တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
ဆာလံ 148:4 - မြန်မာ့စံမီသမ္မာကျမ်း အမြင့်ဆုံးသောကောင်းကင်နှင့် ကောင်းကင်အထက်မှရေများတို့၊ ကိုယ်တော်ကို ချီးမွမ်းကြလော့။ Common Language Bible ကောင်းကင်ဘဝဂ်နှင့်ကောင်းကင်အထက်ရှိ ရေများ တို့၊ ကိုယ်တော်အားထောမနာပြုကြလော့။ Garrad Bible ကောင်း ကင် အ ထပ် ထပ် နှင့် မိုး ကောင်း ကင် အ ထက် ရှိ ရေ များ တို့၊ ချီး မွမ်း ကြ လော့။ Judson Bible ကောင်းကင်အထပ်ထပ်နှင့် ကောင်းကင်ပေါ်မှာ ရေများတို့၊ ချီးမွမ်းကြလော့။ |
တစ်ဖန် ဘုရားသခင်က “ရေအလယ်၌ မိုးမျက်နှာကြက်ဖြစ်စေ။ မိုးမျက်နှာကြက်သည် ရေနှင့်ရေကိုပိုင်းခြားစေ”ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် မိုးမျက်နှာကြက်ကို ဖန်ဆင်းတော်မူ၍ မိုးမျက်နှာကြက်အောက်၌ရှိသောရေနှင့် မိုးမျက်နှာကြက်အပေါ်၌ရှိသောရေကို ပိုင်းခြားတော်မူရာ ထိုအတိုင်းဖြစ်လေ၏။
နောဧအသက်ခြောက်ရာပြည့်သောနှစ်၊ ဒုတိယလ၊ တစ်ဆယ့်ခုနစ်ရက်နေ့၊ ထိုနေ့၌ ကြီးမားနက်ရှိုင်းရာအရပ်မှ ရေထွက်ပေါက်ရှိသမျှတို့ကို ဖွင့်ချ၍ မိုးကောင်းကင်ရေတံခါးများကို ဖွင့်တော်မူသဖြင့်
အကယ်စင်စစ် ဘုရားသခင်သည် ဤမြေကြီးပေါ်တွင် ကိန်းဝပ်တော်မူမည်လော။ ကြည့်ရှုလော့။ ကောင်းကင်သာမက အမြင့်ဆုံးသောကောင်းကင်ကြီးပင် ကိုယ်တော်နှင့်မဆံ့နိုင်ပါ။ သို့ဖြစ်၍ အကျွန်ုပ်ဆောက်ထားသောဤအိမ်တော်ကား အဘယ်ဆိုဖွယ်ရာရှိပါလိမ့်မည်နည်း။
အကျွန်ုပ်တို့၏ဘုရားသခင်သည် ဘုရားတကာတို့ထက်ကြီးမြတ်သောဘုရား ဖြစ်တော်မူသောကြောင့် အကျွန်ုပ်ဆောက်လုပ်ရမည့်အိမ်တော်သည်လည်း ကြီးမြတ်ရပါလိမ့်မည်။
ကိုယ်တော်တစ်ပါးတည်းသာလျှင် ထာဝရဘုရားဖြစ်တော်မူ၏။ ကိုယ်တော်သည် မိုးကောင်းကင်၊ အမြင့်ဆုံးသောကောင်းကင်နှင့်ကောင်းကင်တန်ဆာအားလုံး၊ မြေကြီးနှင့်မြေကြီးတန်ဆာအားလုံး၊ ပင်လယ်နှင့်ပင်လယ်တန်ဆာအားလုံးကို ဖန်ဆင်းတော်မူ၍ ထိုအရာအားလုံးကိုလည်း အသက်ရှင်စေတော်မူ၏။ ကောင်းကင်ဗိုလ်ခြေတို့သည် ကိုယ်တော်ကိုရှိခိုးကိုးကွယ်ကြပါ၏။
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
မည်သူသည် မိမိကိုယ်ကိုကိုင်းညွတ်လျက် ကောင်းကင်နှင့်မြေကြီးကို ကြည့်ရှုသနည်း။
ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
အကယ်စင်စစ် ဘုရားသခင်သည် ဇိအုန်ကိုကယ်တင်၍ ယုဒပြည်ရှိမြို့များကို ပြန်လည်တည်ဆောက်တော်မူလိမ့်မည်။ ထိုအခါ သူတို့သည် ထိုအရပ်တွင်နေထိုင်လျက် ၎င်းကိုပိုင်ဆိုင်ကြလိမ့်မည်။
လွန်ခဲ့သောတစ်ဆယ့်လေးနှစ်က တတိယကောင်းကင်တိုင်အောင် ချီဆောင်ခြင်းခံရသည့် ခရစ်တော်၌တည်သောလူတစ်ဦးကို ငါသိ၏။ သူသည် ကိုယ်ခန္ဓာပါလျက် ချီဆောင်ခြင်းခံရသလော၊ သို့မဟုတ် ကိုယ်ခန္ဓာမပါဘဲ ချီဆောင်သွားခြင်းခံရသလော ငါမသိ။ ဘုရားသခင်သိတော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်နှင့် အမြင့်ဆုံးမိုးကောင်းကင်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီး၌ရှိသောအရာအားလုံးကိုလည်းကောင်း ပိုင်ဆိုင်သောအရှင်ဖြစ်သော်လည်း