သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ဆာလံ 18:8 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးထွက်၍ ခံတွင်းတော်ထဲမှ မီးတောက်ထွက်လာ၏။ ထိုမီးတောက်ကြောင့် မီးခဲတို့သည် တောက်လောင်ကြ၏။ Common Language Bible ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။ Garrad Bible နှာ တော် မှ အ ခိုး ထွက် လျက်၊ နှုတ် တော် မှ မီး လျှံ လည်း ကျွမ်း လောင် လျက်၊ မီး သွေး များ ကို တောက် ငြိ စေ ၏။ Judson Bible နှာခေါင်းတော်ထဲက မီးခိုးထွက်၍၊ နှုတ်တော်ထဲက မီးလောင်သောအားဖြင့်၊ မီးခဲတောက်လေ၏။ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
ခံတွင်းထဲမှ မီးရှူးမီးပန်းများ ဖြာထွက်လာတတ်၏။ မီးပွားများ လွင့်ထွက်လာတတ်၏။
ကိုယ်တော်သည် ကမ္ဘာမြေကြီးကို စေ့စေ့ကြည့်တော်မူသောအခါ ၎င်းသည် တုန်လှုပ်၏။ တောင်များကိုတို့ထိတော်မူသောအခါ ၎င်းတို့မှ မီးခိုးထွက်ကြ၏။
ကိုယ်တော်သည် မီးခဲတို့ကို ဆိုးယုတ်သောသူတို့အပေါ် ရွာကျစေတော်မူလိမ့်မည်။ မီး၊ ကန့်နှင့် ပူလောင်သောလေသည် သူတို့ခွက်ဖလားအတွက် ဝေစုဖြစ်လိမ့်မည်။
ကိုယ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ကိုယ်တော်သည် သူတို့ကို တောက်လောင်နေသောမီးပြင်းဖိုကဲ့သို့ ဖြစ်စေတော်မူလိမ့်မည်။ ထာဝရဘုရားသည် အမျက်တော်ဖြင့် သူတို့ကိုဝါးမျိုလိမ့်မည်။ မီးသည် သူတို့ကိုလောင်ကျွမ်းလိမ့်မည်။
ငါတို့၏ဘုရားသခင်သည် ကြွလာတော်မူမည်။ ကိုယ်တော်သည် တိတ်ဆိတ်စွာနေတော်မူမည်မဟုတ်။ ကိုယ်တော်၏ရှေ့တော်၌ ဝါးမျိုတတ်သောမီးရှိ၍ ကိုယ်တော်၏ပတ်လည်၌ ပြင်းထန်သောမုန်တိုင်းရှိ၏။
အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။ ကိုယ်တော်၏အမျက်တော်သည် ကိုယ်တော်၏စားကျက်မှသိုးစုအပေါ် အဘယ်ကြောင့်တငွေ့ငွေ့လောင်တော်မူသနည်း။
ကောင်းကင်ပြတင်းပေါက်တို့သည်ပွင့်၍ မြေကြီးအုတ်မြစ်တို့သည် တုန်ခါလေပြီ။ ကြောက်မက်ဖွယ်ရာအသံကြောင့် ထွက်ပြေးသောသူသည် မြေတွင်းထဲသို့ကျလိမ့်မည်။ မြေတွင်းထဲမှတက်လာသောသူသည် ကျော့ကွင်း၌မိလိမ့်မည်။
မီးမြစ်တစ်စင်းသည် ရှေ့တော်မှ စီးထွက်၏။ အထောင်ထောင်သောလူတို့သည် အမှုတော်ကို ထမ်းကြ၏။ အသောင်းသောင်းသောလူတို့သည် ရှေ့တော်တွင် ရပ်လျက်နေ၏။ တရားစီရင်ချိန်ကျရောက်သဖြင့် စာအုပ်များကို ဖွင့်ထား၏။
ထို့ကြောင့် ထာဝရဘုရားထံတော်မှ မီးထွက်လာ၍ သူတို့ကိုလောင်ကျွမ်းသဖြင့် သူတို့သည် ထာဝရဘုရားရှေ့တော်၌ သေကြလေ၏။
“သောဒုံမြို့နှင့် ဂေါမောရမြို့ကို ဘုရားသခင် ဖျက်ဆီးပစ်သကဲ့သို့ သင်တို့ကို ငါဖျက်ဆီးပစ်၏။ သင်တို့သည် မီးထဲမှ ဆွဲထုတ်လိုက်သောထင်းစကဲ့သို့ဖြစ်ခဲ့ရ၏။ ထိုသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ ပြန်မလာကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
လူတို့သည် မိမိတို့ခံရသောဆင်းရဲဒုက္ခအကြောင်းကို ထာဝရဘုရားကြားသိအောင် ညည်းညူကြ၏။ ထာဝရဘုရားကြားတော်မူသောအခါ အမျက်ထွက်၍ သူတို့အလယ်တွင် ထာဝရဘုရား၏မီးတောက်လောင်လေ၏။ ထိုမီးသည် တပ်စခန်း၏အစွန်အဖျားကို လောင်ကျွမ်းသဖြင့်
ထာဝရဘုရားထံတော်မှလည်း မီးထွက်လာ၍ နံ့သာပေါင်းပူဇော်နေသော လူအယောက်နှစ်ရာ့ငါးဆယ်တို့ကို လောင်ကျွမ်းလေ၏။
ထာဝရဘုရားသည် ထိုသူကို ခွင့်လွှတ်တော်မူမည်မဟုတ်။ အကယ်စင်စစ် ထာဝရဘုရား၏အမျက်တော်၊ သဝန်တိုစိတ်သည် ထိုသူကို တငွေ့ငွေ့လောင်ကျွမ်းမည်။ ဤကျမ်း၌ရေးသားထားသောကျိန်ခြင်းရှိသမျှတို့သည် သူ့အပေါ်သို့ ကျရောက်မည်။ ထာဝရဘုရားသည် သူ၏အမည်ကို မိုးကောင်းကင်အောက်မှ ပယ်ဖျက်တော်မူမည်။
တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက သူတို့၏ခံတွင်းထဲမှ မီးထွက်လာ၍ သူတို့၏ရန်သူများကို လောင်ကျွမ်းစေမည်ဖြစ်၏။ တစ်စုံတစ်ယောက်သည် သူတို့ကိုအန္တရာယ်ပြုလိုပါက ထိုသူသည် ထိုနည်းအတိုင်းအသေသတ်ခြင်းခံရမည်ဖြစ်၏။