ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ဆာလံ 145:12 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် ကိုယ်တော်၏အစွမ်းတန်ခိုးတော်များနှင့် ကိုယ်တော့်နိုင်ငံ၏ဘုန်းအသရေခန့်ညားထည်ဝါမှုကို လူသားတို့အား သိမြင်စေကြပါလိမ့်မည်။ Common Language Bible ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။ Garrad Bible တန် ခိုး ကြီး သော အ မှု တော် များ ကို လည်း ကောင်း၊ နိုင် ငံ တော်၏ ဘုန်း အ သ ရေ ကို လည်း ကောင်း၊ လူ့ သား တို့ သိ သာ ကြ ပါ လိမ့် မည်။ Judson Bible တန်ခိုးပါသောအမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့အား ဖော်ပြကြပါ၏။ |
ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း၍ နာမတော်ကိုခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတို့ကို လူမျိုးတကာတို့အား ကြားသိစေကြလော့။
ကိုယ်တော်၏အစေအပါး အာဗြဟံ၏အမျိုးအနွယ်၊ ကိုယ်တော်ရွေးကောက်တော်မူသော ယာကုပ်၏သားသမီးတို့၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကိုလည်းကောင်း၊ ပြုတော်မူသောတန်ခိုးလက္ခဏာများနှင့် နှုတ်တော်ထွက်စီရင်ထုံးဖွဲ့ချက်တို့ကိုလည်းကောင်း အောက်မေ့ကြလော့။
ထာဝရဘုရား၏အစွမ်းတန်ခိုးတော်များအကြောင်းကို မည်သူထုတ်ဖော်ပြောဆိုနိုင်မည်နည်း။ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို မည်သူဖော်ပြနိုင်မည်နည်း။
ကိုယ်တော်သည် လူမျိုးခြားတို့၏အမွေကို မိမိ၏လူမျိုးတော်အား ပေးတော်မူခြင်းဖြင့် မိမိပြုသောအမှုတို့၏တန်ခိုးကို သူတို့အားဖော်ပြတော်မူ၏။
ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
ထိုအခါ ယေရှုသည် သူတို့ထံသို့ချဉ်းကပ်၍“ကောင်းကင်နှင့်မြေကြီးပေါ်၌ ရှိသမျှသောအခွင့်အာဏာတို့ကို ငါ့ထံပေးအပ်တော်မူပြီ။
ထို့နောက် ကောင်းကင်မှကျယ်လောင်သောအသံက “ငါတို့ဘုရားသခင်၏ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ကိုယ်တော်၏ခရစ်တော်၌ရှိသောအာဏာစက်တို့သည် ယခုပေါ်ထွန်းလေပြီ။ အကြောင်းမူကား ငါတို့၏ညီအစ်ကိုများကိုစွပ်စွဲသောသူတည်းဟူသော ငါတို့ဘုရားသခင်၏ရှေ့တော်၌ နေ့ရောညပါ သူတို့ကိုစွပ်စွဲသောသူသည် ပစ်ချခြင်းခံရလေပြီ။