ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။
ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။
ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သက် ကို ရွေး နုတ် တော် မူ သည့် အ လျောက်၊ ခို လှုံ သူ တစ် ယောက် မျှ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ်။
ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက်ဝိညာဉ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစ်စုံတစ်ယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဗေရောသိလူမျိုး၊ ရိမ္မုန်၏သားဖြစ်သော ရေခပ်နှင့်ဗာနာ ညီအစ်ကိုတို့အား “ငါ့အသက်ကို ဘေးဒုက္ခအပေါင်းမှ ရွေးနုတ်ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
ရှင်ဘုရင်က “ငါ့အသက်ကို ဘေးအန္တရာယ်အပေါင်းမှ ကယ်တင်တော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ
သင်၏အသက်ကို သေတွင်းထဲမှရွေးနုတ်၍ သင့်ကို မေတ္တာကရုဏာနှင့်သနားစုံမက်ခြင်းသရဖူ ဆောင်းပေးတော်မူ၏။
ကိုယ်တော်သည် အစ္စရေးလူမျိုးတို့ကို သူတို့၏ဒုစရိုက်ရှိသမျှတို့ထဲမှ ရွေးနုတ်ကယ်တင်တော်မူလိမ့်မည်။
အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်၏လက်သို့အပ်နှံပါ၏။ သမ္မာတရားနှင့်ပြည့်စုံတော်မူသောဘုရားသခင် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနုတ်ကယ်တင်တော်မူပြီ။
ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအပေါ် မကောင်းကြံစည်ကာ သူ့ကိုကြည့်လျက် အံကြိတ်တတ်၏။
သူတို့၏ဓားသည် သူတို့၏နှလုံးကိုထိုးဖောက်၍ သူတို့၏လေးများသည် ချိုးဖဲ့ခြင်းခံရလိမ့်မည်။
ကိုယ်တော်ကိုသီဆိုချီးမွမ်းသောအခါ အကျွန်ုပ်၏နှုတ်ခမ်းသည်လည်းကောင်း၊ ကိုယ်တော်ရွေးနုတ်ကယ်တင်တော်မူသော အကျွန်ုပ်၏စိတ်ဝိညာဉ်သည်လည်းကောင်း ရွှင်လန်းစွာကြွေးကြော်ပါမည်။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်၏အသက်ကို ရွေးနုတ်တော်မူပါပြီ။
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး