အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
ဆာလံ 27:11 - မြန်မာ့စံမီသမ္မာကျမ်း အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်၏ရန်သူတို့ကြောင့် အကျွန်ုပ်ကိုညီညာသောလမ်း၌ပို့ဆောင်တော်မူပါ။ Common Language Bible အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ပြုစေလိုသောအမှုအရာတို့ကို ကျွန်တော်မျိုးအားသွန်သင်တော်မူပါ။ ကျွန်တော်မျိုးမှာရန်သူများလှပါ၏။ သို့ဖြစ်၍ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာ လမ်း၌ ပို့ဆောင်တော်မူပါ။ Garrad Bible အို ထာ ဝ ရ ဘု ရား၊ နည်း လမ်း တော် ကို သွန် သင် လျက်၊ တပ် ပုန်း များ ကြောင့်၊ လမ်း ဖြောင့် ဖြင့် လိုက် ပို့ တော် မူ ပါ။ Judson Bible အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ |
အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏။ အကျွန်ုပ်ကို ကိုယ်တော်၏ပညတ်တော်တို့မှ လမ်းလွဲစေတော်မမူပါနှင့်။
အကျွန်ုပ်သည် မှားယွင်းသောလမ်းသို့လိုက်သည်၊ မလိုက်သည်ကို ကြည့်ရှု၍ အကျွန်ုပ်ကို ထာဝရလမ်းထဲသို့ ပို့ဆောင်တော်မူပါ။
ထာဝရဘုရားကိုကြောက်ရွံ့သောသူသည် မည်သူနည်း။ ကိုယ်တော်သည် ထိုသူရွေးချယ်ရမည့်လမ်းကို သူ့အားသွန်သင်ပြသတော်မူလိမ့်မည်။
စိတ်နှိမ့်ချသောသူတို့ကို တရားမျှတခြင်းထဲ၌ ဦးဆောင်လမ်းပြတော်မူ၏။ မိမိ၏လမ်းတော်ကိုလည်း စိတ်နှိမ့်ချသောသူတို့အား သင်ကြားပေးတော်မူ၏။
အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။ အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။
အို ထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့ကြောင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်တန်းစေတော်မူပါ။
အကြောင်းမူကား သူတို့၏နှုတ်တွင် တည်ကြည်မှုမရှိပါ။ သူတို့စိတ်ထဲ၌ ယုတ်မာစဉ်းလဲမှုရှိ၍ သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းဖြစ်ပါ၏။ သူတို့၏လျှာသည် မြှောက်ပင့်ပြောဆိုတတ်ပါ၏။
ငါ၏ရန်သူတို့အပေါ် မကောင်းမှုအကျိုးကို ကိုယ်တော်ဆပ်ပေးပါစေသော။ ကိုယ်တော်၏သစ္စာတော်နှင့်အညီ ထိုသူတို့ကို ဖယ်ရှားသုတ်သင်တော်မူပါ။
သူတို့သည် မတရားမှုများကိုကြံစည်လျက် “ငါတို့သည် ပြည့်စုံသောအကြံအစည်ကို ကြံစည်ကြပြီ”ဟု ဆိုကြ၏။ အကယ်စင်စစ် လူ၏အတွင်းနှလုံးသားသည် နက်လှ၏။
အို ထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အားသွန်သင်ပြသတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏သမ္မာတရား၌ လျှောက်လှမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ကြောက်ရွံ့မည့်အကြောင်း အကျွန်ုပ်၏စိတ်ကိုစုစည်းတော်မူပါ။
ပျင်းရိသောသူ၏လမ်းသည် ဆူးစည်းရိုးသဖွယ်ဖြစ်၏။ ဖြောင့်မှန်သောသူတို့၏လမ်းခရီးမူကား ပြန့်ပြူး၏။
ထိုစကားအားလုံးတို့သည် အသိဉာဏ်ရှိသောသူအတွက် မှန်ကန်၍ အသိပညာကိုတွေ့ရှိသောသူတို့အတွက် ဖြောင့်မှန်၏။
ထိုအရပ်၌ လမ်းမကြီးတစ်လမ်းရှိ၏။ ထိုလမ်းကို သန့်ရှင်းသောလမ်းဟု ခေါ်ဝေါ်ကြလိမ့်မည်။ ထိုလမ်း၌ မစင်ကြယ်သောသူ သွားလာရမည်မဟုတ်။ ထိုလမ်းသည် ထိုလမ်းပေါ် လျှောက်မည့်သူတို့အတွက်သာဖြစ်၏။ ဆိုးမိုက်ခဲ့သောသူတို့ပင် ထိုလမ်းပေါ်ရောက်လျှင် လမ်းလွဲကြတော့မည်မဟုတ်။
အကြောင်းမူကား လူအများတို့က “ပတ်ပတ်လည်၌ ကြောက်လန့်စရာရှိ၏။ သတင်းပို့ကြစို့။ ငါတို့သတင်းပို့ကြစို့”ဟူ၍ တီးတိုးပြောသံကိုသာ ငါကြားရ၏။ အကျွန်ုပ်၏မိတ်ဆွေရင်းချာအပေါင်းတို့လည်း အကျွန်ုပ်ပြိုလဲသည်ကို စောင့်ကြည့်၍ “သူ့ကို လှည့်စား၍ ရကောင်းရနိုင်လိမ့်မည်။ သူ့ကို အနိုင်ယူမည်။ လက်တုံ့ပြန်မည်”ဟု ဆိုကြ၏။
ထို့ကြောင့် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်လျက် နှုတ်တော်ထွက်စကားတွင် အပြစ်ရှာ၍ ကိုယ်တော်ကို ဘုရင်ခံ၏အုပ်ချုပ်မှုအာဏာအောက်သို့ အပ်နှံနိုင်ရန် ဖြောင့်မတ်သူအဖြစ် ဟန်ဆောင်သောသူလျှိုများကို စေလွှတ်ကြ၏။