အကျွန်ုပ်သည် အကျွန်ုပ်၏နှုတ်ဖြင့် ထာဝရဘုရား၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ဆာလံ 22:23 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရေးအမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။ Common Language Bible ထာဝရဘုရား၏အစေခံတို့၊ကိုယ်တော်ကို ထောမနာပြုကြလော့။ ယာကုပ်၏သားမြေးတို့၊ကိုယ်တော်အား ဂုဏ်ပြုချီးကူးကြလော့။ ဣသရေလအမျိုးသားတို့၊ကိုယ်တော်အား ဝတ်ပြုကိုးကွယ်ကြလော့။ Garrad Bible ထာ ဝ ရ ဘု ရား ကို ခန့် ညား သူ တို့၊ ကိုယ် တော် ကို ချီး မွမ်း ကြ လော့။ ယာ ကုပ် ၏ အ မျိုး အ နွယ် အ ပေါင်း တို့၊ ဘုန်း တော် ကို ချီး မြှောက် ကြ လော့။ ဣ သ ရေ လ၏ အ မျိုး အ နွယ် အ ပေါင်း တို့၊ ကိုယ် တော် ကို ရို သေ ကြ လော့။ Judson Bible ထာဝရဘုရားကို ကြောက်ရွံ့သောအချင်းတို့၊ ချီးမွမ်းခြင်းကို ပြုကြလော့။ ယာကုပ်အမျိုးအပေါင်းတို့၊ ဂုဏ်ကျေးဇူးတော်ကို ဖော်ပြကြပါလော့။ ဣသရေလအမျိုးအပေါင်းတို့၊ ကိုယ်တော်ကို ကြောက်ရွံ့ကြလော့။ |
အကျွန်ုပ်သည် အကျွန်ုပ်၏နှုတ်ဖြင့် ထာဝရဘုရား၏ကျေးဇူးတော်ကို အလွန်ချီးမွမ်းပါမည်။ များစွာသောလူတို့အလယ်တွင် ကိုယ်တော်ကိုချီးမွမ်းပါမည်။
ဟာလေလုယ။ ငါသည် ဖြောင့်မှန်သောသူတို့၏ အစည်းအဝေးနှင့် လူထုပရိသတ်အလယ်တွင် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းမည်။
ထာဝရဘုရားကို ကြောက်ရွံ့သောသူတို့၊ ထာဝရဘုရားကို ယုံကြည်ကိုးစားကြလော့။ ကိုယ်တော်သည် ထိုသို့သောသူတို့ကို ကူညီမစသောအရှင်၊ သူတို့၏ဒိုင်းလွှားဖြစ်တော်မူ၏။
ကိုယ်တော်သည် မိမိကိုကြောက်ရွံ့သောသူတို့၏ အလိုကို ပြည့်စုံစေတော်မူ၏။ သူတို့၏အော်ဟစ်သံကိုလည်းကြား၍ သူတို့ကို ကယ်တင်တော်မူ၏။
သူတို့အမျိုးအနွယ်သည် ကိုယ်တော်၏အမှုတော်ကိုဆောင်ရွက်ကြပြီး လာမည့်မျိုးဆက်အား ဘုရားရှင်အကြောင်းကိုပြောကြားလိမ့်မည်။
အကျွန်ုပ်၏ခြေသည် ညီညာသောအရပ်၌ရပ်နေပါ၏။ အကျွန်ုပ်သည် လူထုပရိသတ်ကြီးအလယ်တွင် ထာဝရဘုရားကို ကောင်းချီးထောမနာပြုပါမည်။
မြေကြီးသားအပေါင်းတို့သည် ထာဝရဘုရားကိုကြောက်ရွံ့ပါစေ။ ကမ္ဘာလောက၌နေထိုင်သောသူအပေါင်းတို့သည် ကိုယ်တော်ကို ကြောက်ရွံ့ရိုသေကြပါစေ။
ထိုအခါ အကျွန်ုပ်သည် လူအစုအဝေးကြီးအလယ်တွင် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းပါမည်။ လူထုပရိသတ်ကြီးအလယ်၌ ကိုယ်တော်ကိုချီးမွမ်းပါမည်။
ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကိုပူဇော်သောသူသည် ငါ့ကိုဂုဏ်ပြုချီးမွမ်းသောသူဖြစ်၏။ မိမိလမ်းခရီးကိုပြင်ဆင်သောသူအားလည်း ဘုရားသခင်၏ကယ်တင်ခြင်းကို ငါပြသမည်”ဟု မိန့်တော်မူ၏။
အို ဘုရားရှင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်း၍ ကိုယ်တော်၏နာမတော်ကို အစဉ်အမြဲဂုဏ်ပြုချီးမွမ်းပါမည်။
ထို့ကြောင့် အားကြီးသောလူမျိုးသည် ကိုယ်တော်ကို ဂုဏ်ပြုချီးမွမ်းလိမ့်မည်။ ကြမ်းကြုတ်သောလူမျိုးတို့နေသောမြို့သည် ကိုယ်တော်ကိုကြောက်ရွံ့လိမ့်မည်။
ကရုဏာတော်သည်လည်း ကိုယ်တော်ကိုကြောက်ရွံ့ရိုသေသောသူတို့အပေါ်၌ သားစဉ်မြေးဆက်တည်၏။
သိုးထိန်းတို့သည် မိမိတို့အားမြွက်ဆိုထားသည့်အတိုင်း မြင်ရကြားရသဖြင့် ထိုအမှုအရာအားလုံးတို့အတွက် ဘုရားသခင်၏ဘုန်းတော်၊ ဂုဏ်တော်ကို ချီးမွမ်းလျက် ပြန်သွားကြ၏။
ထို့ကြောင့် သင်တို့သည် စားသည်ဖြစ်စေ၊ သောက်သည်ဖြစ်စေ၊ မည်သည့်အမှုကိုပြုသည်ဖြစ်စေ ခပ်သိမ်းသောအမှုတို့ကို ဘုရားသခင်၏ဘုန်းတော်အတွက် ပြုကြလော့။
အို ထာဝရဘုရား၊ မည်သူသည် ကိုယ်တော်ကိုမကြောက်ရွံ့၊ နာမတော်ကိုလည်း မချီးမွမ်းဘဲ နေလိမ့်မည်နည်း။ အကြောင်းမူကား ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏။ ကိုယ်တော်၏ဖြောင့်မတ်သောစီရင်ချက်တို့သည် ထင်ရှားသည်ဖြစ်၍ လူမျိုးတကာတို့သည် ကိုယ်တော်၏ရှေ့တော်သို့လာ၍ ရှိခိုးကြပါလိမ့်မည်”ဟု ဆိုကြ၏။