အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
ဆာလံ 29:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့်ပြည့်စုံတော်မူ၏။ Common Language Bible ထာဝရဘုရား၏အသံတော်သည်ထွက်ပေါ် လာ၏။ ထိုအသံတော်သည်ဘုန်းတန်ခိုးအာနုဘော် တော်နှင့် ပြည့်စုံ၏။ Garrad Bible ထာ ဝ ရ ဘု ရား ၏ အ သံ တော် သည်၊ တန် ခိုး နှင့် လည်း ကောင်း၊ အာ နု ဘော် နှင့် လည်း ကောင်း၊ ပြည့် စုံ ၏။ Judson Bible ထာဝရဘုရား၏အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏အသံတော်သည် ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။ |
အကြောင်းမူကား ကိုယ်တော်မြွက်ဆိုတော်မူသောအခါ ထိုအတိုင်းဖြစ်၏။ ကိုယ်တော်အမိန့်ပေးတော်မူသောအခါ ထိုအတိုင်းတည်လျက်နေ၏။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
ဘုရားသခင်၏အစွမ်းသတ္တိကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏အာနုဘော်တော်သည် အစ္စရေးအပေါ်၌ရှိ၍ ကိုယ်တော်၏အစွမ်းသတ္တိသည် မိုးတိမ်တို့၌ရှိ၏။
မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
ထာဝရဘုရားသည် မိမိ၏ဘုန်းကြီးသောအသံကို ကြားစေတော်မူမည်။ ပြင်းထန်သောအမျက်တော်၊ တောက်လောင်နေသောမီးတောက်မီးလျှံနှင့်တကွ သည်းထန်သောမိုး၊ မုန်တိုင်း၊ မိုးသီးတို့ဖြင့် လက်ရုံးတော်ကြွဆင်းလာသည်ကို မြင်စေတော်မူမည်။
မြို့ထဲမှဆူဆူညံညံအသံ၊ ဗိမာန်တော်ထဲမှအသံသည် ရန်သူတို့အား အကျိုးအပြစ်အလျောက် ပြန်ပေးဆပ်တော်မူသော ထာဝရဘုရား၏အသံပေတည်း။
ထိုအခါ ခေရုဗိမ်တို့၏တောင်ပံခတ်သံကို အနန္တတန်ခိုးရှင်ဘုရားသခင် မိန့်မြွက်တော်မူသောစကားသံကဲ့သို့ အပြင်ဝင်းတိုင်အောင် ကြားရ၏။
အာမုတ်က “ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ သိုးကျောင်းရာစားကျက်မြေများ ခြောက်သွေ့၍ ကရမေလတောင်ထိပ်သည် ညှိုးနွမ်းသွားပြီ”ဟု ဆို၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။
ထို့နောက် ကိုယ်တော်က“သင်တို့၏ယုံကြည်ခြင်းအဘယ်မှာရှိသနည်း”ဟု မေးတော်မူ၏။ တပည့်တော်တို့သည်ကြောက်ရွံ့အံ့သြလျက် “ဤသူကား မည်သူဖြစ်သနည်း။ လေနှင့်ရေတို့ကိုပင် အမိန့်ပေးသောအခါ ၎င်းတို့သည် သူ့ကိုနာခံကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။