ကိုယ်တော်သည် အကျွန်ုပ်၏မြည်တမ်းခြင်းကို ကခုန်ခြင်းအဖြစ်သို့ ပြောင်းလဲစေတော်မူပြီ။ အကျွန်ုပ်၏လျှော်တေအဝတ်ကိုချွတ်၍ ဝမ်းမြောက်ခြင်းအဝတ်ကို ဝတ်ဆင်ပေးတော်မူပြီ။
ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဝမ်းနည်းပူဆွေးရာမှကခုန်မြူးတူးစေတော် မူပါပြီ။ ကျွန်တော်မျိုး၏ဝမ်းနည်းခြင်းလက္ခဏာဖြစ်သည့် လျှော်တေကိုချွတ်၍ ဝမ်းမြောက်ရွှင်လန်းခြင်းလက္ခဏာဖြစ်သည့် အဝတ်ကိုဝတ်ဆင်ပေးတော်မူပါပြီ။
ကိုယ် တော် သည်၊ မြည် တမ်း ခြင်း ကို က ခုန် ခြင်း ဖြစ် စေ တော် မူ ပါ ပြီ။ အ ကျွန်ုပ် ၏ လျှော် တေ ကို ချွတ်၍၊ ဝမ်း မြောက် ခြင်း နှင့် ခါး စည်း တော် မူ ပါ ပြီ။
ထိုအခါ အကျွန်ုပ်ညည်းတွားမြည်တမ်းခြင်းကို ကခုန်ခြင်းဖြစ်စေတော်မူ၏။ အကျွန်ုပ်ဝတ်သော လျှော်တေအဝတ်ကိုချွတ်၍၊ ဝမ်းမြောက်ခြင်းခါးပန်းနှင့် စည်းတော်မူ၏။
သူ၏သားသမီးအပေါင်းတို့သည် သူ့ကို ကြိုးစား၍နှစ်သိမ့်ကြ၏။ သို့သော် သူသည် နှစ်သိမ့်ခြင်းကိုငြင်းဆန်လျက် “အကယ်စင်စစ် ငါသည် ငါ့သားရှိရာမရဏာနိုင်ငံသို့ ငိုကြွေးမြည်တမ်းလျက် ဆင်းသွားတော့မည်”ဟု ဆို၏။ ထိုသို့ ယောသပ်၏ဖခင်သည် သားကြောင့်ငိုကြွေးလေ၏။
ထိုအခါ အစ္စရေးက “လုံလောက်ပြီ။ ငါ့သားယောသပ် အသက်ရှင်သေး၏။ ငါမသေမီ သူ့ကိုသွားတွေ့မည်”ဟု ဆိုလေ၏။
ဒါဝိဒ်မင်းကြီးသည် ပိတ်ချောဧဖုဒ်ကို ဝတ်ဆင်ပြီး ထာဝရဘုရားရှေ့တော်တွင် ဝမ်းသာအားရကခုန်လေ၏။
အို အကျွန်ုပ်တို့၏ဘုရားသခင်၊ ကိုယ်တော်သည် သူတို့ကို စီရင်တော်မူမည်မဟုတ်လော။ အကျွန်ုပ်တို့ကို တိုက်ခိုက်လာသောဤစစ်တပ်ကြီးကို ရင်ဆိုင်ဖို့ အကျွန်ုပ်တို့၌ အင်အားမရှိပါ။ အကျွန်ုပ်တို့ မည်သို့ပြုရမည်ကို မသိသောကြောင့် ကိုယ်တော်ကိုသာ မျှော်ကြည့်နေကြပါ၏”ဟု ဆုတောင်းလေ၏။
ယောရှဖတ်မင်းကြီးသည်ကြောက်ရွံ့၍ ထာဝရဘုရားကိုရှာရန် စိတ်ဆုံးဖြတ်ပြီး ယုဒပြည်တစ်ပြည်လုံးသို့ အစာရှောင်ရန် ကြေညာ၏။
သူတို့က ‘အကျွန်ုပ်တို့သည် ဓားဘေး၊ အပြစ်ဒဏ်ဘေး၊ ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး စသည့်ဘေးအန္တရာယ်တို့နှင့် ကြုံရလျှင် ဤအိမ်တော်၌နာမတော်တည်သောကြောင့် ဤအိမ်တော်ရှေ့၊ ကိုယ်တော့်ရှေ့တွင် ရပ်လျက် အကျွန်ုပ်တို့ကြုံရသောဆင်းရဲဒုက္ခအတွက် ကိုယ်တော့်ထံအော်ဟစ်သောအခါ ကိုယ်တော်သည် နားညောင်း၍ ကယ်မတော်မူမည်’ဟု ဆိုကြပါ၏။
ထို့နောက် နေဟမိက လူတို့အား “ချိုမြိန်သောစားကောင်းသောက်ဖွယ်တို့ကို သွား၍ စားသောက်ကြလော့။ စားသောက်စရာမရှိသူတို့အား ဝေငှပေးလော့။ ယနေ့သည် ငါတို့အရှင်သခင်အဖို့ သန့်ရှင်းသောနေ့ဖြစ်၍ ဝမ်းမနည်းကြနှင့်။ ထာဝရဘုရားထံတော်မှ ဝမ်းမြောက်ခြင်းသည် သင်တို့အဖို့ ခွန်အားဖြစ်၏”ဟု ဆို၏။
ထိုနေ့ရက်များသည် ရန်သူတို့လက်မှ ဂျူးလူမျိုးတို့ လွတ်မြောက်သောနေ့ဖြစ်၏။ ထိုလသည် ဝမ်းနည်းရာမှ ဝမ်းမြောက်ရသောလ၊ ငိုကြွေးမြည်တမ်းရာမှ ပျော်ပွဲကျင်းပရသောလ ဖြစ်၏။ ထို့ကြောင့် ထိုနေ့တို့၌ စားသောက်ပွဲကို ပျော်ရွှင်စွာကျင်းပရမည်။ အိမ်နီးချင်းတစ်ဦးကိုတစ်ဦး စားသောက်ဖွယ်ရာများကို ပေးကမ်းဝေငှရမည်။ နွမ်းပါးသူတို့ကို ပေးကမ်းစွန့်ကြဲရမည်ဟု ပါရှိ၏။
သူတို့သည် ကခုန်လျက် ကိုယ်တော်၏နာမတော်ကို ချီးမွမ်းကြပါစေ။ ပတ်သာနှင့်စောင်းကိုတီး၍ ကိုယ်တော်ကို သီဆိုချီးမွမ်းကြပါစေ။
ပတ်သာတီးလျက်၊ ကခုန်လျက် ကိုယ်တော်ကိုချီးမွမ်းကြလော့။ ကြိုးတပ်တူရိယာများတီးလျက်၊ ပလွေများမှုတ်လျက် ကိုယ်တော်ကို ချီးမွမ်းကြလော့။
အို ထာဝရဘုရား၊ အကျွန်ုပ်ခေါ်သောအသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်ကို သနား၍ထူးတော်မူပါ။
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
အကျွန်ုပ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ပေးတော်မူသောဝမ်းမြောက်ခြင်းသည် သူတို့၏ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများသောအချိန်တွင် သူတို့၌ရှိသောဝမ်းမြောက်ခြင်းထက် သာလွန်ပါ၏။
ငိုကြွေးရသောအချိန်နှင့် ရယ်မောရသောအချိန်ရှိ၏။ မြည်တမ်းရသောအချိန်နှင့် ကခုန်ရသောအချိန်ရှိ၏။
ထို့ကြောင့် အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ဂုဏ်ပြုချီးမွမ်းလိမ့်မည်။ ကြမ်းကြုတ်သောလူမျိုးတို့နေသောမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့လိမ့်မည်။
သေခြင်းကို ထာဝရပျက်စီးစေတော်မူမည်။ ဘုရားရှင်ထာဝရဘုရားသည် လူခပ်သိမ်းတို့၏မျက်နှာမှ မျက်ရည်ကို သုတ်ပေးတော်မူမည်။ မိမိလူမျိုးတော်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို မြေတစ်ပြင်လုံးမှဖယ်ရှားတော်မူမည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
အို အစ္စရေးအပျိုကညာ၊ ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်။ သင်သည် ပြန်လည်တည်ဆောက်ခြင်းခံရမည်။ သင်သည် ပတ်သာကိုဆောင်လျက် ပျော်မြူးကခုန်သောသူတို့နောက်သို့ တစ်ဖန် လိုက်သွားရလိမ့်မည်။
ဤသို့ဖြင့် ယောယခိမ်မင်းကြီးသည် ထောင်အဝတ်ကိုလဲ၍ အသက်ရှင်သမျှကာလပတ်လုံး နေ့စဉ်ဘေဘီလုံဘုရင်ထံ၌ စားသောက်ခွင့်ရ၏။
သို့သော် ဖခင်သည် မိမိအစေအပါးတို့အား ‘အကောင်းဆုံးသောဝတ်လုံကို အမြန်ယူခဲ့၍ သူ့ကိုဝတ်ပေးကြလော့။ လက်၌ လက်စွပ်ကိုစွပ်ပေး၍ ခြေ၌ ဖိနပ်ကိုစီးစေကြလော့။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။