ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ဆာလံ 34:14 - မြန်မာ့စံမီသမ္မာကျမ်း မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ ငြိမ်းချမ်းမှုကိုရှာဖွေ၍ ၎င်းကိုလက်ကိုင်ပြုလော့။ Common Language Bible ဒုစရိုက်ကိုရှောင်၍သုစရိုက်ကိုပြုကြလော့။ ငြိမ်းချမ်းသာယာမှုကိုရရှိနိုင်ရန်အစွမ်းကုန် ကြိုးစားကြလော့။ Garrad Bible ဒု စ ရိုက် ကို ကြဉ်၍ သု စ ရိုက် ကို ယှဉ် လျက်၊ ငြိမ် သက် ခြင်း ကို ရှာ ဖွေ လိုက် လံ စေ။ Judson Bible ဒုစရိုက်ကိုလွှဲရှောင်၍ သုစရိုက်ကိုပြုလော့။ သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်လော့။ |
ကိုယ်တော်က လူအား ‘ကြည့်ရှုလော့။ ဘုရားရှင်ကို ကြောက်ရွံ့ခြင်းသည် ဉာဏ်ပညာဖြစ်၏။ မကောင်းမှုကိုရှောင်ကြဉ်ခြင်းသည် အသိဉာဏ်ဖြစ်၏’ဟူ၍ မိန့်တော်မူပြီ”ဟု ဆိုလေ၏။
ငါသည် ငြိမ်းချမ်းရေးကိုလိုလား၏။ သို့သော် ငါပြောဆိုသောအခါ သူတို့သည် စစ်ကိုသာလိုလားကြ၏။
မကောင်းမှုမှဖယ်ခွာ၍ ကောင်းသောအမှုကိုပြုလော့။ သို့ပြုလျှင် အစဉ်အမြဲနေထိုင်ရလိမ့်မည်။
ငါသည် ကောင်းသောအရာကိုပင်မပြောဘဲ တိတ်ဆိတ်ငြိမ်သက်စွာနေ၏။ ထိုအခါ ငါ၏ဝေဒနာသည် ပိုမိုပြင်းထန်လာ၏။
ပညာရှိသောသူ၏သွန်သင်ချက်သည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှဖယ်ခွာစေတတ်၏။
ကိုယ့်ကိုယ်ကိုယ် ပညာရှိဟု မထင်မြင်နှင့်။ ထာဝရဘုရားကိုကြောက်ရွံ့၍ မကောင်းမှုမှဖယ်ခွာလော့။
ကောက်ကျစ်သောနှုတ်ကို သင့်ထံမှဖယ်ရှားလော့။ စဉ်းလဲသောနှုတ်ခမ်းကိုလည်း သင်နှင့်ဝေးကွာစေလော့။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် မကောင်းမှုကိုမုန်းတီးခြင်းဖြစ်၏။ မောက်မာထောင်လွှားခြင်းနှင့် မာနကြီးခြင်း၊ မကောင်းသောလမ်းနှင့် ဖောက်ပြန်လွဲမှားသောစကားကို ငါမုန်း၏။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
ဘုရားသခင်သည် နာဇရက်မြို့သားယေရှုကို သန့်ရှင်းသောဝိညာဉ်တော်နှင့်တန်ခိုးတော်တို့ဖြင့် မည်ကဲ့သို့ဘိသိက်ပေးခဲ့သည်ကိုလည်းကောင်း သင်တို့သိကြ၏။ ဘုရားသခင်သည် ကိုယ်တော်နှင့်အတူရှိတော်မူသောကြောင့် ကိုယ်တော်သည် လှည့်လည်၍ ကောင်းသောအမှုကိုပြုကာ မာရ်နတ်၏ဖိနှိပ်ခြယ်လှယ်မှုခံရသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
သို့ဖြစ်၍ ငြိမ်သက်ခြင်းကိုဖြစ်စေသောအမှုအရာများနှင့် အချင်းချင်းတည်ဆောက်မြှင့်တင်ပေးသောအမှုအရာများကို ကြိုးစားပြုကြကုန်စို့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ ဝမ်းမြောက်ကြလော့။ စုံလင်ခြင်းသို့ရောက်ကြလော့။ နှစ်သိမ့်ခြင်းကို ခံစားကြလော့။ တစ်စိတ်တစ်သဘောတည်းရှိ၍ သင့်မြတ်စွာနေကြလော့။ ချစ်ခြင်းမေတ္တာနှင့်ငြိမ်သက်ခြင်းတို့၏ဘုရားသခင်သည် သင်တို့နှင့်အတူရှိတော်မူလိမ့်မည်။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။
ခရစ်တော်သည် ငါတို့ကို ခပ်သိမ်းသောတရားမဲ့ခြင်းထဲမှ ရွေးနုတ်ကယ်တင်ရန်နှင့် ကောင်းသောအမှု၌ စိတ်အားထက်သန်သည့် မိမိပိုင်တော်မူသောလူမျိုးကို မိမိအတွက်စင်ကြယ်စေရန် ငါတို့အတွက် မိမိကိုယ်ကိုစွန့်တော်မူ၏။
လူအပေါင်းတို့နှင့်ငြိမ်းချမ်းစွာနေထိုင်ရန်နှင့် သန့်ရှင်းခြင်းကိုရရှိရန် ကြိုးစားကြလော့။ သန့်ရှင်းခြင်းမရှိလျှင် မည်သူမျှ ထာဝရဘုရားကိုဖူးမြင်ရလိမ့်မည်မဟုတ်။
ကောင်းသောအမှုကိုပြုခြင်းနှင့် ဝေမျှခြင်းတို့ကိုလည်း မမေ့လျော့ကြနှင့်။ အကြောင်းမူကား ထိုသို့သောယဇ်များကို ဘုရားသခင်နှစ်သက်တော်မူ၏။
မကောင်းသောအမှုကိုရှောင်ရှားလျက် ကောင်းသောအမှုကိုပြုစေ။ ငြိမ်သက်ခြင်းကိုရှာ၍ ၎င်းကိုရရှိရန်ကြိုးစားစေ။
ချစ်ရသောသူ၊ မကောင်းသောအမှုကိုအတုမယူဘဲ ကောင်းသောအမှုကိုအတုယူလော့။ ကောင်းသောအမှုကိုပြုသောသူသည် ဘုရားသခင်နှင့်စပ်ဆိုင်၏။ မကောင်းသောအမှုကိုပြုသောသူမူကား ဘုရားသခင်ကို မသိမမြင်ဖူးချေ။