သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
ဆာလံ 27:6 - မြန်မာ့စံမီသမ္မာကျမ်း ယခုအခါ ငါ၏ဦးခေါင်းသည် ငါ့ပတ်လည်ရှိ ငါ့ရန်သူတို့အထက်၌ ချီးမြှောက်ခြင်းခံရလိမ့်မည်။ ထို့ကြောင့် ငါသည် ကိုယ်တော်၏တဲတော်၌ ဝမ်းမြောက်စွာကြွေးကြော်သောအသံတည်းဟူသော ယဇ်များကိုပူဇော်ပါမည်။ ငါသည် သီချင်းဆိုလျက် ထာဝရဘုရားကို သီဆိုချီးမွမ်းပါမည်။ Common Language Bible သို့ဖြစ်၍ငါသည်မိမိအားဝိုင်းရံထားသည့် ရန်သူများကိုအောင်မြင်ခွင့်ရလိမ့်မည်။ ငါသည်ဝမ်းမြောက်ရွှင်လန်းစွာကြွေးကြော် လျက် ဗိမာန်တော်တွင်ယဇ်ပူဇော်မည်။ သီချင်းဆိုမည်။ ထာဝရဘုရားအား ထောမနာပြုမည်။ Garrad Bible ယ ခု မှာ၊ ဝန်း ရံ သော ရန် သူ တို့ အ ပေါ်၌ ငါ့ ဦး ခေါင်း ကို မော် စေ တော် မူ သ ဖြင့်၊ ကိုယ် တော်၏ တဲ တော်၌ ရွှင် လန်း ရာ ပူ ဇော် သက္ကာ များ ကို ဆက် သ လျက်၊ ထာ ဝ ရ ဘု ရား အား ကျူး ဧ ဖွဲ့ ဆို မည်။ Judson Bible ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏အပေါ်သို့ ငါ၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ်ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။ |
သုံးရက်အတွင်းတွင် ဖာရောမင်းကြီးသည် သင့်ကိုချီးမြှောက်၍ သင်၏ရာထူးကို သင့်အားပြန်ပေးလိမ့်မည်။ သင်သည် ယခင်က ဖာရောမင်းကြီး၏ဖလားတော်ဝန်ဖြစ်ခဲ့စဉ်ပြုလေ့ရှိသည့်အတိုင်း သူ၏ခွက်ဖလားကို သူ့လက်သို့ဆက်သရလိမ့်မည်။
ထို့နောက် သုံးရက်မြောက်သောနေ့တွင် ဖာရောမင်းကြီး၏မွေးနေ့ကျရောက်သဖြင့် မိမိ၏အမှုထမ်းအပေါင်းတို့အတွက် စားသောက်ပွဲပြုလုပ်လေ၏။ မိမိ၏အမှုထမ်းတို့ရှေ့၌ ဖလားတော်ဝန်ကိုချီးမြှင့်၍ စားတော်ဝန်ကိုကား ခေါင်းနှင့်ကိုယ်တခြားစီဖြစ်စေလေ၏။
ရှောလုမင်းကြီး၏လက်မှလည်းကောင်း၊ ရန်သူအပေါင်းတို့၏လက်မှလည်းကောင်း ဒါဝိဒ်မင်းကြီးအား ထာဝရဘုရားကယ်နုတ်တော်မူသောနေ့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားထံ ဤသို့ သီချင်းစပ်ဆိုခဲ့၏။
ငါ၏ရန်သူတို့လက်မှ ငါ့ကိုလွတ်မြောက်စေတော်မူ၏။ ကိုယ်တော်သည် အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အပေါ် အကျွန်ုပ်ကိုချီးမြှောက်တော်မူပြီး ရက်စက်ကြမ်းကြုတ်သောသူတို့၏လက်မှ အကျွန်ုပ်ကိုကယ်နုတ်တော်မူ၏။
သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကို နာမည်ကြီးကျော်ကြားစေမည်။
ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
“သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူသည်မဟုတ်လော။ သင့်ဝန်းကျင်ကိုလည်း ငြိမ်းချမ်းစေသည်မဟုတ်လော။ ထာဝရဘုရားရှေ့၊ လူမျိုးတော်တို့ရှေ့တွင် ဤပြည်ကို နှိမ်နင်းအောင်နိုင်၍ ပြည်သူပြည်သားအပေါင်းတို့ကို ငါ့လက်သို့ အပ်တော်မူပြီ။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကိုလည်းပူဇော်၍ ရွှင်လန်းစွာကြွေးကြော်ခြင်းဖြင့် ကိုယ်တော်ပြုတော်မူသောအမှုတို့ကို ပြောကြားကြပါစေ။
လမ်းအနားရှိ စမ်းချောင်းမှရေကို သောက်တော်မူလိမ့်မည်။ ထို့ကြောင့် ကိုယ်တော်သည် ဦးခေါင်းတော်ကို ချီးမြှောက်တော်မူလိမ့်မည်။
အို ထာဝရဘုရား၊ နှလုံးသားပါလျက်အကျွန်ုပ်နှုတ်၏ချီးမွမ်းခြင်းယဇ်ကို လက်ခံတော်မူပါ။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်အား သင်ကြားပေးတော်မူပါ။
ထာဝရဘုရား၏လမ်းတော်တို့အကြောင်းကိုလည်း သီကျူးကြပါလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ဘုန်းအသရေတော်သည် ကြီးမားလှပါ၏။
အို ထာဝရဘုရား၊ ဘုရင်မင်းကြီးသည် ကိုယ်တော်၏အစွမ်းသတ္တိ၌ ဝမ်းမြောက်၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ အလွန်ရွှင်လန်းပါ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏အစွမ်းသတ္တိအားဖြင့် ချီးမြှောက်ခြင်းရှိတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်၏ အစွမ်းတန်ခိုးတော်အကြောင်းကိုသီကျူးလျက် သီဆိုချီးမွမ်းကြပါမည်။
သို့သော် အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကိုဝန်းရံထားသောဒိုင်းလွှား၊ အကျွန်ုပ်၏ဘုန်းအသရေနှင့် အကျွန်ုပ်၏ဦးခေါင်းကို ချီးမြှောက်သောအရှင်ဖြစ်တော်မူ၏။
ငါသည် အသံကိုလွှင့်၍ ထာဝရဘုရားကိုခေါ်သောအခါ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသောတောင်တော်ပေါ်မှ ငါ့ကိုထူးတော်မူ၏။(စေလာ)
လူမျိုးအပေါင်းတို့၊ လက်ခုပ်တီးကြလော့။ ရွှင်လန်းစွာကြွေးကြော်သောအသံဖြင့် ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
အို ငါ့ဝိညာဉ်၊ နိုးကြွလော့။ စောင်းပြားနှင့်စောင်းကောက်တို့၊ နိုးကြွကြလော့။ ငါသည် အရုဏ်ဦးကို နိုးကြွစေမည်။
ငါတို့၏အစွမ်းသတ္တိဖြစ်တော်မူသော ဘုရားသခင်ထံ ရွှင်လန်းစွာသီချင်းဆိုကြလော့။ ယာကုပ်၏ဘုရားသခင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
လာကြ၊ ထာဝရဘုရားထံ ရွှင်လန်းစွာသီချင်းဆိုကြကုန်စို့။ ငါတို့၏ကယ်တင်ခြင်းကျောက်ဆောင်ထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြကုန်စို့။
အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။
ထာဝရဘုရားက “ယာကုပ်အမျိုးအတွက် ဝမ်းမြောက်ပျော်ရွှင်စွာသီချင်းဆိုကြလော့။ လူမျိုးတကာတို့၏အထွတ်အား ကြွေးကြော်ချီးမွမ်း၍ ‘အို ထာဝရဘုရား၊ ကြွင်းကျန်သော ကိုယ်တော်၏လူမျိုးတော် အစ္စရေးလူမျိုးကို ကယ်တင်တော်မူပါ’ဟု မြွက်ဆိုကြလော့။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
အို ဇိအုန်သမီးပျို၊ အားရရွှင်လန်းလော့။ အို ဂျေရုဆလင်သမီးပျို၊ ဝမ်းမြောက်စွာကြွေးကြော်လော့။ ကြည့်ရှုလော့။ သင်၏ရှင်ဘုရင်သည် သင့်ထံသို့ ကြွလာပြီ။ သူသည် ဖြောင့်မတ်သောအရှင်၊ ကယ်တင်ပိုင်သောအရှင်ဖြစ်တော်မူ၏။ နှိမ့်ချသောအရှင်လည်းဖြစ်တော်မူ၏။ မြည်းမ၏သားငယ် မြည်းကလေးကိုစီး၍ ကြွလာတော်မူ၏။
ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
သူတို့သည် ဘုရားသခင်၏ကျွန် မောရှေ၏သီချင်းနှင့် သိုးသငယ်တော်၏သီချင်းများကိုသီဆိုကာ “အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ပြုတော်မူသောအမှုတို့သည် ကြီးမြတ်၍ အံ့သြဖွယ်ကောင်းလှပါ၏။ လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်၏နည်းလမ်းတော်တို့သည် ဖြောင့်မတ်၍မှန်ကန်ပါ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး