုပ်၌ ဆန့်ကျင်ဘက်ပြုသောသူတို့ကို ဆန့်ကျင်ဘက်ပြုတော်မူပါ။ အကျွန်ုပ်ကို စစ်တိုက်သောသူတို့ကို တိုက်တော်မူပါ။ |
ထို့ကြောင့် တံပိုးမှုတ်သံကိုကြားလျှင် ရှိသည့်နေရာမှ ငါ့ထံသို့စုရုံးလာကြလော့။ ငါတို့၏ဘုရားသခင်သည် ငါတို့အတွက် စစ်တိုက်တော်မူမည်”ဟု မှာကြား၏။
အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်ကိုရွေးနုတ်တော်မူပါ။ ကိုယ်တော်၏မိန့်တော်မူချက်နှင့်အညီ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
အို ဘုရားသခင်၊ အကျွန်ုပ်၌ အပြစ်မရှိကြောင်းစီရင်တော်မူပါ။ ဘုရားတရားမဲ့သောလူမျိုးကိုဆန့်ကျင်လျက် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူပါ။ လိမ်လည်လှည့်ဖြား၍ မတရားမှုပြုသောသူ၏လက်မှ အကျွန်ုပ်ကိုလွတ်မြောက်စေတော်မူပါ။
ထာဝရဘုရားသည် သင်တို့အတွက် စစ်တိုက်တော်မူမည်ဖြစ်၍ သင်တို့သည် ငြိမ်ဝပ်စွာနေရမည်”ဟု ဆိုလေ၏။
သူတို့၏ရထားများကိုလည်း မောင်းရခက်ခဲစေရန် ဘီးများကို ကျွတ်ထွက်စေတော်မူ၏။ သို့ဖြစ်၍ အီဂျစ်လူမျိုးတို့က “အစ္စရေးလူမျိုးတို့ထံမှ ငါတို့ထွက်ပြေးကြစို့။ အကြောင်းမူကား ထာဝရဘုရားသည် သူတို့ဘက်မှနေ၍ အီဂျစ်လူမျိုးတို့ကို စစ်တိုက်တော်မူပြီ”ဟု ဆိုကြ၏။
သင်သည် သူ၏စကားကို သေချာစွာနားထောင်၍ ငါမိန့်ဆိုသောအရာရှိသမျှတို့ကိုပြုကျင့်လျှင် သင့်ရန်သူတို့သည် ငါ့ရန်သူဖြစ်မည်။ သင့်ကိုရန်ပြုသောသူတို့ကို ငါရန်ပြုမည်။
အကြောင်းမူကား ထာဝရဘုရားသည် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ သူတို့ထံမှလုယူသောသူတို့၏အသက်ကို လုယူတော်မူလိမ့်မည်။
သူတို့ကိုရွေးနုတ်သောအရှင်သည် တန်ခိုးကြီးတော်မူသောကြောင့် သင့်ကိုဆန့်ကျင်လျက် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူလိမ့်မည်။
ထာဝရဘုရားက “အကယ်စင်စစ် ငါသည် စစ်သူရဲဖမ်းခေါ်သွားသောသူကို ဆောင်ယူခဲ့မည်။ ကြမ်းကြုတ်သောသူထံမှ လုယူပစ္စည်းကို ပြန်သိမ်းယူမည်။ သင့်ကိုရန်ပြုသောသူအား ငါကိုယ်တော်တိုင် ရန်ပြုမည်။ သင်၏သားသမီးတို့ကို ငါကိုယ်တော်တိုင် ကယ်တင်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ သင့်အမှုကိစ္စကို ငါရင်ဆိုင်ဖြေရှင်းပေးမည်။ သင့်အစား ငါအမှန် လက်တုံ့ပြန်မည်။ သူ၏ပင်လယ်ရေကို ခန်းစေမည်၊ စမ်းရေတွင်းကို ခြောက်သွေ့စေမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်၏အသက်ကို ရွေးနုတ်တော်မူပါပြီ။
ငါသည် ထာဝရဘုရားကိုပြစ်မှားမိပြီဖြစ်၍ ငါ့အမှုကို ဖြေရှင်းပေးပြီး ငါ့ကို တရားသဖြင့် စီရင်သည်အထိ အမျက်တော်ကို ငါခံရမည်။ ထို့နောက် ကိုယ်တော်သည် ငါ့ကို အလင်းထဲသို့ ခေါ်ဆောင်လာမည်ဖြစ်၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ငါဖူးမြင်ရလိမ့်မည်။
ထို့နောက် အော်ဟစ်သံများ ကျယ်လောင်လာပြီး ဖာရိရှဲတို့အဖွဲ့မှ ကျမ်းပြုဆရာအချို့တို့သည်ထ၍ “ဤသူ၌ မည်သည့်အပြစ်ကိုမျှ ငါတို့မတွေ့။ ဝိညာဉ်၊ သို့မဟုတ် ကောင်းကင်တမန်တစ်ပါးပါးက သူ့အားမြွက်ဆိုခဲ့သည်ဆိုလျှင် မည်သို့နည်း”ဟု ပြင်းထန်စွာငြင်းခုံပြောဆိုကြ၏။
သို့သော် ဘုရားသခင်ထံမှဖြစ်လျှင် သူတို့ကိုဖျက်ဆီး၍မရနိုင်သည်သာမက သင်တို့သည် ဘုရားသခင်ကိုဆန့်ကျင်သူများဖြစ်သွားနိုင်၏”ဟု ပြောဆိုလေ၏။ ထိုသူတို့သည်လည်း သူ၏အကြံပေးချက်ကို လက်ခံကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
ယခုမှာ ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် တရားသူကြီးအဖြစ် တရားစီရင်တော်မူပါစေသော။ ကိုယ်တော်သည် ကြည့်ရှု၍ အကျွန်ုပ်၏အမှုကို ဖြေရှင်းပေးတော်မူပါစေသော။ အရှင်မင်းကြီးလက်မှလည်း အကျွန်ုပ်ကို ကယ်လွှတ်တော်မူပါစေသော”ဟု ဆိုလေ၏။