တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
ဆာလံ 19:2 - မြန်မာ့စံမီသမ္မာကျမ်း ၎င်းတို့သည် တစ်နေ့ပြီးတစ်နေ့ မြွက်ဟပြောဆို၍ တစ်ညပြီးတစ်ညအသိပညာကိုပြသကြ၏။ Common Language Bible ဤအကြောင်းကိုတစ်နေ့ကိုတစ်နေ့၊တစ်ညကိုတစ်ည လက်ဆင့်ကမ်းကြေညာကြပေသည်။ Garrad Bible တစ် နေ့ က တစ် နေ့ အား ပြန် ကြား လျက်၊ တစ် ညဉ့် က တစ် ညဉ့် အား အ သိ ပ ညာ ထုတ် ပြ လျက် နေ စဉ်၊ Judson Bible တစ်နေ့ကိုတစ်နေ့ မြွက်ဆို၍၊ တစ်ညကိုတစ်ည သွန်သင်၏။ |
တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
မြေကြီးတည်နေသရွေ့ မျိုးကြဲချိန်နှင့်ရိတ်သိမ်းချိန်၊ ပူသောအချိန်နှင့်အေးသောအချိန်၊ နွေရာသီနှင့်ဆောင်းရာသီ၊ နေ့အချိန်နှင့်ညအချိန်တို့သည် မပြတ်မစဲရှိနေမည်”ဟု စိတ်တော်ထဲ၌ မြွက်ဆိုတော်မူ၏။
လူပျိုများနှင့်အပျိုများ၊ အသက်ကြီးသောသူများနှင့်ကလေးသူငယ်များတို့၊ ထာဝရဘုရားကို ကမ္ဘာမြေကြီးပေါ်မှ ချီးမွမ်းကြလော့။
ဟာလေလုယ။ သန့်ရှင်းရာဌာနတော်၌ ဘုရားသခင်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏တန်ခိုးတော်ထင်ရှားရာ မိုးမျက်နှာကြက်ပေါ်မှာ ကိုယ်တော်ကိုချီးမွမ်းကြလော့။
နေ့ကို ကိုယ်တော်ပိုင်တော်မူသကဲ့သို့ ညကိုလည်း ကိုယ်တော်ပိုင်တော်မူ၏။ ကိုယ်တော်သည် အလင်းအိမ်နှင့်တကွ နေကိုတည်စေတော်မူ၏။
လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း။
ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။