အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဆာ​လံ 25:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

အို ထာဝရဘုရား​၊ ကိုယ်တော်​၏​သနားစုံမက်​ခြင်း​များ​နှင့် ကိုယ်တော်​၏​မေတ္တာကရုဏာ​များ​ကို အောက်မေ့​တော်မူ​ပါ​။ အကြောင်းမူကား ၎င်း​တို့​သည် ရှေးကာလ​မှစ၍ တည်​ခဲ့​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ​၍​ကိုယ်​တော်​ရှင်​ပြ​တော် မူ​သည့် က​ရု​ဏာ​တော်​နှင့်​ခိုင်​မြဲ​သော​မေတ္တာ​တော် တို့​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။

Garrad Bible

အို ထာ ဝ ရ ဘု ရား၊ ရှေး မ ဆွ က တည် မြဲ သော က ရု ဏာ တော် နှင့် မေ တ္တာ ကျေး ဇူး တော် များ ကို သ တိ ရ တော် မူ ပါ။

အခန်းကိုကြည့်ပါ။

Judson Bible

အို​ထာ​ဝ​ရ​ဘု​ရား၊ ရှေး​ကာ​လ​မှ​စ၍၊ ပြ​တော်​မူ​သော က​ရု​ဏာ​နှင့် မေ​တ္တာ​သ​ဘော​ကို အောက်​မေ့​တော်​မူ​ပါ။

အခန်းကိုကြည့်ပါ။



ဆာ​လံ 25:6
35 ပူးပေါင်းရင်းမြစ်များ  

“​အကျွန်ုပ်​သခင်​အာဗြဟံ​ထံမှ မေတ္တာကရုဏာ​တော်​နှင့်​သစ္စာ​တော်​ကို ရုပ်သိမ်း​တော်​မ​မူ​သော အကျွန်ုပ်​သခင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် မင်္ဂလာရှိ​ပါစေသော​။ အကျွန်ုပ်​သခင်​၏​ဆွေမျိုးသားချင်း​အိမ်​သို့ သွား​သော​လမ်းခရီး​၌ ထာဝရဘုရား​သည် အကျွန်ုပ်​ကို ပို့ဆောင်​တော်မူ​ပြီ​”​ဟု ဆို​လေ​၏​။


ထို့နောက် ယာကုပ်​က “​အကျွန်ုပ်​အဖ​အာဗြဟံ​၏​ဘုရား​၊ အကျွန်ုပ်​အဖ​ဣဇက်​၏​ဘုရား​၊ အကျွန်ုပ်​အား ‘​သင့်​ပြည်​၊ သင့်​ဆွေမျိုးသားချင်း​တို့​ထံသို့ ပြန်သွား​လော့​။ ငါ​သည် သင့်​ကို​ကောင်းစား​စေ​မည်​’​ဟု မိန့်​တော်မူ​သော​ထာဝရဘုရား​၊


အို ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​ဘိသိက်ပေး​တော်မူ​သော​သူ​ကို မျက်နှာ​လွှဲ​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​အစေအပါး​ဒါဝိဒ်​မင်းကြီး​အပေါ်​ထား​သော ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​ကို အောက်မေ့​တော်မူ​ပါ​”​ဟု တောင်းလျှောက်​လေ​၏​။


လေဝိ​အမျိုး​တို့​ကို​လည်း ဥပုသ်နေ့​သန့်ရှင်း​အောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်​စေ​ပြီး မြို့​တံခါး​တို့​တွင် သွား​၍​စောင့်ကြပ်​ကြ​လော့​ဟု ငါ​မှာကြား​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ မေတ္တာကရုဏာ​ကြွယ်ဝ​သည့်​အတိုင်း အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။


ကိုယ်တော်​သည် ကရုဏာ​တော်​ကြီးမား​သောကြောင့် သူ​တို့​ကို​တောကန္တာရ​တွင် စွန့်ပစ်​တော်​မ​မူ​။ နေ့​အချိန်​၌ သူ​တို့​ကို လမ်းခရီး​တွင်​ပို့ဆောင်​ရန် မိုးတိမ်​တိုင်​ကို​သူ​တို့​ရှေ့​မှ​မ​ဖယ်ရှား​၊ ညအချိန်​၌ သူ​တို့​သွား​သော​လမ်းခရီး​တွင်​လည်း အလင်း​ရရှိ​ရန် မီးတိုင်​ဖြင့် ပို့ဆောင်​တော်မူ​၏​။


သို့ရာတွင် ထာဝရဘုရား​၏​မေတ္တာကရုဏာ​တော်​သည် ကိုယ်တော်​ကို​ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ ထာဝရ​ကာလ​မှ​ထာဝရ​ကာလ​တိုင်အောင်​တည်​၏​။ ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည်​လည်း သူ​တို့​၏​သားမြေးစဉ်ဆက်​အပေါ်​၌​လည်းကောင်း​၊


သင်​၏​အသက်​ကို သေတွင်း​ထဲမှ​ရွေးနုတ်​၍ သင့်​ကို မေတ္တာကရုဏာ​နှင့်​သနားစုံမက်​ခြင်း​သရဖူ ဆောင်း​ပေး​တော်မူ​၏​။


ထာဝရဘုရား​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​သည် အစဉ်အမြဲ​တည်​သောကြောင့် ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​။


ထိုအခါ သူ​တို့​အတွက် မိမိ​၏​ပဋိညာဉ်​တော်​ကို သတိရ​လျက် မိမိ​၏​ကြီးမား​သော မေတ္တာကရုဏာ​တော်​နှင့်အညီ စိတ်​တော်​ပြောင်းလဲ​၍


ထာဝရဘုရား​၏​ကျေးဇူးတော်​ကို​ချီးမွမ်း​ကြ​လော့​။ အကြောင်းမူကား ကိုယ်တော်​သည် ကောင်းမြတ်​တော်မူ​၍ ကိုယ်တော်​၏ မေတ္တာကရုဏာ​သည် အစဉ်အမြဲ​တည်​၏​။


ကိုယ်တော်​၏​တရားတော်​သည် အကျွန်ုပ်​မွေ့လျော်​ရာ​ဖြစ်​သောကြောင့် အကျွန်ုပ်​အသက်ရှင်​နိုင်​ရန် ကိုယ်တော်​၏​သနားစုံမက်​ခြင်း​သည် အကျွန်ုပ်​အပေါ်​သက်ရောက်​ပါစေသော​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​အား သနားစုံမက်​ခြင်း​ကို ချုပ်တည်း​တော်​မ​မူ​ပါ​နှင့်​။ ကိုယ်တော်​၏​မေတ္တာကရုဏာ​တော်​နှင့် ကိုယ်တော်​၏​သမ္မာတရား​သည် အကျွန်ုပ်​ကို အစဉ်​ကာကွယ်​စောင့်ရှောက်​ပါစေသော​။


အို ထာဝရဘုရား​၊ အကျွန်ုပ်​မူကား နှစ်သက်​ဖွယ်​သော​အချိန်​၌ ကိုယ်တော့်​ထံ ဆုတောင်း​ပါ​၏​။ အို ဘုရားသခင်​၊ ကိုယ်တော်​၏​ကြီးမား​သော​မေတ္တာကရုဏာ​နှင့်အညီ ကိုယ်တော်​၏​ကယ်တင်​ခြင်း​နှင့်ဆိုင်သော သမ္မာတရား​ဖြင့် အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​မေတ္တာကရုဏာ​သည် ကောင်းမြတ်​သည်​ဖြစ်၍ အကျွန်ုပ်​ကို​ထူး​တော်မူ​ပါ​။ ကိုယ်တော်​၏​ကြီးမား​သော​သနားစုံမက်​ခြင်း​နှင့်အညီ အကျွန်ုပ်​ဘက်​သို့​လှည့်​တော်မူ​ပါ​။


ကိုယ်တော်​သည် အစ္စရေး​အမျိုးအနွယ်​အပေါ် ထားရှိ​သည့် မိမိ​၏​မေတ္တာကရုဏာ​တော်​နှင့် သစ္စာ​တော်​တို့​ကို အောက်မေ့​တော်မူ​ပြီ​။ ကမ္ဘာမြေ​အစွန်း​ရှိသမျှ​တို့​သည် ငါ​တို့​ဘုရားသခင်​၏ ကယ်တင်​ခြင်း​ကို မြင်​ရ​ကြ​ပြီ​။


ကိုယ်တော်​ရွေးနုတ်​တော်မူ​သော​လူမျိုး​ကို မေတ္တာကရုဏာ​တော်​ဖြင့် ပို့ဆောင်​တော်မူ​၍ ကိုယ်တော်​၏​သန့်ရှင်း​သော​စံမြန်း​ရာ​အရပ်​သို့ အစွမ်းတန်ခိုး​တော်​ဖြင့် လမ်းပြ​တော်မူ​၏​။


ထာဝရဘုရား​သည် သူ့​ရှေ့​မှ​ဖြတ်သွား​၍ “​ထာဝရဘုရား​၊ ထာဝရဘုရား​သည် သနားစုံမက်​တတ်​သော​ဘုရား​၊ ကျေးဇူးပြု​တတ်​သော​ဘုရား​၊ စိတ်ရှည်​သော​ဘုရား​၊ မေတ္တာကရုဏာ​ကြွယ်ဝ​သော​ဘုရား​၊ သစ္စာတည်​သော​ဘုရား​ဖြစ်​၏​။


ဆိုးယုတ်​သော​သူ​သည် မိမိ​လမ်း​ကို​လည်းကောင်း​၊ အပြစ်ဒုစရိုက်​ပြု​သော​သူ​သည် မိမိ​အကြံအစည်​တို့​ကို​လည်းကောင်း စွန့်ပစ်​၍ ထာဝရဘုရား​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ သို့ပြုလျှင် ကိုယ်တော်​သည် သူ့​ကို သနား​တော်မူ​မည်​။ ငါ​တို့​၏​ဘုရားသခင်​ထံ​တော်​သို့ ပြန်လှည့်​လာ​ပါစေ​။ အကြွင်းမဲ့​ခွင့်လွှတ်​တော်မူ​မည်​။


ကိုယ်တော်​၏​သန့်ရှင်း​သော​၊ ဘုန်းအသရေ​ရှိ​သော ကိန်းဝပ်​တော်မူ​ရာ​ကောင်းကင်ဘုံ​မှ ကြည့်​၍ သိမြင်​တော်မူ​ပါ​။ ကိုယ်တော်​၏​စိတ်အားထက်သန်မှု​၊ ကိုယ်တော်​၏​အစွမ်းတန်ခိုး​သည် အဘယ်မှာ​နည်း​။ ကိုယ်တော်​သည် အကျွန်ုပ်​အပေါ်​ထားရှိ​သည့် သနားကြင်နာ​ခြင်း​စိတ်​ကို ချုပ်တည်း​တော်မူ​ပြီ​။


ထာဝရဘုရား​က “​ဧဖရိမ်​သည် ငါ​ချစ်​သော​သား​၊ ငါ​မြတ်နိုး​သော​သားလေး​ဖြစ်​သည်​မ​ဟုတ်​လော​။ ငါ​သည် သူ့​ကို အပြစ်တင်​ပြောဆို​လေ​တိုင်း သူ့​ကို အစဉ်​သတိရ​လျက်​ရှိ​ပါ​၏​။ ထို့ကြောင့် သူ့​အတွက် စိုးရိမ်ပူပန်​၏​။ သူ့​ကို အလွန်​သနား​၏​”​ဟု မိန့်​တော်မူ​၏​။


ဝမ်းမြောက်​ရွှင်မြူး​ခြင်း​အသံ​၊ သတို့သား​သတို့သမီး​အသံ​၊ ထာဝရဘုရား​သည် ကောင်းမြတ်​တော်မူ​၍ မေတ္တာကရုဏာ​တော်​အစဉ်အမြဲ​တည်​သောကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​၏​ကျေးဇူး​တော်​ကို ချီးမွမ်း​ကြ​လော့​ဟု ဆို​လျက် ထာဝရဘုရား​၏​အိမ်​တော်​သို့ ကျေးဇူးတော်​ချီးမွမ်း​ခြင်း​ယဇ်​ကို ယူဆောင်​လာ​သော​သူ​တို့​၏​အသံ​ကို ကြား​ရ​လိမ့်မည်​။ အကြောင်းမူကား ဖမ်းခေါ်​သွား​ခြင်း​ခံရ​သော​ပြည်သား​တို့​ကို ငါ​ပြန်လာ​စေ​၍ ယခင်​က​ကဲ့သို့ ပြန်လည်​နေထိုင်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


အို ဘုရားသခင်​၊ နား​တော်​ကို လှည့်​၍ ကြား​တော်မူ​ပါ​။ မျက်စိ​တော်​ကို ဖွင့်​၍ ပျက်စီး​သွား​သော​အကျွန်ုပ်​တို့​နေရာ​၊ နာမ​တော်​ဖြင့်​ခေါ်ဝေါ်သမုတ်​တော်မူ​သော​မြို့​တော်​ကို ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကိုယ့်​ဖြောင့်မတ်​ခြင်း​ကြောင့်​မ​ဟုတ်​ဘဲ ကြီးမား​သော​ကရုဏာ​တော်​ကို​သာ မျှော်ကိုး​လျက် ရှေ့​တော်​၌ အသနား​တော်​ခံ​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော့်​အကြောင်း​ကို​ကြား​ရ​၍ အကျွန်ုပ်​ကြောက်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​ပြု​တော်မူ​သော​အမှု​များ​ကို အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထပ်မံ​ပြု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​ခေတ်​ကာလ​တွင် ထင်ရှား​စေ​တော်မူ​ပါ​။ အမျက်​ထွက်​သော်လည်း ကရုဏာ​တော်​ကို ပြန်လည်​အောက်မေ့​တော်မူ​ပါ​။


ကရုဏာ​တော်​သည်​လည်း ကိုယ်တော်​ကို​ကြောက်ရွံ့​ရိုသေ​သော​သူ​တို့​အပေါ်၌ သားစဉ်မြေးဆက်​တည်​၏။


ကိုယ်တော်​သည် ငါ​တို့​ဘိုးဘေး​များ​အား​မိန့်​တော်မူ​သည့်​အတိုင်း အာဗြဟံ​မှစ၍ သူ​၏​အမျိုးအနွယ်​အပေါ် ကာလ​အစဉ်အဆက်​ထားရှိ​သော​ကရုဏာ​တော်​ကို​အောက်မေ့​၍ မိမိ​၏​အစေခံ​အစ္စရေး​လူမျိုး​ကို ကူညီမစ​တော်မူ​ပြီ”​ဟု ဆို​၏။


ဤ​အပြစ်​များ​ခွင့်လွှတ်​ခြင်း​ကျေးဇူး​သည် ငါ​တို့​ဘုရားသခင်​၏​အကြင်နာ​ကရုဏာ​တော်​ကြောင့် သက်ရောက်​လာ​သည်​ဖြစ်၍ ထို​ကရုဏာ​တော်​အားဖြင့် အထက်​ကောင်းကင်​မှ​နေ​အရုဏ်​သည် ငါ​တို့​အပေါ်​သက်ရောက်​ပြီး


ငါ​တို့​သခင်​ယေရှု​ခရစ်တော်​၏​ခမည်းတော်​ဘုရားသခင်၊ သက်ညှာ​ခြင်း​နှင့်​ပြည့်စုံ​တော်မူ​သော​အဖ​တည်းဟူသော နှစ်သိမ့်​ခြင်း​အလုံးစုံ​တို့​ကို​ပေး​တော်မူ​သော​ဘုရားသခင်​သည် မင်္ဂလာရှိ​ပါစေသော။


ငါ​သည် ခရစ်တော်​ယေရှု​၏​ကြင်နာ​ခြင်း​ဖြင့် သင်​တို့​အားလုံး​ကို မည်မျှ​လွမ်းဆွတ်​ကြောင်း ငါ့​အတွက်​သက်သေခံ​ပေး​သော​အရှင်​မှာ ဘုရားသခင်​ဖြစ်​တော်မူ​၏။


ထို့ကြောင့် သင်​တို့​တွင် ခရစ်တော်​၌​တိုက်တွန်း​အားပေး​ခြင်း၊ ချစ်​ခြင်း​မေတ္တာ​၏​နှစ်သိမ့်​ခြင်း၊ ဝိညာဉ်​တော်​အားဖြင့်​မိတ်သဟာယ​ဖွဲ့​ခြင်း၊ ကြင်နာ​ခြင်း​နှင့် သက်ညှာ​ခြင်း​တို့ တစ်စုံတစ်ရာ​ရှိ​လျှင်


ထို့ကြောင့် သင်​တို့​သည် ဘုရားသခင်​ရွေးကောက်​တော်မူ​သော​သူ​များ၊ သန့်ရှင်း​သော​သူ​များ​နှင့် ချစ်​တော်မူ​သော​သူ​များ​ဖြစ်​ကြ​သည့်​အလျောက် ကြင်နာ​ခြင်း​နှင့်​ပြည့်ဝ​သည့်​သက်ညှာ​ခြင်း၊ ကျေးဇူးပြု​ခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့​သိမ်မွေ့​ခြင်း​နှင့် စိတ်ရှည်​သည်းခံ​ခြင်း​တို့​ကို ဝတ်ဆင်​ကြ​လော့။


တစ်စုံတစ်ဦး​သည် လောကီ​စည်းစိမ်​ရှိ​လျက်​နှင့် မိမိ​ညီအစ်ကို​ဆင်းရဲ​ချို့တဲ့​နေ​သည်​ကို​မြင်​၍ မိမိ​၏​ကြင်နာ​စိတ်​ကို​ချုပ်တည်း​ထား​လျှင် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​သည် ထို​သူ​၌ မည်သို့​တည်​မည်နည်း။