ငါ့ကိုသွန်သင်ပါ။ ငါဆိတ်ဆိတ်နေပါမည်။ ငါမည်သည့်အမှားလုပ်မိသည်ကို ပြောပြကြပါ။
ဆာလံ 19:12 - မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။ Common Language Bible အဘယ်သူမျှမိမိ၏အမှားအယွင်းများကို မမြင်နိုင်ပါ။ အို ထာဝရဘုရား၊ မထင်ရှားသည့်အပြစ်များနှင့်ကျွန်တော်မျိုးအား ကင်းစင်စေတော်မူပါ။ Garrad Bible မ တော် တ ဆ ပြစ် မှု များ ကို၊ မည် သူ သိ မြင် နိုင် ပါ အံ့ နည်း။ မ ထင် မ ရှား သော အ ပြစ် များ မှ၊ အ ကျွန်ုပ် ကို လွတ် ကင်း စေ တော် မူ ပါ။ Judson Bible မိမိမှားယွင်းခြင်းကို အဘယ်သူသည် နားလည်နိုင်သနည်း။ မထင်ရှားသောဒုစရိုက်အပြစ်နှင့် အကျွန်ုပ်ကို ကင်းစင်စေ၍၊ |
ငါ့ကိုသွန်သင်ပါ။ ငါဆိတ်ဆိတ်နေပါမည်။ ငါမည်သည့်အမှားလုပ်မိသည်ကို ပြောပြကြပါ။
အကျွန်ုပ်၏ထိုင်ခြင်းနှင့် ထခြင်းကို သိတော်မူ၏။ အကျွန်ုပ်၏အတွေးအကြံကို အဝေးကပင် သိနားလည်တော်မူ၏။
ထိုသို့သောအသိပညာသည် အကျွန်ုပ်အတွက်အံ့ဩဖွယ်ကောင်းလွန်းပါ၏။ မြင့်မားလှသည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ။
အကြောင်းမူကား မရေမတွက်နိုင်သောဘေးအန္တရာယ်များသည် အကျွန်ုပ်ကိုဝန်းရံလျက်ရှိကြပါ၏။ အကျွန်ုပ်၏ဒုစရိုက်များသည် အကျွန်ုပ်ကိုဖုံးလွှမ်းသဖြင့် အကျွန်ုပ်ဘာမျှ မမြင်နိုင်တော့ပါ။ ၎င်းတို့သည် အကျွန်ုပ်၏ဦးခေါင်းမှဆံပင်များထက် များပြား၍ အကျွန်ုပ်၏စိတ်နှလုံးသည် အားလျော့ပါပြီ။
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
ဒုစရိုက်များသည် အကျွန်ုပ်ကိုလွှမ်းမိုးသောအခါ ကိုယ်တော်သည် အကျွန်ုပ်တို့ကျူးလွန်သော အပြစ်များကို ဖြေလွှတ်တော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်တို့၏ဒုစရိုက်များကို ရှေ့တော်၌လည်းကောင်း၊ အကျွန်ုပ်တို့ဝှက်ထားသောအပြစ်များကို မျက်နှာတော်၏အလင်း၌လည်းကောင်း ချထားတော်မူ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား “ငါရှိရာ တောင်ပေါ်သို့တက်လာ၍ ထိုနေရာ၌နေလော့။ လူတို့ကို သွန်သင်ရန် ငါအက္ခရာတင်ထားသည့် တရားတော်၊ ပညတ်တော်ပါရှိသောကျောက်ပြားတို့ကို သင့်အား ငါပေးမည်”ဟု မိန့်တော်မူ၏။
နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုသောသူသည် မိမိအပေါ်မိမိ ပျက်စီးခြင်းကိုသက်ရောက်စေလိမ့်မည်။ ပညတ်တော်ကိုရိုသေသောသူမူကား ဆုလာဘ်ကိုရရှိလိမ့်မည်။
အကျွန်ုပ်တို့အားလုံးသည် မစင်ကြယ်သောသူကဲ့သို့ဖြစ်ကြ၏။ အကျွန်ုပ်တို့၏ဖြောင့်မတ်သောလုပ်ဆောင်မှုရှိသမျှသည်လည်း ညစ်ပေသောအဝတ်နှင့်တူကြပါ၏။ အကျွန်ုပ်တို့အားလုံးသည် သစ်ရွက်ကဲ့သို့ညှိုးနွမ်း၍ အကျွန်ုပ်တို့၏ဒုစရိုက်များသည်လည်း လေကဲ့သို့ အကျွန်ုပ်တို့ကို တိုက်ချ၏။
စိတ်နှလုံးသည် အရာအားလုံးထက် စဉ်းလဲ၏။ ကုသ၍မရသောရောဂါဖြစ်၏။ စိတ်နှလုံးသဘောကို မည်သူနားလည်နိုင်သနည်း။
အကြောင်းမူကား ငါသည် ကိုယ့်ကိုယ်ကိုယ်စိတ်လုံ၏။ သို့သော် ထိုသို့ဖြစ်သည့်အတွက် ငါသည် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်မဟုတ်။ ငါ့ကိုစစ်ဆေးစီရင်တော်မူသောအရှင်ကား သခင်ဘုရားပေတည်း။
ငါ့ကိုကြောက်ရွံ့၍ ငါ၏ပညတ်တော်အလုံးစုံကို အစဉ်အမြဲစောင့်ထိန်းမည့်စိတ်သဘော သူတို့၌ ရှိမည်ဆိုလျှင် သူတို့နှင့်သူတို့၏သားမြေးတို့သည် အစဉ်ကောင်းစားလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာစောင့်ထိန်းရမည်။ လက်ယာဘက်၊ လက်ဝဲဘက်သို့ လွှဲမသွားရ။
ဒုတိယအခန်းထဲသို့မူကား ယဇ်ပုရောဟိတ်မင်းတစ်ပါးတည်းသာ တစ်နှစ်တစ်ကြိမ်ဝင်လေ၏။ ထိုသို့ဝင်သောအခါ မိမိအတွက်လည်းကောင်း၊ လူတို့မသိနားမလည်၍ကျူးလွန်မိသောအပြစ်များအတွက်လည်းကောင်း ပူဇော်သည့်သွေးမပါဘဲဝင်ခြင်းမရှိ။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။